သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံမှု ပြန်ခေါ်သက်သေထွက်ချက် သံသယဖြစ်ဖွယ်ရှိဟု တရားလိုရှေ့နေ သုံးသပ်


NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကိုအမှုကို ကြားနာ စစ်ဆေးရာမှာတော့ ပြန်ခေါ်သက်သေတွေကို ခေါ်ယူ စစ်ဆေးတဲ့အထဲ ရဲမှူးတင်မောင်ဆွေရဲ့ထွက်ဆိုချက်က သံသရ ဖြစ်ဖွယ်ရာတွေ ရှိခဲ့တယ်လို့ တရားလို ရှေ့နေဦးနေလက ဗွီအိုအေကိုပြောပါတယ်။ ဒီကနေ့ စစ်ဆေးရာမှာတော့ ပြန်ခေါ်သက်သေတွေအဖြစ် ရဲအရာရှိ ၂ယောက်နဲ့ ဖေယျာဖြိုးရဲ့ Companyက ဝန်ထမ်း၂ယောက်ကို ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပါတယ်။အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုအတွက် သံသယရှိခံထားရသူ ကြည်လင်း၊ အောင်ဝင်းဇော် ဇေယျာဖြိုးနဲ့ မကြာသေးခင်က အာမခံ ရသွားတဲ့ အောင်ဝင်းထွန်းတို့ရဲ့ အမှုအတွက် ပြန်ခေါ် သက်သေတွေစစ်ဆေးရာမှာတော့ ၃၇ယောက် ရှိသွားပီဖြစ်ပါတယ်။အဲဒီလို အမှုအတွက် ပြန်ခေါ် သက်သေတွေကို စစ်ဆေးရာမှာတော့ မနေ့က ထွက်ဆိုခဲ့တဲ့ ရဲမှူးတင်မောင်ဆွေရဲ့ ထွက်ဆိုချက်တွေက သံသရ ဖြစ်ဖွယ်ရာ ရှိခဲ့တယ်လို့ တရားလို ရှေ့နေဦးနေလက ပြောပါတယ်။

"ရဲမှူးတင်မောင်ဆွေရဲ့ ထွက်ဆိုချက်က ကျနော်တို့ သံသရဖြစ်ဖွယ်တွေ ရှိခဲ့တယ်။သူဟာ တရားရုံးရှေ့မှာ သူတာဝန်ယူ ဆောင်ရွက်ရတဲ့ အမှုမှာ မှန်ကန်စွာ ထွက်ဆိုခြင်းမရှိဖူး။ သံသရဖြစ်ဖွယ်ကောင်းတဲ့ ထွက်ဆိုချက်တွေ ပေးခဲ့တယ်ဆိုတဲ့ အချက်ကို အရင်ဆုံးပြောချင်ပါတယ်။ရဲမှူးတင်မောင်ဆွေဟာ အမှုစစ် ရဲအရာရှိဖြစ်ပါတယ်။ရဲမှူးတင်မောင်ဆွေ အနေနဲ့ တရားရုံးရှေ့မှာ ထွက်တဲ့အခါကျတော့ ဇေယျာဖြိုးကို အကာအကွယ်ပေးဖို့ အတွက်ကို သူက အောင်ဝင်းဇော်ကို ပြင်းပြင်းထန်ထန် ပုံချပီးတော့ ထွက်ဆိုခဲ့တာတွေ ကျနော်တွေ့ရပါတယ်။"

မနေ့က ပြန်ခေါ် သက်သေအနေနဲ့ လာရောက်ထွက်ဆိုတဲ့ ပြည်ခိုင်ဖြိုးပါတီက မိုင်းဖြတ်မြို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ဦးနေ့ဦးကိုနီ လုပ်ကြံမှုမှာ ပါဝင်သူ အောင်စိုးလို့ သိထားတယ် ဆိုပီးမှားယွင်းထွက်ဆိုခဲ့တာပါ။အဲဒီလို လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ တရားခွင်မှာ မှားယွင်းထွက်ဆိုခြင်းဟာ တရားဥပဒေ အကြောင်းအရ အရေးယူလို့ရတယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောပါတယ်။

"ဇေယျာဖြိုးကို အကာအကွယ်ပေးဖို့အတွက်ကို သူက အောင်ဝင်းဇော်ကို ပုံချပြီးတော့ ထွက်ဆိုခဲ့တာတွေ ကျနော်တို့ တွေ့ရပါတယ်။"

ဒီကနေ့မှာလည်း ပြန်ခေါ်သက်သေအဖြစ် ရဲအရာရှိ၂ဦးနဲ့ ဇေယျာဖြိုးရဲ့ ကုမ္ပဏီဝန်ထမ်း၂ဦးကို ခေါ်ယူစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ဒီကနေ့ ကြားနာ စစ်ဆေးမှုဟာ ၅၀ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။လာမယ့်အပတ်ကြာသပတေးနေ့မှာတော့ တရားခံတွေကို စတင်စစ်ဆေးသွားမှာလည်း ဖြစ်ပါတယ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG