သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား တောင်ကိုရီးယားသံရုံး တိုက်ခိုက်မှု ၂ ဦးသေဆုံး


လစ်ဗျားနိုင်ငံ ထရီပိုလီမြို့က တောင်ကိုးရီးယား သံရုံးကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ သေနတ်သမားတွေက တိုက်ခိုက်ခဲ့တဲ့ အတွက် လစ်ဗျားလုံခြုံရေး အစောင့်နှစ်ဦးတို့ သေဆုံးခဲ့ရတယ်လို့ တောင်ကိုးရီးယားနဲ့ လစ်ဗျားတာဝန်ရှိသူတို့က ပြောပါတယ်။

သံရုံး အဆောက်အအုံဝင်းရှေ့က ဖြတ်သွားတဲ့ကားပေါ်ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံလုံခြုံရေး အစောင့်နှစ်ဦး သေဆုံးပြီး တခြား သူတွေလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တောင်ကိုးရီးယားသံရုံးမှာ အလုပ်လုပ်နေကြတဲ့သံတမန်နှစ်ဦးအပါအဝင် တောင်ကိုးရီးယာသုံးဦးတို့တော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရက ပြောပါတယ်။ လစ်ဗျားက တောင်ကိုးရီးယားသံတမန်တွေကို ဌာနေပြန်ခေါ်ဖို့ အစိုးရကစဉ်းစားနေတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။

XS
SM
MD
LG