သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်ကို ၅ ဂိုး ၁ ဂိုးနဲ့ မြန်မာနိုင်


ASEAN U-23 (ဓာတ်ပုံ- MOI Webpotal Myanmar)
ASEAN U-23 (ဓာတ်ပုံ- MOI Webpotal Myanmar)

၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဘောလုံးပွဲမှာ မြန်မာ U-23 အသင်းက ဖိလစ်ပိုင်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

ပထမပိုင်းကစားရာမှာ ဖိလစ်ပိုင်ကနေ အသင်းခေါင်းဆောင် Shirmar FELONGCO ဂိုးစသွင်းခဲ့တာဖြစ်ပြီး မြန်မာအသင်းခေါင်းဆောင် နေလင်းထွန်းက ပထမဆုံး ချေပဂိုးကို မိနစ် ၂၀ မှာ ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။

ဒီနောက်မှာ ရှိုင်းသူရ၊ ရဲဝင်းအောင်၊ စည်သူအောင်၊ ကျော်ဇင်လွင်တို့က အနိုင်ဂိုးတွေကို ဆက်တိုက် သွင်းယူနိုင်လိုက်ပါတယ်။

ဒီ ဆီးဂိမ်းဘောလုံးပွဲ အုပ်စု က မှာ မြန်မာက အိမ်ရှင် စင်္ကာပူ ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားတို့နဲ့ တအုပ်စုတည်း ကစားရ တာဖြစ်ပါတယ်။ မြန်မာအသင်းဟာ လာမယ့် ၁၀ ရက်နေ့မှာတော့ ကမ္ဘောဒီးယားနဲ့ ကစားရမှာဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG