သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရႊတူးေဖၚမႈရဲ႕ ဆိုးဝါးတဲ့အက်ဳိးဆက္


Myanmar gold mining (I.M.W.) (photo- Hiveminer)

စစ္အာဏာ သိမ္းၿပီးေနာက္ပိုင္း ျမန္မာျပည္ ေျမာက္ပိုင္းေဒသမွာ ေ႐ႊတူးေဖၚတဲ့လုပ္ငန္း မ်ားျပားလာတာေၾကာင့္ သဘာဝပတ္ဝန္းက်င္ ပ်က္စီးရပုံကို ဦးေအာင္ခင္က ေရးသား တင္ျပထားပါတယ္။

=== ZAWGYI ===

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

စစ္အာဏာ သိမ္းၿပီးေနာက္ပိုင္း ျမန္မာျပည္ ေျမာက္ပိုင္းေဒသမွာ ေ႐ႊတူးေဖၚတဲ့လုပ္ငန္း မ်ားျပားလာတာေၾကာင့္ သဘာဝပတ္ဝန္းက်င္ ပ်က္စီးရပုံကို ဦးေအာင္ခင္က ေရးသားၿပီး ကိုဉာဏ္ဝင္းေအာင္နဲ႔အတူ တင္ျပထားပါတယ္။

ေရႊတူးေဖၚမႈရဲ႕ ဆိုးဝါးတဲ့အက်ဳိးဆက္

ကခ်င္ျပည္နယ္ဟာ သဘာဝ ဝန္းက်င္ ထိန္းသိမ္းေရးနယ္ေျမ မ်ားျပားတဲ့ေဒသ ျဖစ္ပါတယ္။ အင္းေတာ္ႀကီးကန္နဲ႔ ဟူးေကာင္းခ်ိဳင့္ဝွမ္းေဒသကို ကုလသမဂၢအဖြဲ႕က ေတာ႐ိုင္းတိရစာၦန္မ်ား ေဘးမဲ့ေတာအျဖစ္ သတ္မွတ္ထားပါတယ္။ ဒါေပမဲ့ ေ႐ႊတူးေဖၚမႈေၾကာင့္ ေဘးမဲ့ေတာေတြ၊ သဘာဝဥယာဥ္ေတြ ပ်က္စီးေနပါတယ္။ စစ္ေကာင္စီတက္လာမွ စည္းကမ္းမဲ့ ထုတ္လုပ္မႈ မ်ားျပားလာပါတယ္။ ဒီအေၾကာင္းကို ဒီႏွစ္ ပထမ(၆)လပိုင္းမွာ Emily Fishbein နဲ႔အဖြဲ႕က ေဒသခံေတြကို ေတြ႕ဆုံေမးျမန္းၿပီး၊ ဇြန္လ(၂၄)ရက္ေန႔ထုတ္ Frontier စာေစာင္မွာ အစီရင္ခံစာ တင္ျပထားပါတယ္။

