သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအသင်း UAE ကို နိုင်ပြီး ဆီမီးဖိုင်နယ် တက်

Myanmar AFC U19 Soccer
1/9 Myanmar AFC U19 Soccer
အသေးစိတ် ဖတ်ရှုရန် Show less
Myanmar AFC U19 Soccer
2/9 Myanmar AFC U19 Soccer
အသေးစိတ် ဖတ်ရှုရန် Show less
Myanmar AFC U19 Soccer
3/9 Myanmar AFC U19 Soccer
အသေးစိတ် ဖတ်ရှုရန် Show less
မြန်မာ U 19 အသင်း အနိုင်ရ (သတင်းဓာတ်ပုံ- Hmuu Zaw FB- သမ္မတရုံး)
4/9 မြန်မာ U 19 အသင်း အနိုင်ရ (သတင်းဓာတ်ပုံ- Hmuu Zaw FB- သမ္မတရုံး)
အသေးစိတ် ဖတ်ရှုရန် Show less
Myanmar U-19 Soccer Team
5/9 Myanmar U-19 Soccer Team
အသေးစိတ် ဖတ်ရှုရန် Show less
AFC U 19
6/9 AFC U 19
အသေးစိတ် ဖတ်ရှုရန် Show less
Myanmar U-19 Soccer Team
7/9 Myanmar U-19 Soccer Team
အသေးစိတ် ဖတ်ရှုရန် Show less
Myanmar U-19 Soccer Team
8/9 Myanmar U-19 Soccer Team
အသေးစိတ် ဖတ်ရှုရန် Show less
AFC U-19 Championship (သတင်းဓာတ်ပုံ- http://www.the-afc.com)
9/9 AFC U-19 Championship (သတင်းဓာတ်ပုံ- http://www.the-afc.com)
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

အာရှအဆင့်ပြိုင်ပွဲကြီး တစ်ခုဖြစ်တဲ့ U 19 AFC Championship ပြိုင်ပွဲမှာ မြန်မာ ယူ ၁၉ အသင်း က UAE အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါပြီ။ ဒါကြောင့် အခုဆိုရင် အိမ်ရှင် မြန်မာအသင်းဟာ ဆီးမီးဖိုင်နယ် ၄ သင်း အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ဖြစ်ပါတယ်။ အခုလို ဆီးမီးဖိုင်နယ်အဆင့်ကို တက်ရောက် လာနိုင်တဲ့ မြန်မာအသင်းဟာ - ၂၀၁၅ ကျရင် နယူးဇီလန် နိုင်ငံမှာ ကျင်းပမယ့် ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း တိုက်ရိုက် ဝင်ရောက်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုဒီပွဲကို စောင့်ကြည့် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း ရဲ့သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြမှာပါ။

(အားကစားကွင်းအတွင်းမှ ကြွေးကြော်သံများ)

အခု ကြားခဲ့ရတဲ့ အသံတွေကတော့ မြန်မာ နဲ့ ယူအေအီး ပွဲကို အားပေးခဲ့တဲ့ အားကစားကွင်း ထဲက မြန်မာပရိသတ်တွေရဲ့အသံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပနေတဲ့ ယူ ၁၉ အာရှဖလား ပြိုင်ပွဲ ရဲ့ ကွာတားဖိုင်နယ် ၈ သင်းအဆင့် ပြိုင်ပွဲမှာ ယူအေအီး အသင်းကို မြန်မာအသင်းက တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တာပါ။

အခုလို အနိုင်ရလာဒ် ရရှိခဲ့တာဟာ တစ်ပွဲလုံး ကစားကွက်ကောင်း ခဲ့တဲ့ မြန်မာ အသင်း အတွက် ထိုက်တန်တဲ့ အနိုင်ရလာဒ်ဖြစ်တယ်လို့ ဝါရင့် အားကစား ကလောင်ရှင် ဦးကျော့မောင် (မင်္ဂလာတောင်ညွှန့့်) က သုံးသပ်ပါတယ်။
တစ်ဆက်တည်းမှာ မြန်မာအသင်းဟာ အနိုင်ရလာဒ် နဲ့ အတူ ပထမ ကမ္ဘာ့ အဆင့် ယူ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ခွင့် ရရှိခဲ့ပြီဖြစ်တယ်လို့ ဦးကျော့မောင် က ပြောပါတယ်။

