သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗကသ ေခါင္းေဆာင္ေဟာင္း ဦးလွေရႊ ကယြ္လြန္ၿပီ


၆၂ ဗကသ ေခါင္းေဆာင္ ဦးလွေရႊ (ဓါတ္ပုံ - ABFSU )

[ Zawgyi ]

ေက်ာင္းသားလႈပ္ရွားမႈ သမိုင္းမွာ အထင္ကရ ပုဂၢဳိလ္တဦးျဖစ္တဲ့ ဗကသ ေက်ာင္းသားေခါင္းေဆာင္ေဟာင္း ဦးလွေရႊ အသက္ ၈၅ ႏွစ္အရြယ္မွာ ကြယ္လြန္အနိစၥ ေရာက္သြားတဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပ ထားပါတယ္။


၁၉၆၂ ေက်ာင္းသား ေခါင္းေဆာင္ေဟာင္း ဦးလွေ႐ႊဟာ ကိုဗစ္လကၡဏာလို႔ ယူဆရတဲ့ ဖ်ားနာမႈနဲ႔ ေအာက္စီဂ်င္ျပတ္သြားၿပီးေနာက္ ဇူလိုင္လ(၁၅)ရက္ ၾကာသပေတးေန႔ည (၇)နာရီ (၁၇)မိနစ္မွာ ကြယ္လြန္သြားတာျဖစ္ေၾကာင္း သမီးျဖစ္သူ မေနျခည္က VOA ကို ေျပာပါတယ္။

"အေဖက စေနေန႔မွာ စဖ်ားတာေပါ့ေနာ္။ ဖ်ားၿပီး ၂ ရက္ေလာက္မွာပဲ ေအာက္စီဂ်င္ က်သြားတယ္။ က်ေတာ့ အဲလိုပဲ ေအာက္စီဂ်င္ ဝိုင္းရွာရင္း ရွာရင္းနဲ႔ ၅ ရက္ေျမာက္ေန႔ကို ေရာက္လာတယ္။ ရွာရတာလည္း အရမ္းခက္တယ္၊ ဘယ္လိုမွ ရွာလို႔မရတဲ့ေနာက္ဆုံး ေအာက္စီဂ်င္လည္း ျပတ္ .. အသက္လည္း ဆုံးသြားတာပါပဲ။ ျပဖို႔ ၾကဳိးစားေပမယ့္ ဘယ္ေဆး႐ုံးကမွ လက္မခံဘူးေပါ့ေနာ္။ "

ဦးလွေရႊဟာ ၁၉၆၂ ခုႏွစ္ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ား အဖြဲ႕ခ်ဳပ္(ဗကသ)ရဲ႕ အတြင္းေရးမႉးအျဖစ္ တာဝန္ယူ ေဆာင္ရြက္ခဲ့ၿပီး ၊ ဆဲဗင္းဂ်ဴလိုင္လို႔ လူသိမ်ားတဲ့ ေက်ာင္းသားသမဂၢအေဆာက္အအုံကို အာဏာသိမ္း ဗိုလ္ခ်ဳပ္ေနဝင္းတို႔ရဲ႕ ေတာ္လွန္ေရးေကာင္စီက ဗုံးခြဲျဖဳိခ်ခဲ့တဲ့ လုပ္ရပ္ကို ေရွ႕တန္းမွ ဦးေဆာင္ ေတာ္လွန္ခဲ့သူျဖစ္ပါတယ္။

ဦးလွေရႊရဲ႕ ႏိုင္ငံေရးျဖတ္သန္းမႈ ခံယူခ်က္ေတြနဲ႔ ပတ္သက္လို႔ မႈိင္းရာျပည့္ ေက်ာင္းသားလႈပ္ရွားမႈ ေခါင္းေဆာင္တဦးျဖစ္တဲ့ လက္ရွိ အေမရိကန္မွာ ေနထိုင္သူ ဦးေအာင္ေစာဦးက ခုလို ေျပာပါတယ္။

" ကိုလွေရႊဟာ ၁၉၅၆ ခုႏွစ္ကေနစၿပီးေတာ့ ဒီကေန႔အခ်ိန္ထိ စစ္အာဏာရွင္စနစ္ကို ဘယ္ေတာ့မွ ဒူးမေထာက္ အည့ံမခံ ၊ အရႈံးမေပး လက္မေျမႇာက္ အလံျဖဴမတင္ မတင္စတမ္း ေတာက္ေလွ်ာက္ ဆန္႔က်င္တိုက္ပဲြဝင္ခဲ့တဲ့ သမဂၢေက်ာင္းသားေခါင္းေဆာင္ ျဖစ္တယ္။ ျဖဳိခ် ခံလိုက္ရတဲ့ ေက်ာင္းသားသမဂၢနဲ႔ ပတ္သက္တဲ့ တခ်က္ကိုပဲ က်ေနာ္ဒီေန႔ ေျပာပါမယ္။ အဲဒါကေတာ့ ေက်ာင္းသားသမဂၢႀကီး ျပန္လည္ တည္ေဆာက္လို႔ရွိရင္ ဘယ္စစ္အာဏာရွင္ တေကာင္တၿမီးရဲ႕ လက္နဲ႔မွ အုတ္ျမစ္ခ်ခြင့္ မျပဳဖို႔ .. ကိုလွေရႊက ၂၀၂၀ ဂ်ဴလိုင္လ တက္လမ္းေဆး႐ုံမွာ ေတြ႕ခဲ့တုန္း သူေျပာခဲ့တဲ့ မွတ္ခ်က္စကား ျဖစ္ပါတယ္။ "