အခုဆိုရင္ အင္းေတာ္ႀကီးကန္၊ ဟူးေကာင္းခ်ိဳင့္ဝွမ္းနဲ႔ ေျမာက္ပိုင္းေတာင္တန္းေဒသ ေတြမွာပါ ေ႐ႊတူးေဖၚမႈေတြ လုပ္ေနတဲ့အတြက္ သဘာဝ ပတ္ဝန္းက်င္ ပ်က္စီးမႈ မ်ားလာပါတယ္။ ေျမသားတန္ခ်ိန္(၂၀)ေက်ာ္ တူးယူေကာ္ထုတ္ၿပီး ျပဒါးနဲ႔ Cyanide ဆိုင္ယာႏိုက္ ဓါတ္ကိုသုံးၿပီး စစ္ယူေတာ့မွ ေ႐ႊလက္စြပ္တကြင္းစာ ရႏိုင္တာမို႔ ေ႐ႊတူးေဖၚတဲ့ေနရာမွာ သဘာဝပတ္ဝန္းက်င္ အႀကီးအက်ယ္ ပ်က္စီးရပါတယ္။ ဒါေၾကာင့္ KIO ကခ်င္အဖြဲ႕က သူထိန္းခ်ဳပ္တဲ့ နယ္ေျမမွာ ေ႐ႊရွာေဖြမႈ ပိတ္ပင္ထားေၾကာင္း သိရပါတယ္။ NLD အစိုးရလက္ထက္ကေတာ့ (၄)ဧကစီရွိတဲ့ ေ႐ႊလုပ္ကြက္ (၂၀၀)ေက်ာ္ ခြင့္ျပဳခဲ့တယ္လို႔ ဆိုပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ ကခ်င္ျပည္နယ္ မိုးညင္းၿမိဳ႕နယ္က အင္းေတာ္ႀကီးကန္ တိမ္ေကာစျပဳလာေၾကာင္းကို ေအာက္တိုဘာ(၇)ရက္ေန႔ထုတ္ Kachinwaves စာေစာင္မွာ ေဖၚျပပါတယ္။ အင္းေတာ္ႀကီးကန္ကို ၁၉၉၉ မွာ ေဘးမဲ့ေတာအျဖစ္ သတ္မွတ္ပါတယ္။ ဇီဝအဝန္း နယ္ေျမအျဖစ္လည္း ကုလသမဂၢ UNESCO ယူနက္စကိုအဖြဲ႕က သတ္မွတ္ပါတယ္။ အာဆီယံ အေမြအႏွစ္အျဖစ္လည္း သတ္မွတ္ခံရတဲ့ နယ္ေျမ ျဖစ္ပါတယ္။ အလ်ား(၁၄)မိုင္ အနံ(၇)မိုင္ရွိၿပီး မ်ိဳးသုဥ္းမယ့္အႏၲရာယ္ကို ရင္ဆိုင္ေနရတဲ့ ငွက္မ်ိဳးစိတ္ (၁၀)မ်ိဳး အပါအဝင္ ေဆာင္းခိုငွက္ ႏွစ္ေသာင္းေက်ာ္ ႏွစ္စဥ္ခိုလႈံတဲ့ေနရာ ေနရာလည္း ျဖစ္ပါတယ္။ ဒါေပမဲ့ အင္းေတာ္ႀကီးကန္အနီးက မိုင္းေနာင္၊ လုံးတုံနဲ႔ မမုံကိုင္ ေက်း႐ြာေတြမွာ စက္ယႏၲယားနဲ႔ ေျမတူးစက္(၂၀၀)ေလာက္ သုံးၿပီး စည္းမဲ့ကမ္းမဲ့ ေ႐ႊတူးေဖၚေနတာေၾကာင့္ ေ႐ႊလုပ္ငန္းက စြန႔္ပစ္လိုက္တဲ့ အညစ္အေၾကးေတြ အင္းေတာ္ႀကီးထဲ စီးဝင္လာတဲ့အတြက္ အင္း ေကာလာတယ္လို႔ ဆိုပါတယ္။

ေ႐ႊတူးေဖၚမႈက ထြက္လာတဲ့ ႏြံေတြဟာ ေခ်ာင္းေတြကတဆင့္ အင္းေတာ္ႀကီးကန္ထဲ ေရာက္သြားတာေၾကာင့္ တႏွစ္မွာ တမိုင္ေလာက္ အင္းေကာေနပုံ ရတယ္လို႔ ေဒသခံေတြက ခန႔္မွန္းပါတယ္။ အင္းေတာ္ႀကီးကန္ အနီးတဝိုက္မွာ ေနထိုင္တဲ့ ေဒသခံေတြရဲ႕ လယ္ယာေျမေတြလည္း ပ်က္စီးလာၿပီး ၊ ျပည္သူ႔က်န္းမာေရးကိုပါ ထိခိုက္လာတယ္ေစတယ္လို႔ ဆိုပါတယ္။ ေ႐ႊလုပ္ငန္းက စြန႔္ပစ္လိုက္တဲ့ ႏြံေတြ စီးဝင္လာတဲ့ လယ္ယာေျမေရာ လမ္းေတြပါ ပ်က္စီးၿပီး ေသာက္သုံးေရ ရွားပါးတဲ့ျပႆနာကို ရင္ဆိုင္ေနရပါတယ္။ ျပဒါးအဆိပ္သင့္တဲ့ ငါးဟာလည္း က်န္းမာေရးအႏၲရာယ္ ျဖစ္ပါတယ္။ အင္းေတာ္ႀကီးေဒသမွာ ေျမဧက(၆၀၀၀)ေက်ာ္ဟာ ေျမစာပုံအျဖစ္ ပ်က္စီးေနၿပီလို႔ စစ္တမ္း ေကာက္ယူတဲ့အဖြဲ႕က ဆိုပါတယ္။

ယခင္ အစိုးရေတြ လက္ထက္က ကခ်င္ျပည္နယ္မွာ သတၱဳအေသးစားနဲ႔ လက္လုပ္လက္စားဥပေဒ ရွိတဲ့အတြက္ ျမစ္ေခ်ာင္းနဲ႔ ေပ(၃၀၀)အကြာမွာသာ တူးရမယ္ ၊ တူးၿပီးသား ေ႐ႊတြင္းကို ေျမ ျပန္ဖို႔ေပးရမယ္ စတဲ့ စည္းကမ္းခ်က္ေတြ ရွိေပမဲ့ အခုေတာ့ ထိန္းကြပ္မယ့္သူ မရွိပဲ ျဖစ္ေနပါတယ္။ ဘယ္အဖြဲ႕အစည္းကမွ ထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေန မရွိလို႔၊ ေ႐ႊ ရွာေဖြေရးဟာ စည္းမဲ့ကမ္းမဲ့ ျဖစ္ေနပါတယ္။ စစ္ေကာင္စီ မတိုင္ခင္က အစိုးရ၊ လုပ္ငန္းရွင္နဲ႔ အရပ္ဖက္အဖြဲ႕အစည္းကိုယ္စားလွယ္ေတြ ပါဝင္တဲ့ သုံးပြင့္ဆိုင္အဖြဲ႕က ကြင္းဆင္းေလ့လာ စစ္ေဆးတာမ်ိဳးေတြ ရွိခဲ့ပါတယ္။ အခုေတာ့ စစ္ေဆးမႈေတြ လုံးဝ ရပ္ဆိုင္းသြားပါတယ္။ ေ႐ႊရွာသူေတြဟာ စစ္ေကာင္စီတပ္၊ ရွမ္းနီ လက္နက္ကိုင္အဖြဲ႕နဲ႔ KIA ကခ်င္လြတ္ေျမာက္ေရးတပ္ကို ဆက္ေၾကးေပးၿပီး နားလည္မႈနဲ႔ တူးေဖၚေနၾကတာ ျဖစ္ပါတယ္။

ဒါေပမဲ့ ေ႐ႊတူးေဖၚမႈကို ပိတ္ပင္ထားတယ္လို႔ KIA ေျပာခြင့္ရ ဗိုလ္မႉးႀကီး ေနာ္ဘူက ဆိုပါတယ္။ အထူးသျဖင့္ ျပည္သူ႔ၿခံေျမ ၊ လယ္ယာေျမနဲ႔ အမ်ားဆိုင္ ေျမေနရာေတြမွာ လုံးဝ ေ႐ႊတူးေဖၚခြင့္ မေပးဘူးလို႔ ဆိုပါတယ္။ NLD အစိုးရလက္ထက္မွာ ၂၀၂၀ ေမလအထိ ကခ်င္ျပည္နယ္က ၿမိဳ႕နယ္(၁၁)နယ္မွာ အေသးစား ေ႐ႊလုပ္ကြက္(၂၂၃)ကြက္နဲ႔ လက္လုပ္လက္စား ေ႐ႊလုပ္ကြက္ (၂၆၂)ကြက္ကို လုပ္ပိုင္ခြင့္ ခ်ေပးခဲ့တယ္လို႔ ျပည္နယ္အစိုးရက စာရင္းထုတ္ျပန္ထားပါတယ္။ ဒါေပမဲ့ အင္းေတာ္ႀကီးကန္ေဒသမွာ လုပ္ကြက္ ခ်ေပးတာမ်ိဳး လုံးဝ မရွိဘူးေၾကာင္း သိရပါတယ္။ အခုေတာ့ ကန္ေကာမယ့္ လကၡဏာကို ေတြ႕လာေနရပါၿပီ။

ဟူးေကာင္းေတာင္ၾကား ေဘးမဲ့ေတာေဒသနဲ႔ ေျမာက္ပိုင္းေတာင္တန္းေဒသမွာလည္း ေ႐ႊတူးေဖၚမႈေတြ ရွိေနပါတယ္။ တကယ္ေတာ့ စစ္တပ္ထိန္းခ်ဳပ္မႈ အမ်ားဆုံးေဒသေတြမွာ သယံဇာတအရင္းအျမစ္ အမ်ားဆုံး ထုတ္ယူၾကတာ ေတြ႕ရပါတယ္။ စြန္ပရာဘြန္နဲ႔ မခ်မ္းေဘာမွာလည္း ေ႐ႊတူးေဖၚမႈေၾကာင့္ လူမႈဘဝ ရပ္တည္ေရး ထိခိုက္လာတာ ေတြ႕ရပါတယ္။ ဟုမၼလင္းၿမိဳ႕နယ္မွာလည္း လိုင္စင္မဲ့ ေ႐ႊလုပ္ငန္း အမ်ားအျပားရွိပါတယ္။ ခ်င္းတြင္းနဲ႔ ဥ႐ုျမစ္ေၾကာင္းမွာ ေ႐ႊတူးေဖၚသူေတြဟာ ရွမ္းနီတပ္ဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ကိုသာ မကပဲ KIA ကိုလည္း ဆက္ေၾကး ေပးရေၾကာင္း သိရပါတယ္။

ေရႊတူးေဖၚမႈရဲ႕ ဆိုးဝါးတဲ့အက်ဳိးဆက္
please wait

No media source currently available

0:00 0:05:21 0:00
တိုက္႐ိုက္ လင့္ခ္

=== UNICODE ===

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာပြည် မြောက်ပိုင်းဒေသမှာ ရွှေတူးဖေါ်တဲ့လုပ်ငန်း များပြားလာတာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးရပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။

ရွှေတူးဖေါ်မှုရဲ့ ဆိုးဝါးတဲ့အကျိုးဆက်

ကချင်ပြည်နယ်ဟာ သဘာဝ ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေ များပြားတဲ့ဒေသ ဖြစ်ပါတယ်။ အင်းတော်ကြီးကန်နဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသကို ကုလသမဂ္ဂအဖွဲ့က တောရိုင်းတိရစ္ဆာန်များ ဘေးမဲ့တောအဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ရွှေတူးဖေါ်မှုကြောင့် ဘေးမဲ့တောတွေ၊ သဘာဝဥယာဉ်တွေ ပျက်စီးနေပါတယ်။ စစ်ကောင်စီတက်လာမှ စည်းကမ်းမဲ့ ထုတ်လုပ်မှု များပြားလာပါတယ်။ ဒီအကြောင်းကို ဒီနှစ် ပထမ(၆)လပိုင်းမှာ Emily Fishbein နဲ့အဖွဲ့က ဒေသခံတွေကို တွေ့ဆုံမေးမြန်းပြီး၊ ဇွန်လ(၂၄)ရက်နေ့ထုတ် Frontier စာစောင်မှာ အစီရင်ခံစာ တင်ပြထားပါတယ်။

အခုဆိုရင် အင်းတော်ကြီးကန်၊ ဟူးကောင်းချိုင့်ဝှမ်းနဲ့ မြောက်ပိုင်းတောင်တန်းဒေသ တွေမှာပါ ရွှေတူးဖေါ်မှုတွေ လုပ်နေတဲ့အတွက် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု များလာပါတယ်။ မြေသားတန်ချိန်(၂၀)ကျော် တူးယူကော်ထုတ်ပြီး ပြဒါးနဲ့ Cyanide ဆိုင်ယာနိုက် ဓါတ်ကိုသုံးပြီး စစ်ယူတော့မှ ရွှေလက်စွပ်တကွင်းစာ ရနိုင်တာမို့ ရွှေတူးဖေါ်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင် အကြီးအကျယ် ပျက်စီးရပါတယ်။ ဒါကြောင့် KIO ကချင်အဖွဲ့က သူထိန်းချုပ်တဲ့ နယ်မြေမှာ ရွှေရှာဖွေမှု ပိတ်ပင်ထားကြောင်း သိရပါတယ်။ NLD အစိုးရလက်ထက်ကတော့ (၄)ဧကစီရှိတဲ့ ရွှေလုပ်ကွက် (၂၀၀)ကျော် ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် မိုးညင်းမြို့နယ်က အင်းတော်ကြီးကန် တိမ်ကောစပြုလာကြောင်းကို အောက်တိုဘာ(၇)ရက်နေ့ထုတ် Kachinwaves စာစောင်မှာ ဖေါ်ပြပါတယ်။ အင်းတော်ကြီးကန်ကို ၁၉၉၉ မှာ ဘေးမဲ့တောအဖြစ် သတ်မှတ်ပါတယ်။ ဇီဝအဝန်း နယ်မြေအဖြစ်လည်း ကုလသမဂ္ဂ UNESCO ယူနက်စကိုအဖွဲ့က သတ်မှတ်ပါတယ်။ အာဆီယံ အမွေအနှစ်အဖြစ်လည်း သတ်မှတ်ခံရတဲ့ နယ်မြေ ဖြစ်ပါတယ်။ အလျား(၁၄)မိုင် အနံ(၇)မိုင်ရှိပြီး မျိုးသုဉ်းမယ့်အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ ငှက်မျိုးစိတ် (၁၀)မျိုး အပါအဝင် ဆောင်းခိုငှက် နှစ်သောင်းကျော် နှစ်စဉ်ခိုလှုံတဲ့နေရာ နေရာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အင်းတော်ကြီးကန်အနီးက မိုင်းနောင်၊ လုံးတုံနဲ့ မမုံကိုင် ကျေးရွာတွေမှာ စက်ယန္တယားနဲ့ မြေတူးစက်(၂၀၀)လောက် သုံးပြီး စည်းမဲ့ကမ်းမဲ့ ရွှေတူးဖေါ်နေတာကြောင့် ရွှေလုပ်ငန်းက စွန့်ပစ်လိုက်တဲ့ အညစ်အကြေးတွေ အင်းတော်ကြီးထဲ စီးဝင်လာတဲ့အတွက် အင်း ကောလာတယ်လို့ ဆိုပါတယ်။

ရွှေတူးဖေါ်မှုက ထွက်လာတဲ့ နွံတွေဟာ ချောင်းတွေကတဆင့် အင်းတော်ကြီးကန်ထဲ ရောက်သွားတာကြောင့် တနှစ်မှာ တမိုင်လောက် အင်းကောနေပုံ ရတယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။ အင်းတော်ကြီးကန် အနီးတဝိုက်မှာ နေထိုင်တဲ့ ဒေသခံတွေရဲ့ လယ်ယာမြေတွေလည်း ပျက်စီးလာပြီး ၊ ပြည်သူ့ကျန်းမာရေးကိုပါ ထိခိုက်လာတယ်စေတယ်လို့ ဆိုပါတယ်။ ရွှေလုပ်ငန်းက စွန့်ပစ်လိုက်တဲ့ နွံတွေ စီးဝင်လာတဲ့ လယ်ယာမြေရော လမ်းတွေပါ ပျက်စီးပြီး သောက်သုံးရေ ရှားပါးတဲ့ပြဿနာကို ရင်ဆိုင်နေရပါတယ်။ ပြဒါးအဆိပ်သင့်တဲ့ ငါးဟာလည်း ကျန်းမာရေးအန္တရာယ် ဖြစ်ပါတယ်။ အင်းတော်ကြီးဒေသမှာ မြေဧက(၆၀၀၀)ကျော်ဟာ မြေစာပုံအဖြစ် ပျက်စီးနေပြီလို့ စစ်တမ်း ကောက်ယူတဲ့အဖွဲ့က ဆိုပါတယ်။

ယခင် အစိုးရတွေ လက်ထက်က ကချင်ပြည်နယ်မှာ သတ္တုအသေးစားနဲ့ လက်လုပ်လက်စားဥပဒေ ရှိတဲ့အတွက် မြစ်ချောင်းနဲ့ ပေ(၃၀၀)အကွာမှာသာ တူးရမယ် ၊ တူးပြီးသား ရွှေတွင်းကို မြေ ပြန်ဖို့ပေးရမယ် စတဲ့ စည်းကမ်းချက်တွေ ရှိပေမဲ့ အခုတော့ ထိန်းကွပ်မယ့်သူ မရှိပဲ ဖြစ်နေပါတယ်။ ဘယ်အဖွဲ့အစည်းကမှ ထိန်းချုပ်နိုင်တဲ့ အခြေအနေ မရှိလို့၊ ရွှေ ရှာဖွေရေးဟာ စည်းမဲ့ကမ်းမဲ့ ဖြစ်နေပါတယ်။ စစ်ကောင်စီ မတိုင်ခင်က အစိုးရ၊ လုပ်ငန်းရှင်နဲ့ အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်တွေ ပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့က ကွင်းဆင်းလေ့လာ စစ်ဆေးတာမျိုးတွေ ရှိခဲ့ပါတယ်။ အခုတော့ စစ်ဆေးမှုတွေ လုံးဝ ရပ်ဆိုင်းသွားပါတယ်။ ရွှေရှာသူတွေဟာ စစ်ကောင်စီတပ်၊ ရှမ်းနီ လက်နက်ကိုင်အဖွဲ့နဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ကို ဆက်ကြေးပေးပြီး နားလည်မှုနဲ့ တူးဖေါ်နေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရွှေတူးဖေါ်မှုကို ပိတ်ပင်ထားတယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။ အထူးသဖြင့် ပြည်သူ့ခြံမြေ ၊ လယ်ယာမြေနဲ့ အများဆိုင် မြေနေရာတွေမှာ လုံးဝ ရွှေတူးဖေါ်ခွင့် မပေးဘူးလို့ ဆိုပါတယ်။ NLD အစိုးရလက်ထက်မှာ ၂၀၂၀ မေလအထိ ကချင်ပြည်နယ်က မြို့နယ်(၁၁)နယ်မှာ အသေးစား ရွှေလုပ်ကွက်(၂၂၃)ကွက်နဲ့ လက်လုပ်လက်စား ရွှေလုပ်ကွက် (၂၆၂)ကွက်ကို လုပ်ပိုင်ခွင့် ချပေးခဲ့တယ်လို့ ပြည်နယ်အစိုးရက စာရင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ အင်းတော်ကြီးကန်ဒေသမှာ လုပ်ကွက် ချပေးတာမျိုး လုံးဝ မရှိဘူးကြောင်း သိရပါတယ်။ အခုတော့ ကန်ကောမယ့် လက္ခဏာကို တွေ့လာနေရပါပြီ။

ဟူးကောင်းတောင်ကြား ဘေးမဲ့တောဒေသနဲ့ မြောက်ပိုင်းတောင်တန်းဒေသမှာလည်း ရွှေတူးဖေါ်မှုတွေ ရှိနေပါတယ်။ တကယ်တော့ စစ်တပ်ထိန်းချုပ်မှု အများဆုံးဒေသတွေမှာ သယံဇာတအရင်းအမြစ် အများဆုံး ထုတ်ယူကြတာ တွေ့ရပါတယ်။ စွန်ပရာဘွန်နဲ့ မချမ်းဘောမှာလည်း ရွှေတူးဖေါ်မှုကြောင့် လူမှုဘဝ ရပ်တည်ရေး ထိခိုက်လာတာ တွေ့ရပါတယ်။ ဟုမ္မလင်းမြို့နယ်မှာလည်း လိုင်စင်မဲ့ ရွှေလုပ်ငန်း အများအပြားရှိပါတယ်။ ချင်းတွင်းနဲ့ ဥရုမြစ်ကြောင်းမှာ ရွှေတူးဖေါ်သူတွေဟာ ရှမ်းနီတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ကိုသာ မကပဲ KIA ကိုလည်း ဆက်ကြေး ပေးရကြောင်း သိရပါတယ်။

XS
SM
MD
LG