" မြန်မာအသင်းက အရင်တုန်းက တခါမှ ဒီလို ကမ္ဘာ့ ဖလားပွဲကို ဝင်မပြိုင်ဖူး ဘူးလေ။ ဒီတကြိမ် ကတော့ အသက်ကန့်သတ်ချက်နဲ့ဖြစ်ပေမဲ့ ဒီတကြိမ်က ကမ္ဘာ့ဖလားပွဲကို ဝင်ခွင့်ရတာကိုး။ ရှေ့နှစ်ခါကျရင် နယူးဇီလန်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလား အသက်(၂၀) အောက် လူငယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ခြေစစ်ပွဲအောင် သွားပြီပေါ့ဗျာ။"

မြန်မာအသင်းအတွက် အနိုင်ဂိုး ကို ပွဲချိန် မိနစ် ၄၀ ကျော်မှာ နံပတ် ၁၁ သန်းပိုင် က ကျောနံပတ် ၉ အောင်သူ ဖန်တီးပေးခဲ့တဲ့ ဘောလုံးကို ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့ တာဖြစ်ပါတယ်။

ဒီကနေ့ပွဲမှာ မြန်မာအသင်းဟာ မိ်နစ် ၉ ၀ လုံးလုံး ကစား အားမကျပဲ UAE အသင်းကို သူတင် ကိုယ်တင် ကစားသွားနိုင်ပြီးတော့ ယူ၁၉ မြန်မာအသင်းရဲ့ အဓိက အားသာချက် ဟာ ပွဲချိန်ပြည့် ကစားအား ကို ထိန်းထားနိုင်တဲ့ အချက်ဖြစ်တယ်လို့ ပွဲကြည့် ပရိသတ် ကိုဥက္ကာဦး က ပြောပါတယ်။

" ဟုတ်ကဲ့။ မြန်မာနောက်တန်းကတော့ အမှားအယွင်းတော်တော်နည်းပါတယ်။ တပွဲလုံး တောက်လျောက်မှာ အမှားအယွင်း အနည်းဆုံး ဖြစ်အောင် ကစားသွားနိုင် တာကို တွေ့ရတယ်။ နောက်ပြီးတော့ ခုနက ပြောသလိုပဲ ပြောစရာ မရှိလောက်အောင် စုစုစည်းစည်းနဲ့ ကစားသွားနိုင်တာကို တွေ့ရပါတယ်။ အဓိက ပြောနိုင် တာကတော့ ဒီ U19 အသင်းက ကစားအားဖြင့် သက်လုံအားဖြင့် ကြံ့ခိုင်မှုမှာ သူများထက် ယှဉ်ရင် နည်းရင် နည်းမယ်ပေါ့။ ဒါပေမဲ့ သက်လုံပိုင်းမှာ မိနစ်ကိုးဆယ်လုံး အထိ Tempo ကိုထိန်းပြီးတော့ ကစားနိုင်တဲ့ အနေအထားမှာ တွေ့ရတယ်။ အဲ့တာကြောင့်မို့လို့လည်း ဒီဦးဆောင်ဂိုးတွေကို ကာကွယ်တဲ့နေရာမှာ အရမ်းအရေးကြီးတယ်လို့ မြင်ပါတယ်။"

တစ်ဂိုး အသာ နဲ့ မြန်မာအသင်းက UAE ကို ဦးဆောင်နေချိန်မှာ UAE ဘက်က တောက်လျောက် ဆိုသလို ပြန်ပြီးတော့ တိုက်စစ်ဆင် ကစားခဲ့တာပါ။ ဒါပေမဲ့ မြန်မာ အသင်းရဲ့ ကွင်းလယ် နဲ့နောက်တန်းက တည်တည်ငြိမ်ငြိမ် ဖျက်ထုတ် နိုင်ခဲ့တာကြောင့် အခုလို မြန်မာအသင်း ပုံဖော်နိုင်ခဲ့ တာ ဖြစ်တယ်လို့ လည်း ပွဲကြည့်ပရိသတ် ကိုချမ်းငြိမ်းအောင်ကပြောပါတယ်။

