သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကာမကင်းမှုနဲ့ ယီမင်လူမျိုး ၂ ယောက် ဒတ်ချ်လေဆိပ်မှာ အဖမ်းခံရ


သင်္ကာမကင်းမှုနဲ့ ယီမင်လူမျိုး ၂ ယောက် ဒတ်ချ်လေဆိပ်မှာ အဖမ်းခံရ
သင်္ကာမကင်းမှုနဲ့ ယီမင်လူမျိုး ၂ ယောက် ဒတ်ချ်လေဆိပ်မှာ အဖမ်းခံရ

အမ်မ်စတာဒမ်လေဆိပ်မှာ ဖမ်းဆီးလိုက်တဲ့ ယီမင်နွယ်ဖွား လူ ၂ ယောက်ကို ဒတ်ချ်ရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။ အမေရိကန် ပြည်ထောင်စုကနေ လေယာဉ်နဲ့ ရောက်လာတဲ့ အဲဒီလူ ၂ ယောက်ရဲ့ ခရီးဆောင်အိတ်တွေထဲမှာ မသင်္ကာဖွယ်ရာ ပစ္စည်းတွေ တွေ့ပြီးတဲ့နောက် သူတို့ကို ဖမ်းထားတာပါ။

အဲဒီလူ ၂ ယောက်ဟာ အာမက်ဒ် မိုဟာမက်ဒ် နက်ဆာ အယ်လ်-ဆူးဖီနဲ့ ဟက်ဇ်မန် အယ်လ်-မူရီဆီတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့ကနေ ပျံသန်းသွားတဲ့ United Airlines လေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်နဲ့ တနင်္ဂနွေနေ့ညက အမ်မ်စတာဒမ်ကို ရောက်သွားတာ ဖြစ်ပါတယ်။

ဒီလူတွေဟာ အကြမ်းဖက် တိုက်ခိုက်မယ့် အစီအစဉ် တခုအတွက် “dry run” လို့ဆိုတဲ့ ကြိုပြီး စမ်းကြည့်တာမျိုး လုပ်တာ ဖြစ်မယ်လို့ တာဝန်ရှိသူတွေက ယုံကြည်ကြပါတယ်။

အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ သူတို့ကို စွပ်စွဲထားတယ်လို့ ABC ရုပ်သံ သတင်းဌာနက ပြောပေမဲ့ တရားဝင် အတည်ပြုချက်တော့ မထွက်သေးပါဘူး။

အယ်လ်-ဆူးဖီရဲ့ ခရီးဆောင်အိတ်ထဲမှာ ဒေါ်လာငွေ ၇၀,၀၀၀ နဲ့အတူ လက်ကိုင်ဆဲလ်ဖုန်းတွေနဲ့ လက်ပတ်နာရီတွေ တွဲပြီး တိပ်နဲ့ချည်ထားတာကို အမေရိကန်တောင်ပိုင်း၊ အယ်လာဘားမားပြည်နယ်၊ ဘာမင်ဂမ်မြို့ လေဆိပ် အာဏာပိုင်တွေက တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ သူက ဘယ်လို ဥပဒေ ချိုးဖောက်တာမျိုးမှ မရှိတဲ့အတွက် ချီကာဂို လေဆိပ်ကနေ ထွက်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG