မြန်မာနိုင်ငံ ချင်းပြည်နယ်အတွင်းက နတ်မားတောင်နဲ့ ကချင်ပြည်နယ် အတွင်းက အင်းတော်ကြီးကန်တို့ကို UNESCO အဖွဲ့က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာတွေအဖြစ် သတ်မှတ်ဖို့ ဦးစားပေးအဆင့်ထဲမှာ ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ တကယ်လို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံရမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ပထမဆုံး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံရမှာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ကုလသမဂ္ဂ ပညာ၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ - UNESCO က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်သတ်မှတ်တဲ့အထဲ သဘာဝယဉ်ကျေးမှု၊ ဗိသုကာဆိုင်ရာ ယဉ်ကျေးမှုနဲ့ သဘာဝနဲ့ ဗိသုကာ နှစ်ခုပေါင်း ယဉ်ကျေးမှုဆိုပြီး ၃ မျိုး ၃ စား သတ်မှတ်လေ့ရှိတဲ့အထဲက သဘာဝယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ဖို့ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်က နေရာ ၂ ခုကို ဦးစားပေး စဉ်းစားတဲ့အထဲ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီ နေရာ နှစ်ခုစလုံးကို UNESCOက ကိုယ်စားလှယ်တွေ အရင် သွားရောက်လေ့လာပြီးမှ တခုကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်မှာ ဖြစ်တယ်လို့ UNESCO – ရန်ကုန်ရုံး ယဉ်ကျေးမှုဌာနက Program အရာရှိ ဒေါက်တာ ဥမ္မာမျိုးက ပြောပါတယ်။
"အခုကာလမှာတော့ ကျမတို့က ဘာလုပ်မလဲဆိုလို့ရှိရင် UNESCO က ပညာရှင်တွေကိုခေါ်ပြီး အဲ့ဒီ့ဒေသ ၂ခုကို ဆိုက် Site Survey တွေ ဆင်းကြည့်ပါမယ်။ အဲ့တာက ဒီလကုန်နဲ့ နောက်လ ဧပြီထဲမှာ လုပ်ဖြစ်မှာပါ။ အဲ့လိုလုပ်ပြီးတော့ သူတို့က ဒီ Survey ဆင်းပြီး ကြည့်လာပြီးတော့မှ ဘယ် Site ကိုတော့ အရင်ဆင်းသင့်တယ်ဆိုတာ သူတို့သက်ဆိုင်ရာ ဝန်ကြီးဌာနကို အကြံညဏ်ပေး မှာပါရှင့်။ ဝန်ကြီးဌာနကပဲ ဆုံးဖြတ်ရမှာပေါ့။ ဒီကိစ္စက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန က ဆုံးဖြတ်ရမယ့်ကိစ္စပါ။
မေး။ ။ ဆိုတော့ ဒီ Process က ဘယ်အဆင့်ရောက်နေပြီလဲ ဆရာမ။ ဘယ်လောက်အထိ ကြာနိုင်မလဲခင်ဗျ။
" ကျမတို့က Tentative Lists တော့ တင်ပြီးသွားပြီ။ တင်ပြီးသွားပြီ ဆိုတဲ့အခါကျတော့ ဘယ်လောက်ကြာမလဲဆိုတာက Mission Associates တခုလုံးကို ရေးရမယ်ဆိုတော့ အချိန်ယူရပါလိမ့်မယ်။ ဥပမာ တခုပြောပြရမယ်ဆိုရင် ဂျပန်နိုင်ငံလို နိုင်ငံမှာ နည်းပညာပိုင်းရော ငွေကြေးပိုင်းရော ပညာရှင်ရော အကုန်ပြည့်စုံတဲ့ နိုင်ငံတောင်မှ ဖူဂျီတောင်ကို တင်တာ ဆယ်နှစ်အချိန်ယူပါတယ်ရှင့်။ အဲ့လိုမျိုးပါ။
ဒါပေမဲ့ ကျမတို့က ဒီမှာ အခုခန့်မှန်းထားတာပေါ့နော်။ သစ်တောဝန်ကြီးဌာနက ခန့်မှန်းထားတာ နှစ်နှစ်၊ သုံးနှစ်အတွင်း ဆိုက်တခုက Nominate လုပ်နိုင်အောင် ပြင်ဆင်နေပါတယ်ရှင့်။"
မြန်မာနိုင်ငံက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်လိုတဲ့ နေရာနဲ့ အဆောက်အဦးကိုတွေကို တင်ပြဖို့ နေပြည်တော်မှာ မြန်မာအစိုးရ သက်ဆိုင်ရာ ဌာနအသီးသီးက အရာရှိတွေနဲ့ UNESCO ကိုယ်စားလှယ်တွေ မတ်လ ၂၇ နဲ့ ၂၈ ရက်နေ့အကြား တွေ့ဆုံ ဆွေးနွေးကြပြီး အခုလို ဦးစားပေး အမည်စာရင်း ထွက်လာတာလဲ ဖြစ်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံအတွက် UNESCOကနေ ရှေးဟောင်းအမွေအနှစ်အဖြစ် ပထမဆုံးအကြိမ် သတ်မှတ်မှာဖြစ်ပါတယ်။ ရှေးဟောင်းအမွေအနှစ်ရှိတဲ့ တိုင်းပြည်အဖြစ် UNESCO က သတ်မှတ်ခံရပြီးရင်တော့ တိုင်းပြည်အတွက် အကျိုးမြတ်တွေ အများကြီး ရနိုင်တယ်လို့ ရှေးဟောင်းသုတေသနဌာန ဒုတိယညွန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောပါတယ်။
"အဲ့ဒီ့ဆိုက်တွေကို ရလာတဲ့အခါမှာ Regional မှာ Communityအတွက် အကျိုးအမြတ်တွေ အများကြီး ရနိုင်ပါတယ်။ အခွင့်အလမ်းတွေ တချိန်တည်းမှာပဲ ကျနော်တို့ရဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းဆောင်ရွက်တဲ့အခါမှာ ကျနော်တို့တင် မဟုတ်ဘူး။ နိုင်ငံတကာကနေ နည်းပညာ၊ ဘဏ္ဍာငွေကြေး ပူးပေါင်းဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတွေလည်း ပိုပြီးတော့ များလာမယ်လို့ ကျနော် နားလည်မိပါတယ်ခင်ဗျ။"
မြန်မာနိုင်ငံကအကျိုးအမြတ်တွေထဲ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ ငွေကြေးနဲ့ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့တွေ ရနိုင်သလို၊ တခြားနေရာတွေနဲ့ အတွေ့အကြုံ ဖလှယ်တာတွေအပြင် ကမ္ဘာလှည့်ခရီးသည်တွေလည်း ပိုပြီး ရောက်လာနိုင်ပါတယ်။
ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ဖို့ သက်ဆိုင်ရာ အစိုးရတွေနဲ့ UNESCO အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ကြတာဖြစ်ပေမယ့် ဘယ်နိုင်ငံက ဘယ်နေရာကို သတ်မှတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ အဖွဲ့ဝင် ၂၁ နိုင်ငံပါတဲ့ World Heritage Committee - ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ကော်မီတီက အစည်းဝေးထိုင်ပြီး ဆုံးဖြတ်တာ ဖြစ်ပါတယ်။