သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hajj ဘုရားဖူး နှစ်သန်းကျော် စုဝေး


Hajj ဘုရားဖူး နှစ်သန်းကျော် စုဝေး (စက်တင်ဘာလ ၂၀ ရက်၊ ၂၀၁၅)
Hajj ဘုရားဖူး နှစ်သန်းကျော် စုဝေး (စက်တင်ဘာလ ၂၀ ရက်၊ ၂၀၁၅)

အစ္စလာမ်ဘာသာဝင်တွေရဲ့ နှစ်စဉ် Hajj ဘုရားဖူးခရီးထွက်ကြသူ ၂ သန်းကျော်ဟာ ဆော်ဒီအာရေဗျနိုင်ငံကိုရောက်ရှိနေပြီး Moun Arafat တောင်ကြားမှာ သွားရောက်ပြီး တရက်ကြာ ဝတ်ပြုဆုတောင်းကြပါတယ်။

အဲဒီနေရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်က တမန်တော်မိုဟာမက် နောက်ဆုံးအကြိမ် တရားဟောသွားခဲ့တယ်နေရာလို့ မှတ်ယူရပါတယ်။ အဲဒီမှာ တမန်တော်မိုဟာမက်က မွတ်စလင်တွေကို စည်းလုံညီညွတ်ကြဖို့ နဲ့ တန်းတူညီမျှဖို့ အတွက်တောင်းဆိုခဲ့ပါတယ်။

၅ ရက်ကြာကျင်းပတဲ့ Hajj ဘုရားဖူခရီးစဉ်ကို အင်္ဂါနေ့မှာ စတင်ပြီး ဘုရားဖူးတွေဟာ ကမ္ဘာတဝှမ်းက မွတ်စလင်တွေအားလုံး ဦးတည်ဝတ်ပြုတဲ့ မက်ကာရဲ့ Grand ပလီထဲက Kaaba အမည်းရောင် လေးထောင့် အဆောက်အအုံကိုပတ်ခဲ့ကြပါတယ်။ အဲဒီကနေ အာရာဖတ်တောင်ကို မသွားခင် ဘုရားဖူးတွေဟာ Mina ကို သွားရောက်ကြပါတယ်။ အစ္စလာမ်ဘာသာအရ၊ မွတ်စလင်တိုင်းဟာ တသက်မှာ တခါ Hajj ဘုရားဖူးခရီးသွားကြရပါတယ်။ Hajj ဘုရားဖူးခရီးဟာ အစ္စလာမ်ဘာသာရဲ့ အဓိက ဘာသာရေးယုံကြည်မှု မဏ္ဍိုင်ကြီး ငါးခုထဲက တခုပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဘုရားသခင်နဲ့ တမန်တော် မိုဟာမတ်အပေါ် အကြွင်းမဲ့ယုံကြည်မှု၊ Kaaba ရှိရာအရပ်ကို ဦးတည်ပြီး တနေ့ ငါးကြိမ် ဝတ်ပြုဖို့၊ နှစ်စဉ် အလှူအတန်းပေးဖို့ နဲ့ Ramadan ဥပုဟ်ရာသီမှာ သီလဆောက်တည်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

XS
SM
MD
LG