"အလယ်တန်းရော၊ အနောက်တန်းရော နှစ်ခုစလုံး ညီလို့ပေါ့။ အလယ်တန်း ကလည်း လိုအပ်သလို ထိန်းပြီး ဖျက်ပေးနိုင်တယ်။ ပြီးတော့ လိုအပ်တဲ့ အလုံးလေးတွေပေါ့နော်။ သူတို့ကို ပေးမကန်တဲ့ တော်တော်များများ တွေ့ရတယ်။ သူတို့ပိတ်ထားနိုင်တယ်ပေါ့။ တော်ရုံတန်ရုံ ဟိုဘက်က အပိုင်လုံး လုံးဝ ကန်ခွင့်မရလိုက်ဘူး။ နောက်ဆုံး ဖရီးကစ်မှာလည်း မြန်မာနောက် တန်း ဝေါကာထားတဲ့ဟာ တော်တော်ကောင်းတယ်ပြောလို့ရပါတယ်။

ဟိုဘက်က ရှေ့တန်းတွေရဲ့ အဆုံးသတ်မှုတွေက လည်း သိပ်မကောင်းဘုူး လို့ ပြောလို့ရပါတယ်။ သူတို့လည်း Pressure ဝင်နေပုံရပါတယ်။ ပရိတ်သတ် အားကြောင့် အဲ့တာကြောင့် သူတို့ရဲ့ ကစား အားလေးတော့ ကောင်းတယ်။ ဒါပေမဲ့ တကယ်တမ်း လိုအပ်တဲ့ အလုံးတွေကို အသုံးမချနိုင်ခဲ့ဘူး။ သူတို့က နည်းစနစ်ပိုင်း တော်တော်ပိုင်နိုင်ပါတယ်။ ပထမပိုင်း လိုအပ်တဲ့ ဂိုးကို ရအောင်ယူကြည့်တယ်။ မရဘူး။ ဒုတိယပိုင်းမှာ ဂိုးရပြီးတာနဲ့ ပိတ်ဆော့ သွားတယ်ပေါ့။ လိုအပ်တဲ့နေရာ ရှေ့တန်းကလည်း ဖောက်မယ်။ အလယ်တန်းက သူ့ဘာသာသူ အဖျက်မှာတော်တယ်။ သူတို့ဆော့ သွားတာ တော်တော်ကောင်း ပါတယ်။ Tempo မကျတာထက် နည်းပြရဲ့ နည်းစနစ် ပိုပြီး ကြွယ်ဝတယ်လို့ထင်ပါတယ်။"

ဒီကနေ့ မြန်မာအသင်းရဲ့ အနိုင်ရလာဒ် မှာ အဓိက ကျခဲ့တဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ တာကတော့ ပရိသတ် ရဲ့အားပေးမှုကလည်း အခရာ ကျခဲ့တယ်လို့ အများက သုံးသပ်ပါတယ်။ ဒီကနေ့ မြန်မာအသင်း နဲ့ UAE အသင်းတို့ရဲ့ပွဲကို လာရောက် အားပေးသူ စုစုပေါင်း သုံးသောင်းကျော်လောက်ရှိတာကို တွေ့ရတယ်လို့လည်း ပွဲကို ကိုယ်တိုင် သွားရောက် အားပေးခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုစည်သူနိုင်က ဆိုပါတယ်။

ဒီကနေ့ မြန်မာအသင်းဟာ UAE ကို အနိုင်ရခဲ့တဲ့အတွက် ဆီမီးဖိုင်နယ် ပြိုင်ပွဲကို တက်ရောက်ခွင့် ရခဲပြီးတော့ ဂျပန် နဲ့ မြောက်ကိုရီးယား မှာ အနိုင်ရတဲ့ အသင်း တစ်သင်း နဲ့ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG