သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလောင်းများ လွှတ်တော်တွင်း အဆိုတင်

အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်းလိုက်တဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီ ဗန်ထီးယူ
1/12 အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်းလိုက်တဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီ ဗန်ထီးယူ
အသေးစိတ် ဖတ်ရှုရန် Show less
ပြည်သူ့လွှတ်တော်အစုအဖွဲ့ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တင်သွင်းတဲ့ ဒုတိယသမ္မတလောင်း ဦးထင်ကျော်။
2/12 ပြည်သူ့လွှတ်တော်အစုအဖွဲ့ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တင်သွင်းတဲ့ ဒုတိယသမ္မတလောင်း ဦးထင်ကျော်။
အသေးစိတ် ဖတ်ရှုရန် Show less
ဒုတိယသမ္မတလောင်း ဦးဟင်နရီဗန်ထီးယူ
3/12 ဒုတိယသမ္မတလောင်း ဦးဟင်နရီဗန်ထီးယူ
အသေးစိတ် ဖတ်ရှုရန် Show less
ဒုတိယသမ္မတလောင်း ဦးခင်အောင်မြင့်
4/12 ဒုတိယသမ္မတလောင်း ဦးခင်အောင်မြင့်
အသေးစိတ် ဖတ်ရှုရန် Show less
An Cafke Maganin Jabu
5/12 An Cafke Maganin Jabu
အသေးစိတ် ဖတ်ရှုရန် Show less
ပြည်သူ့လွှတ်တော်မှာ သမ္မတလောင်း အမည်စာရင်းတင်သွင်း။
6/12 ပြည်သူ့လွှတ်တော်မှာ သမ္မတလောင်း အမည်စာရင်းတင်သွင်း။
အသေးစိတ် ဖတ်ရှုရန် Show less
အမျိုးသားလွှတ်တော်
7/12 အမျိုးသားလွှတ်တော်
အသေးစိတ် ဖတ်ရှုရန် Show less
ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒေါ်ခင်စန်းလှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်း
8/12 ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒေါ်ခင်စန်းလှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်း
အသေးစိတ် ဖတ်ရှုရန် Show less
Women dressed in the traditional clothes of the Sorbs carry the statue of Virgin Mary during a procession in the church in Rosenthal, Germany.
9/12 Women dressed in the traditional clothes of the Sorbs carry the statue of Virgin Mary during a procession in the church in Rosenthal, Germany.
အသေးစိတ် ဖတ်ရှုရန် Show less
ချင်းတိုင်းရင်းသားတဦးဖြစ်သူ ဦး Henry ဗန်ထီးယူကို အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်း။
10/12 ချင်းတိုင်းရင်းသားတဦးဖြစ်သူ ဦး Henry ဗန်ထီးယူကို အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် NLD ကတင်သွင်း။
အသေးစိတ် ဖတ်ရှုရန် Show less
ပြည်ခိုင်ဖြိုးပါတီ ဒုသမ္မတလောင်း အမည်စာရင်းတင်သွင်း
11/12 ပြည်ခိုင်ဖြိုးပါတီ ဒုသမ္မတလောင်း အမည်စာရင်းတင်သွင်း
အသေးစိတ် ဖတ်ရှုရန် Show less
သမ္မတလောင်းအဖြစ် တင်သွင်းခံရသူ ချင်းတိုင်းရင်းသား ဟင်နရီဗန်ထီးယူ
12/12 သမ္မတလောင်းအဖြစ် တင်သွင်းခံရသူ ချင်းတိုင်းရင်းသား ဟင်နရီဗန်ထီးယူ
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

အများကြိုတင်ခန့်မှန်းထားတဲ့အတိုင်း အမျိူးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်သူ့ လွှတ်တော် အစုအဖွဲ့ကနေ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းရဲ့ ဒါရိုက်တာ အဖွဲ့ဝင် ဦးထင်ကျော် ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားလွှတ်တော် အစုအဖွဲ့ကတော့ မထင်မှတ်ထားတဲ့ ချင်းတိုင်းရင်းသား NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Henry ဗန်ထီးယူကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို သွားရောက် သတင်းယူခဲ့တဲ့ ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ မနက် ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအှာ အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုုပ်ရဲ့ ပုလဲဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ကနေ ဦးထင်ကျော်ကို ဒုသမ္မတလောင်းအဖြစ် အခုလိုအမည်စာရင်း တင်သွင်းလိုက်ပါတယ်။

" ကျမအနေဖြင့် ပြည်သူ့လွှတ်တော်အတွက် ဒုတိယသမ္မတလောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစုအဖွဲ့အနေနဲ့ ဦးထင်ကျော်အား တင်သွင်းအပ်ပါတယ်ရှင်။"

ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကသာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်က ထောက်ခံလိုက်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာလိုက်ပါတယ်။

"ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတလောင်းအဆိုပြုလွှာ တင်သွင်းရာမှာ ဦးထင်ကျော် ကို ဒေါ်ခင်စန်းလှိုင် ပုလဲမဲဆန္ဒနယ်က အဆိုတင်သွင်းပြီး ဦးမြင့်ကြည် ကသာ မဲဆန္ဒနယ်က ထောက်ခံတင်ပြထားပါတယ်။"

မြန်မာ့စာပေလောကမှာ အထင်ကရ ဂ န္တဝင်မြောက် ပညာရှင်ကြီး မင်းသုဝဏ်ရဲ့ ဒုတိယသား၊ အသက် ၇၀ အရွယ် ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် လူမှုရေးနယ်ပယ်မှာ အားထားရသူတဦးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းမှာ ဒါရိုက်တာအဖွဲ့ဝင်တဦးအဖြစ် လူမှုရေးလုပ်ငန်းတွေကို ထဲထဲဝင်ဝင် ဆောင်ရွက်နေသူဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်အစုအဖွဲ့ကနေ လက်ရှိ ဒုသမ္မတလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာ စိုင်းမောက်ခမ်းကို ဒုသမ္မတလောင်းအဖြစ် မိထ္ထှီလာမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းကအဆိုတင်သွင်းပြီး၊ ဇေယျာသီရိမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်းကထောက်ခံခဲ့ပါတယ်။

သမ္မတရွေးချယ်တဲ့ လုပ်ငန်းစဉ်မှာ ပြည်ခိုင်ဖြိုးပါတီက ပူးပေါင်း ပါဝင်တာဖြစ်သလို၊ အရည်အချင်းပြည့်ဝတဲ့သူတွေကို ရွေးချယ်ကြဖို့မျှော်လင့်တယ်လို့ ဦးလှဌေးဝင်းက VOA ကိုပြောပါတယ်။

"ကျနော်တို့ဘက်က စွမ်းရည်ရှိတဲ့သူတွေ၊ အတွေ့အကြုံရှိတဲ့သူတွေ အဲ့လိုလူတွေကို တိုင်းပြည်အတွက် ကျေျနာ်တို့ဘက်က ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကြီးထဲမှာ ပါဝင်ပေးတဲ့သဘောမျိုးပါပဲ။ သင့်တော်လို့ တော်လို့ အားလုံးက ကြိုက်လို့ ရွေးရင်လည်း နိုင်ငံအတွက် အကျိုးရှိမယ့် ကိစ္စပါ။"

အမျိုးသားလွှတ်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစုအဖွဲ့ကနေ အများကြိုတင် မခန့်မှန်းထားတဲ့ ချင်းတိုင်းရင်းသား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဟင်နရီ ဗန်ထီးယူနဲ့ ပြည်ခိုင်ဖြျိုးပါတီ အစုအဖွဲ့ကနေတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦခင်အောင်မြင့်ကို ဒုတိယသမ္မတလောင်းတွေအဖြစ်အသီးသီး အမည်စာရင်း တင်သွင်းလိုက်ကြပါတယ်။

" သမ္မတလောင်း အမည်စာရင်း တင်သွင်းခံရသူများကို အက္ခရာစဉ်လိုက် ကြေညာပါမယ်။ ဦးခင်အောင်မြင့် မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)၊ ဦးဟင်နရီဗန်ထီးယူ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃) တို့ ဖြစ်ပါတယ်။ "

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရွေးချယ်စိစစ်ရေးအဖွဲ့ကို လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ ဒုဥက္ကဋ္ဌ ၂ ဦး၊ ပြည်သူနဲ့ အမျိုးသားလွတ်တော်က ကိုယ်စားလှယ် ၂ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၁ ဦးနဲ့ ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော် ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒဂုံမြို့သစ် အရှေ့ပိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိူးအောင်နဲ့ အမျိုးသားလွတ်တော်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်၅ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းတို့ကို အဖွဲ့ဝင်အဖြစ် မဲပေးရွေးချယ်ခဲ့ပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ ဒုသမ္မတလောင်းစိစစ်ရေးအဖွဲ့ကနေ ဒီကနေ့တင်သွင်းလာတဲ့ ဒုသမ္မတလောင်းတွေ အရည်အချင်းပြည့်မှီခြင်းရှိ မရှိ ၂၄ နာရီအတွင်း စိစစ်ရမှာဖြစ်ပါတယ်။မနက်ဖန်သောကြာနေ့မှာတော့ လွတ်တော် ၂ ရပ် အစုအဖွဲ့တွေရဲ့ ဒုသမ္မတရွေးချယ်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက် ကျင်းပကြမှာဖြစ်ပါတယ်။

XS
SM
MD
LG