သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု စွဲချက်နဲ့ အီရတ် ဒုက္ခသည်နှစ်ဦးကို ကန် ဖမ်းဆီး


ဝါရှင်တန်ဒီစီမြို့တော်က သမ္မတ အိမ်ဖြူတော်။
ဝါရှင်တန်ဒီစီမြို့တော်က သမ္မတ အိမ်ဖြူတော်။

အီရတ်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို အခြေချနေထိုင်ဖို့ ရောက်နေတဲ့ ဒုက္ခသည်နှစ်ယောက်ကို အကြမ်းဖက်ဝါဒကိုင်စွဲတာနဲ့ ဆက်စပ်တဲ့ စွဲချက်တွေနဲ့ အမေရိကန်တာဝန်ရှိသူတွေက ဖမ်းလိုက်ပါတယ်။ ဒါကြောင့်လည်း အရှေ့အလယ်ပိုင်း စစ်ဒဏ်သင့်နေတဲ့ဒေသတွေက ဒုက္ခသည် ထောင်ပေါင်းများစွာ ကို လက်ခံမယ့် သမ္မတအိမ်ဖြူတော်ရဲ့ အစီအစဉ်အပေါ် ဝေဖန် တာတွေ ပြန်ထွက် လာပါတယ်။

အခုဖမ်းလိုက်တဲ့လူ နှစ်ယောက်လုံးဟာ အီရတ်နိုင်ငံက ပါလက်စတိုင်း လူမျိုးတွေဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ ရောက်နေ တာ နှစ်အတော်ကြာနေပြီ လို့ တာဝန်ရှိသူတွေကပြောပါတယ်။ သူတို့ တယောက်နဲ့တယောက်နဲ့ အဆက်အသွယ် လုပ်ထားတာ တွေ ရှိနိုင်ပေမဲ့လည်း တိုက်ခိုက်မှုတခုခုလုပ်ဖို့ ကြံစည်နေတဲ့ ပုံမျိုးတော့ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

အသက် ၂၃ နှစ်အရွယ် Aws Mohammed Younis Al-Jayab ကို ကာလီဖိုးနီးယားပြည်နယ်၊ Scarmento မြို့မှာ ကြာသပတေးနေ့က ဖမ်း လိုက်တယ်လို့ အမေရိကန် တရားရေးဌာနကပြောပါတယ်။ နိုင်ငံတကာ အကြမ်းဖက် ဝါဒနဲ့ ပတ်သက်လို့ လိမ်လည် ပြောဆိုတယ်ဆိုပြီး သူ့အပေါ် စွဲချက်တင်ထားပါတယ်။

Al-Jayab ဟာ ၂၀၁၂ ခုနှစ်မှာ ဆီးရီးယားကနေ ဒုက္ခသည်အဖြစ် အမေရိကန်ပြည်ထောင်စု ကို ရောက် လာတာပါ။ ဆီးရီးယားကို သူသွားခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို လိမ်ပြောခဲ့တယ်လို့ သူ့ကိုစွပ်စွဲ ထားပါတယ်။ လူမှုဆက်သွယ်ရေး ကွန်ယက်တွေမှာ တင်ထားတာတွေ အရ သူဟာ ဆီးရီးယားမှာ Ansar al-Islam အဖွဲ့အပါအဝင် အစွန်း ရောက်ဝါဒီတွေနဲ့ အတူတွဲပြီး တိုက်ခိုက်ခဲ့တယ်ဆိုတာ တွေ့ရပါတယ်။

အသက် ၂၄ နှစ်အရွယ် Omar Faraj Saeed Al-Hardan ကိုတော့ တက္ကဆက်စ်ပြည် နယ် ဟူစတန်မြို့မှာ ဖမ်းလိုက်တာပါ။ သူကတော့ IS အဖွဲ့ကို လေ့ကျင့်ရေး၊ ကျွမ်းကျင်မှုအကြံဉာဏ် တွေနဲ့ အထောက်အပံ့တွေအပါအဝင် ရုပ်ပိုင်းဆိုင်ရာ အကူအညီတွေပေးဖို့ ကြိုးစားတယ်ဆိုပြီး စွပ်စွဲထားပါတယ်။

XS
SM
MD
LG