၁၉၆၀-၆၁ ဗကသအဖြဲ႔ခ်ဳပ္မွာ အိုးေဝမဂၢဇင္း တာဝန္ခံအယ္ဒီတာ လုပ္ခဲ့တဲ့ ဦးလွေရႊဟာ ၁၉၆၂ ေနာက္ပိုင္း (ဗကသ)ရဲ႕ ေျမေပၚလႈပ္႐ွားမႈေတြ တိမ္ျမဳတ္သြားခဲ့ၿပီးေနာက္ ၊ ၁၉၈၈ မွာ (ဗကသ)ျပန္လည္ေပၚေပါက္ေရး ဦးေဆာင္ ဆက္စပ္ေပးခဲ့သူ ျဖစ္တယ္လို႔လည္း ဗကသအဖြဲ႕ဝင္ေတြက ဆိုပါတယ္။

၁၉၆၀-၆၁ ဗကသ အဖြဲ႔ခ်ဳပ္ အလုပ္အမႈေဆာင္မ်ား
၁၉၆၀-၆၁ ဗကသ အဖြဲ႔ခ်ဳပ္ အလုပ္အမႈေဆာင္မ်ား


ဦးလွေရႊဟာ ၁၉၈၈ ခုေနာက္ပိုင္း ျပည္သူ႔တိုးတက္ေရးပါတီ(PPP) ေခါင္းေဆာင္တဦးအျဖစ္ ဆက္လက္ရပ္တည္ခဲ့သူပါ။ အာဏာရွင္ဆန္႔က်င္ေရးအတြက္ ႏိုင္ငံေရးကို စိုက္လိုက္မတ္တပ္ လုပ္လာခဲ့တဲ့ ဦးလွေရႊဟာ အႀကိမ္ႀကိမ္ ဖမ္းဆီးေထာင္ခ်ခံရသူလည္းျဖစ္ၿပီး ၊ ေအာင္သာ(PPP)ဆိုတဲ့ ကေလာင္အမည္နဲ႔ စာေရးသားေနတဲ့ စာေရးဆရာတဦးလည္း ျဖစ္ပါတယ္။

ဦးလွေရႊရဲ႕ ႐ုပ္အေလာင္းကို ဇူလိုင္(၁၆)ရက္ ေသာၾကာ ဒီကေန႔မွာ မီးသၿဂႋဳလ္ဖို႔ လ်ာထားေပမယ့္၊ ရန္ကုန္ျမဳိ႕မွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူ မ်ားျပားေနတဲ့ကာလ ျဖစ္ေနလို႔ ၊ ေရေဝး ဒါမွမဟုတ္ ထိန္ပင္- ဘယ္သခၤ်ဳိင္းမွာ မီးသၿဂႋဳလ္ခြင့္ရမလဲဆိုတဲ့ အာဏာပိုင္ေတြရဲ႕ ခြင့္ျပဳခ်က္ကို ေစာင့္ဆိုင္းေနရဆဲျဖစ္ေၾကာင္း သမီးျဖစ္သူ မေနျခည္က ေျပာပါတယ္။

ဗကသ ေခါင္းေဆာင္ေဟာင္း ဦးလွေရႊ ကယြ္လြန္ၿပီ
please wait

No media source currently available

0:00 0:02:54 0:00
တိုက္႐ိုက္ လင့္ခ္

[ Unicode ]

ဗကသ ခေါင်းဆောင်ဟောင်း ဦးလှရွှေ ကယွ်လွန်ပြီ

ကျောင်းသားလှုပ်ရှားမှု သမိုင်းမှာ အထင်ကရ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေ အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်အနိစ္စ ရောက်သွားတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

၁၉၆၂ ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးလှရွှေဟာ ကိုဗစ်လက္ခဏာလို့ ယူဆရတဲ့ ဖျားနာမှုနဲ့ အောက်စီဂျင်ပြတ်သွားပြီးနောက် ဇူလိုင်လ(၁၅)ရက် ကြာသပတေးနေ့ည (၇)နာရီ (၁၇)မိနစ်မှာ ကွယ်လွန်သွားတာဖြစ်ကြောင်း သမီးဖြစ်သူ မနေခြည်က VOA ကို ပြောပါတယ်။

