ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အရင် စစ်အစိုးရလက်ထက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မအောင်မြင်ခဲ့ရတာဟာ ချဉ်းကပ်ပုံနည်းလမ်း လွဲမှားခဲ့တာကြောင့်လို့ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ မကြာခင်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပါအဝင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို ကိုယ်စားပြုတဲ့ တိုင်းရင်းသား အဖွဲ့အစည်းပေါင်းစုံ၊ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်နှစ်ရပ်၊ အစိုးရ၊ လူထုလူတန်းစား အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွးနွေးပွဲကြီး တစ်ရပ်ကို ကျင်းပသွားမယ်လို့ ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) မှာ ဒုတိယနေ့အဖြစ် ဆက်လက် ကျင်းပနေတဲ့ ၈ လေးလုံး ငွေရတုသဘင် အခမ်းအနားမှာ ဝန်ကြီး ဦးအောင်မင်းက ပြောဆိုလိုက်တာပါ။ ဒီပွဲကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ရန်ကုန်မြို့ရောက် ဝိုင်းတော်သား ကိုရော်နီညိမ်းက သတင်းပေးပို့ခဲ့ပါတယ်။
ရန်ကုန်မြို့ မြန်မာကွန်ဗန်းရှင်းစင်တာမှာ ကျင်းပနေတဲ့ ၈ လေးလုံး ငွေရတုသဘင် ဒုတိယနေ့ အခမ်းအနားအစီအစဉ်ကို သြဂုတ်လ ၇ ရက်နေ့ မနက် ၁၀ နာရီမှာ အစိုးရအဖွဲ့ရဲ့ကိုယ်စား ရောက်ရှိလာကြတဲ့ အမှတ် - ၃ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့်နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ အဖွဲ့ဝင်တွေကို ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေက ကြိုဆိုနှုတ်ခွန်းဆက်ကြပြီးတဲ့နောက် ဝန်ကြီး ဦးအောင်မင်းက ကျပ်ငွေ ၁၀ သိန်း၊ ဝန်ကြီး ဦးအုန်းမြင့်က ကျပ်ငွေ ၅ သိန်းတို့ကို ဒီငွေရတုသဘင် အခမ်းအနား ဖြစ်မြောက်ရေး ရန်ပုံငွေအဖြစ် လှူဒါန်းထည့်ဝင်ခဲ့ကြပါတယ်။
အဲ့ဒီနောက်မှာ ဒီငွေရတုသဘင် အခမ်းအနားမှာ အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ အကြောင်းအရာတခုတည်းကို စူးစိုက်ဆွေးနွေးတဲ့ စုပေါင်းဆွေးနွေးဖလှယ်တဲ့ seminar စတဲ့ နှီးနှောဖလှယ်ပွဲ ၆ ခုထဲက တစ်ခုဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး၊ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် ဆွေးနွေးပွဲမှာ ဝန်ကြီးဦးအောင်မင်းက အခုလို တက်ရောက်ပြောကြားခဲ့ပါတယ်။
“အပစ်အခတ်ရပ်စဲဖို့အတွက် ဒီမှာ ရပ်မထားပါဘူး။ အဲဒီကနေ ကျနော်တို့က နိုင်ငံရေး ဆွေးနွေးပွဲတွေကို တက်ပါမယ်။ ကျနော်တို့ အရင်တုန်းကလည်း အစိုးရအဆက်ဆက်မှာ အပစ်အခတ်ရပ်စဲရေးကို လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်လားဆိုတော့ ရာနှုန်းပြည့် မအောင်မြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥစ္စာ နည်းလမ်းမှားနေလို့ပဲ ဖြစ်ပါတယ်။ အဓိကကတော့ နိုင်ငံရေးဆွေးနွေးပွဲပဲ လုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံရေးဆွေးနွေးပွဲကို မရောက် ရောက်အောင် ဆောင်ရွက်ဖို့အတွက် ကျနော်တို့ဘက်က ပြင်ဆင်ထားတယ်ဆိုတာလေးလည်း တင်ပြပါတယ်။”
“နောက်တခုကတော့ ကျနော်တို့ ဒီမှာ နိုင်ငံရေး ဆွေးနွေးပွဲလုပ်တဲ့အခါမှာလည်း အားလုံးပါဝင်ခွင့်ရမှ ဖြစ်ပါတယ်။ ဒီအထဲမှာ တိုင်းရင်းသား ၁၃၅ မျိုး ကျနော်တို့ မြန်မာနိုင်ငံမှာ အခု ရှိပါတယ်။ သူတို့တွေ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့လည်း ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ နောက် အစိုးရ ပါပါမယ်။ လွှတ်တော် ပါပါမယ်။ နိုင်ငံရေးပါတီတွေ ပါပါမယ်။ နောက် လူထုလူတန်းစား အဖွဲ့အစည်းတွေ အားလုံး ပါဝင်တဲ့ တိုင်းရင်းသား အစည်းအဝေးကြီးတစ်ခု ကျင်းပပြီးတော့မှ အဖြေတစ်ခု အကောင်းဆုံး အဖြေတစ်ခုကို ရဖို့ကို ကျနော်တို့ လုပ်သွားမှာဖြစ်ကြောင်းလည်း တင်ပြအပ်ပါတယ်။”
ဆက်လက်ပြီးတော့လည်း မကြာသေးခင်က တအောင်းပလောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနဲ့ အပစ်အခတ် ရပ်စဲရေးအခြေအနေကို ဆွေးနွေးပွဲ တက်ရောက်သူတစ်ဦးက မေးမြန်းတဲ့အခါမှာ ဦးအောင်မင်း က အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။
“ပလောင်လူမျိုးတွေကိစ္စကတော့ ကျနော် ၃၁ ရက်နေ့က မူဆယ်မှာ သွားပြီးတော့ အစည်းအဝေးလုပ်ခဲ့ပါတယ်။ သူတို့နဲ့ ကျနော်တို့ အသေးစိတ် ညှိနှိုင်းပြီး ဖြစ်ပါတယ်။ အခု နောက်တခါလုပ်မယ့် အစည်းအဝေးကို ပလောင်ရဲ့မြို့တော် နမ့်ဆမ်မှာ လုပ်မှာဖြစ်ပါတယ်။ အဲ့ဒီမှာ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတဲ့အခါမှာ သူတို့လည်း ဒီ process ထဲမှာ ပါအောင် ကျနော် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ကျနော် တင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ။”
အဲ့ဒီနောက်မှာတော့ အထူးဧည့်သည်များ ဧည့်ခန်းမှာ ဝန်ကြီး ဦးအောင်မင်းက ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီတို့ရဲ့ အပစ်အခတ်ရပ်စဲရေး အခြေအနေတွေကို တံခါးပိတ် ဆွေးနွေးပြောကြားခဲ့ပါတယ်။
နယ်မြေတောင်းဆိုမှုမရှိတဲ့ ABSDF နဲ့ နောက်တဆင့်ဖြစ်တဲ့ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး လာမယ့် သြဂုတ် ၁၀ ရက်နေ့မှာ ဆွေးနွေးကြတဲ့အခါ အဆင်ပြေ ချောမောလိမ့်မယ်လို့ မျှော်လင့် တဲ့အကြောင်း ဦးအောင်မင်းက ပြောဆိုခဲ့တယ်လို့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးက ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။
ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးအုန်းမြင့်တို့ဟာ ၈ လေးလုံး အရေးတော်ပုံကာလ သတင်းစာများပြခန်း၊ ဓာတ်ပုံများပြခန်း၊ နိုင်ငံရေးအကျဉ်းသားများရဲ့ အကျဉ်းထောင်တိုက်ပိတ် အကျဉ်းခန်းသရုပ်ပြပွဲ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ပြခန်းတွေကိုလည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့အတူ လှည့်လည် ကြည့်ရှုခဲ့ကြပါတယ်။