သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်အားကြီး တိုင်ဖုံးမုန်တိုင်း တရုတ်ကုန်းတွင်း ဝင်ရောက်


တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်၊ Wenling နားက မုန်တိုင်းကြောင့်တက်လာတဲ့ လှိုင်းလုံးတွေကို တွေ့ရစဉ်။ (ဇူလိုင် ၁၀၊ ၂၀၁၅)
တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်၊ Wenling နားက မုန်တိုင်းကြောင့်တက်လာတဲ့ လှိုင်းလုံးတွေကို တွေ့ရစဉ်။ (ဇူလိုင် ၁၀၊ ၂၀၁၅)

အင်အားပြင်း ချန်ဟွန်း (Chan-hom) ဧရာမတိုင်ဖုန်းမုန်တိုင်းကြီးဟာ တရုတ်နိုင်ငံ အရှေ့ဘက်ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

တစ်နာရီကို ကီလိုမီတာ ၁၆၀ နှုန်းနဲ့ ချန်ဟွန်းတိုင်ဖုန်းမုန်တိုင်းဟာ စနေနေ့ နေ့ခင်းက ဇီဂျန်းပြည်နယ် ဇောင်ရှန်းမြို့ကို ဝင်ရောက် တိုက်ခတ်ခဲ့တာပါ။ ထိခိုက်ပျက်စီးမှုတွေနဲ့ ပတ်သက်လို့တော့ လတ်တလော မသိရသေးပါဘူး။

chan-hom
chan-hom

နိုင်ငံပိုင်မိုးလေဝသဌာနကတော့ အခုဝင်ရောက်လာတဲ့ မုန်တိုင်းဟာ ဒီဒေသမှာ ကြုံခဲ့ဖူးတဲ့ အင်အားအပြင်းဆုံး မုန်တိုင်းတွေထဲက တခု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဇီဂျန်းပြည်နယ် ကမ်းခြေဒေသတွေက လူပေါင်း ၈ သိန်း ၆ သောင်း ၅ ထောင်လောက်ကိုလည်း ဘေးကင်းရာဆီ ရွှေ့ပြောင်းထားပြီး သင်္ဘော ၃ သောင်းနီးပါးကိုလည်း ဆိပ်ကမ်းကို ပြန်လာကြဖို့ ညွှန်ကြားထားတဲ့အကြောင်း တရုတ်အာဏာပိုင်တွေက ပြောဆိုပါတယ်။

chan-hom
chan-hom

မုန်တိုင်းကြောင့် ဒေသတွင်းက လေယာဉ်၊ ရထားနဲ့ ဘတ်စ်ကား ခရီးစဉ် တော်တော်များများဟာလည်း နှောင့်နှေးမှုတွေနဲ့ ကြုံနေရပါတယ်။ မုန်တိုင်းဟာ တရုတ်နိုင်ငံကို မရောက်မီ ဂျပန်နဲ့ ဖိလစ်ပိုင်မြောက်ပိုင်းကို တိုက်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG