သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်း ထိန်းသိမ်းခံရ


ဦးအောင်လှထွန်း ( ပြန်ကြားရေးဒုဝန်ကြီး)
ဦးအောင်လှထွန်း ( ပြန်ကြားရေးဒုဝန်ကြီး)

{{Zawgyi/Unicode}}

NLD အစိုးရလက်ထက်က ပြန်ကြားရေးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းကို အင်္ဂါနေ့မနက် ၁၀ နာရီခွဲမှာ ရန်ကုန်မြို့နေအိမ်ကနေ အရပ်ဝတ်နဲ့ စစ်ဘက် ရဲဘက် ယူနီဖောင်း ဝတ်ထားသူတွေ ခေါ်ဆောင်သွားခဲ့ပါတယ်။

လာခေါ်စဉ်က ဖမ်းဝရမ်းတစုံတရာမပါဘဲ မေးစရာရှိလို့ လာခေါ်တာဖြစ်ကြောင်း ပြောသွားတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ မိသားစုက လိုအပ်တဲ့ ဆေးဝါးတွေနဲ့ သုံးလေးရက်စာ အဝတ်အစား ထည့်ပေးလိုက်တယ်လို့လဲသိရပါတယ်။

အခုသတင်းရေးချိန်အထိတော့ ပြန်မရောက်လာသေးဘူးလို့ နီးစပ်သူကပြောပါတယ်။

ဦးအောင်လှထွန်းဟာ ဒုဝန်ကြီးမဖြစ်ခင်က ရိုက်တာသတင်းဌာနရဲ့ မြန်မာနိုင်ငံအခြေစိုက် သတင်းထောက်အဖြစ် နှစ်အတော်ကြာ လုပ်ကိုင်ခဲ့သူ ဝါရင့်သတင်းထောက်တစ်ဦးဖြစ်သလို အင်္ဂလိပ်စာ သင်ကြားသူ ဆရာတစ်ဦးလည်းဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှာလည်း ပါဝင်ခဲ့ဖူးသလို သတင်းမီဒီယာဥပဒေ ရေးဆွဲတာမှာလည်း ပါဝင်ခဲ့ဖူးသူဖြစ်ပါတယ်။

....................................

{{Unicode}}






XS
SM
MD
LG