သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်ဗုံးခွဲတိုက်ခိုက်မှု နောက်ထပ် ဖမ်းဝရမ်းတွေထုတ်


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဧရာဝဏ်နတ်ကွန်းဗုံးခွဲမှုအတွက် ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားတဲ့ သံသယရှိသူနှစ်ဦးရဲ့ ကောက်ကြောင်းရုပ်ပုံ။ (သြဂုတ် ၃၁၊ ၂၀၁၅)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဧရာဝဏ်နတ်ကွန်းဗုံးခွဲမှုအတွက် ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားတဲ့ သံသယရှိသူနှစ်ဦးရဲ့ ကောက်ကြောင်းရုပ်ပုံ။ (သြဂုတ် ၃၁၊ ၂၀၁၅)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ဧရာဝဏ်နတ်ကွန်းအနီး လွန်ခဲ့တဲ့သီတင်းနှစ်ပတ်လောက်က လူ ၂၀ ကျော်သေဆုံးခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ရဲအရာရှိတွေက တိုက်ခန်းတခုကို ဝင်ရောက် ရှာဖွေခဲ့တာမှာ ဗုံးလုပ်တဲ့ ဖောက်ခွဲရေးပစ္စည်းတချို့ကို ရှာတွေ့ခဲ့တဲ့အကြောင်းနဲ့ မသင်္ကာသူ အသက် ၂၆ နှစ်အရွယ် ထိုင်းအမျိုးသမီးနဲ့ နိုင်ငံခြားသား အမျိုးသားတဦးတို့ကို နောက်ထပ် ဖမ်းဝရမ်း ထုတ်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ခေါင်းမှာ Hijab ပုဝါ ပတ်ထားတဲ့ Wanna Suansan ဆိုသူနဲ့ အမည်ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသားတဦးရဲ့ ပုံကြမ်းတခုတို့ကို ထိုင်းနိုင်ငံအတွင်းက ရုပ်မြင်သံ အသံလွှင့်ဌာနတွေက နေ့လယ်မွန်းတည့်ချိန်မှာ အထူးအစီအစဉ်အဖြစ် ထုတ်လွှင့် ပြသခဲ့ပါတယ်။

တနင်္ဂနွေနေ့တုန်းက တိုက်ခန်းတခုကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေအပြီးတဲ့အချိန် အစောပိုင်းမှာ မသင်္ကာစရာ ဘာမှမရှိဘူးလို့ရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောဆိုအပြီး ရဲတပ်ဖွဲ့က အမည်နဲ့တကွ ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ Min Buri ခရိုင်က တိုက်ခန်းတခုထဲမှာ လက်လုပ်ဗုံးလုပ်ရာမှာသုံးတဲ့ ယမ်းမှုန့်တွေ၊ ယူရီးယား ဓာတ်မြေသြဇာ နဲ့ ဒစ်ဂျစ်တယ် နာရီတွေကို ရှာတွေ့ခဲ့တဲ့အကြောင်း နိုင်ငံတော်ရဲအရာရှိချုပ် Prawuth Thavornsiri က ဒီကနေ့ တနင်္လာနေ့မှာ ပြောဆိုခဲ့တာပါ။ ဒီလို ယူရီးယား ဓာတ်မြေသြဇာနဲ့ ယမ်းမှုန့်တွေကို ဗုံးလုပ်ဖို့မဟုတ်ဘဲနဲ့တော့ ဘယ်သူကမှ ဒီနေရာမှာ ထားမှာမဟုတ်တာကြောင့် ဒီပစ္စည်းတွေဟာ ဗုံးလုပ်ဖို့ သုံးတဲ့ပစ္စည်းတွေပဲ ဖြစ်တယ်လို့ မစ္စတာ Prawuth က ပြောပါတယ်။

စနေနေ့တုန်းက နိုင်ငံခြားသားတဦးကို ဖမ်းဆီးရမိပြီးတဲ့နောက် ဗုံးဖောက်ခွဲမှုမှာ ပါဝင်ပတ်သက်သူတွေကို သတင်းပေးနိုင်တဲ့သူကို ဆုငွေ ဘတ် ၃ သန်းနဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၈၃,၀၀၀ ကို သူတို့ကိုယ် သူတို့ ဆုပြန်ချလိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

XS
SM
MD
LG