"အဖေက စနေနေ့မှာ စဖျားတာပေါ့နော်။ ဖျားပြီး ၂ ရက်လောက်မှာပဲ အောက်စီဂျင် ကျသွားတယ်။ ကျတော့ အဲလိုပဲ အောက်စီဂျင် ဝိုင်းရှာရင်း ရှာရင်းနဲ့ ၅ ရက်မြောက်နေ့ကို ရောက်လာတယ်။ ရှာရတာလည်း အရမ်းခက်တယ်၊ ဘယ်လိုမှ ရှာလို့မရတဲ့နောက်ဆုံး အောက်စီဂျင်လည်း ပြတ် .. အသက်လည်း ဆုံးသွားတာပါပဲ။ ပြဖို့ ကြိုးစားပေမယ့် ဘယ်ဆေးရုံးကမှ လက်မခံဘူးပေါ့နော်။ "

ဦးလှရွှေဟာ ၁၉၆၂ ခုနှစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)ရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ၊ ဆဲဗင်းဂျူလိုင်လို့ လူသိများတဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံကို အာဏာသိမ်း ဗိုလ်ချုပ်နေဝင်းတို့ရဲ့ တော်လှန်ရေးကောင်စီက ဗုံးခွဲဖြိုချခဲ့တဲ့ လုပ်ရပ်ကို ရှေ့တန်းမှ ဦးဆောင် တော်လှန်ခဲ့သူဖြစ်ပါတယ်။

ဦးလှရွှေရဲ့ နိုင်ငံရေးဖြတ်သန်းမှု ခံယူချက်တွေနဲ့ ပတ်သက်လို့ မှိုင်းရာပြည့် ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်တဲ့ လက်ရှိ အမေရိကန်မှာ နေထိုင်သူ ဦးအောင်စောဦးက ခုလို ပြောပါတယ်။

" ကိုလှရွှေဟာ ၁၉၅၆ ခုနှစ်ကနေစပြီးတော့ ဒီကနေ့အချိန်ထိ စစ်အာဏာရှင်စနစ်ကို ဘယ်တော့မှ ဒူးမထောက် အညံ့မခံ ၊ အရှုံးမပေး လက်မမြှောက် အလံဖြူမတင် မတင်စတမ်း တောက်လျှောက် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့ သမဂ္ဂကျောင်းသားခေါင်းဆောင် ဖြစ်တယ်။ ဖြိုချ ခံလိုက်ရတဲ့ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်တဲ့ တချက်ကိုပဲ ကျနော်ဒီနေ့ ပြောပါမယ်။ အဲဒါကတော့ ကျောင်းသားသမဂ္ဂကြီး ပြန်လည် တည်ဆောက်လို့ရှိရင် ဘယ်စစ်အာဏာရှင် တကောင်တမြီးရဲ့ လက်နဲ့မှ အုတ်မြစ်ချခွင့် မပြုဖို့ .. ကိုလှရွှေက ၂၀၂၀ ဂျူလိုင်လ တက်လမ်းဆေးရုံမှာ တွေ့ခဲ့တုန်း သူပြောခဲ့တဲ့ မှတ်ချက်စကား ဖြစ်ပါတယ်။ "

၁၉၆၀-၆၁ ဗကသအဖွဲ့ချုပ်မှာ အိုးဝေမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ လုပ်ခဲ့တဲ့ ဦးလှရွှေဟာ ၁၉၆၂ နောက်ပိုင်း (ဗကသ)ရဲ့ မြေပေါ်လှုပ်ရှားမှုတွေ တိမ်မြုတ်သွားခဲ့ပြီးနောက် ၊ ၁၉၈၈ မှာ (ဗကသ)ပြန်လည်ပေါ်ပေါက်ရေး ဦးဆောင် ဆက်စပ်ပေးခဲ့သူ ဖြစ်တယ်လို့လည်း ဗကသအဖွဲ့ဝင်တွေက ဆိုပါတယ်။

ဦးလှရွှေဟာ ၁၉၈၈ ခုနောက်ပိုင်း ပြည်သူ့တိုးတက်ရေးပါတီ(PPP) ခေါင်းဆောင်တဦးအဖြစ် ဆက်လက်ရပ်တည်ခဲ့သူပါ။ အာဏာရှင်ဆန့်ကျင်ရေးအတွက် နိုင်ငံရေးကို စိုက်လိုက်မတ်တပ် လုပ်လာခဲ့တဲ့ ဦးလှရွှေဟာ အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခံရသူလည်းဖြစ်ပြီး ၊ အောင်သာ(PPP)ဆိုတဲ့ ကလောင်အမည်နဲ့ စာရေးသားနေတဲ့ စာရေးဆရာတဦးလည်း ဖြစ်ပါတယ်။

ဦးလှရွှေရဲ့ ရုပ်အလောင်းကို ဇူလိုင်(၁၆)ရက် သောကြာ ဒီကနေ့မှာ မီးသင်္ဂြိုလ်ဖို့ လျာထားပေမယ့်၊ ရန်ကုန်မြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူ များပြားနေတဲ့ကာလ ဖြစ်နေလို့ ၊ ရေဝေး ဒါမှမဟုတ် ထိန်ပင်- ဘယ်သင်္ချိုင်းမှာ မီးသင်္ဂြိုလ်ခွင့်ရမလဲဆိုတဲ့ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း သမီးဖြစ်သူ မနေခြည်က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG