သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားပြင်း မုန်တိုင်း Koppu ဖိလစ်ပိုင် ဦးတည်


မိုးလေဝသအစီအစဉ်ကြေညာသူ Aldczar Aurelio က တိုင်ဖုံးမုန်တိုင်း Kouup အကြောင်း ခန့်မှန်းချက်ကို ပြောပြနေစဉ်။ (အောက်တိုဘာ ၁၇၊ ၂၀၁၅)
မိုးလေဝသအစီအစဉ်ကြေညာသူ Aldczar Aurelio က တိုင်ဖုံးမုန်တိုင်း Kouup အကြောင်း ခန့်မှန်းချက်ကို ပြောပြနေစဉ်။ (အောက်တိုဘာ ၁၇၊ ၂၀၁၅)

အားပြင်း တိုင်ဖုန်းမုန်တိုင်း Koppu ဟာ ဖိလစ်ပိုင်ကို ဦးတည်ပြီး တဖြေးဖြေး ရွေ့လျားလာနေတာမို့ Luzon ကျွန်းမကြီးမှာ ဆိုးဝါးတဲ့ ရေကြီးရေလျှံမှု ဖြစ်လာနိုင်သလို သည်းထန်တဲ့ မိုးရွာသွန်းမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါ့ကြောင့် အသက်ဆုံးရှုံးမှု နည်းပါးစေဖို့ ဖိလစ်ပိုင်အာဏာပိုင်တွေက လေကြောင်းခရီးစဉ်တွေကို စတင် ဖျက်သိမ်းနေပြီဖြစ်ပြီး ဒေသ တာဝန်ခံတွေကတော့ ကမ်းရိုးတမ်းဒေသတွေနဲ့ ရေကြီးပြီး မြေပြိုလေ့ရှိတဲ့ မြစ်ကမ်းတွေမှာ နေထိုင်သူတွေကို ဘေးလွတ်ရာကို အတင်း ရွှေ့ပြောင်းခိုင်းနေပါတယ်။ မုန်တိုင်းဟာ လေတိုက်ခတ်နှုံး တနာရီကို မိုင်တရာ့အစိတ်လောက်အထိ ပုံမှန် ပြင်းထန်စွာ တိုက်ခတ်နေတာပါ။

တိုင်ဖုံး Koppu ဟာ ဖိလစ်ပိုင်စံတော်ချိန် တနင်္ဂနွေနေ့ အစောပိုင်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီး၊ နောက်ရက်အတော်ကြာတဲ့အထိ ကျန်ရှိနေမှာဖြစ်သလိုမိုးရေချိန်က လက်မ ၂၀ ကျော်အထိ ရွာသွန်းနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ အခုလို မိုးများတဲ့အတွက် နောက်ဆက်တွဲ အန္တရာယ် အနေနဲ့ ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

မုန်တိုင်း Koppu ဟာ ဖိလစ်ပိုင်မြို့တော် မနီလာကို ဝင်ရောက်ဖို့မရှိဘဲ မြောက်ပိုင်းစွန်းက Luzon ဒေသတလွှား ဖြတ်ကျော်တိုက်ခိုက်မယ်လို့ မျှော်လင့်ရပါတယ်။ သမ္မတ Benigno Aquinoကတော့ ဒေသခံတွေကို မုန်တိုင်း အတွက် သတိပေးထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ တနှစ်ကို မုန်တိုင်း ၂၀ လောက် တိုက်ခတ်လေ့ရှိပြီး အများအားဖြင့် လူသေပျောက်မှု ရှိတတ်ပါတယ်။

XS
SM
MD
LG