သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ႏိုင္ငံတကာ ပ်က္ကြက္မႈ ကုလအတြင္းေရးမႉးခ်ဳပ္ ဝန္ခံ


UN Secretary-General, António Guterres urges ASEAN member states cooperatively maintain peace in Myanmar, during a press conference at the ASEAN Summit in Phnom Penh, on November 12, 2022. (Khan Sokummono/VOA Khmer)

ျမန္မာ့အေရးမွာ ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာဘက္က တာဝန္ပ်က္ကြက္ခဲ့တယ္လို႔ ကုလသမဂၢအႀကီးအကဲက ဒီကေန႔ ဝန္ခံေျပာဆိုလိုက္ပါတယ္။ ကေမာၻဒီယားႏိုင္ငံမွာ က်င္းပေနတဲ့ အာဆီယံထိပ္သီးညီလာခံနဲ႔ ဆက္စပ္စည္းေဝးေတြကို တက္ေရာက္ေနတဲ့ ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ Antonio Guterres က ဖႏြမ္းပင္ၿမိဳ႕ေတာ္မွာ ဒီကေန႔ သတင္းစာရွင္းလင္းပြဲ က်င္းပခ်ိန္ ေ်ပာဆိုၾသားတာပါ။

“ျမန္မာနဲ႔ပတ္သက္ၿပီး အားလုံး တာဝန္ပ်က္ကြက္လာခဲ့ပါတယ္။ ႏိုင္ငံတကာအသိုင္းအဝိုင္း တခုလုံး ပ်က္ကြက္လာခဲ့တာပါ၊ ကုလသမဂၢ ဆိုတာလည္း ဒီ ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ အစိတ္အပိုင္းတခုအျဖစ္ ပါပါတယ္။ ျမန္မာျပည္သူေတြ ခံစားလာေနရတာကို ေတြ႔ေနရတာ ႀကီးမားျပင္းထန္လြန္းပါတယ္။” လို႔ ကုလအႀကီးအကဲက အေလးအနက္ ေျပာလိုက္တာပါ။

မေန႔က အာဆီယံထိပ္သီးပြဲမွာပဲ ျမန္မာဘက္က ပ်က္ကြက္ခဲ့တဲ့ ဘုံသေဘာတူခ်က္ (၅) ရပ္အေပၚ တိုင္းတာႏိုင္တဲ့ တိုးတက္မႈရလာေရး အခ်ိန္ဇယား သတ္မွတ္ဖို႔ ဆုံးျဖတ္လိုက္ခ်ိန္မွာ၊ အာဆီယံအေနနဲ႔ ေရွ႕ဆက္ပိုဖိအားေပး လုပ္ႏိုင္ဖို႔ ေမွ်ာ္လင့္တဲ့အေၾကာင္းနဲ႔ အလွည့္က် ဥကၠ႒သစ္ျဖစ္လာမယ့္ အင္ဒိုနီးရွားလက္ထက္မွာ ပိုထိေရာက္ေအာင္ တြန္းႏိုင္ဖို႔ ယုံၾကည္ထားတဲ့အေၾကာင္းလည္း မစၥတာ Guterres က ေျပာပါတယ္။

ျမန္မာဘက္က တိုးတက္မႈရွိေအာင္ မေဆာင္႐ြက္ႏိုင္ဘူးဆိုရင္ ျမန္မာႏိုင္ငံကို ထိပ္သီးပြဲေတြနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီး အစည္းအေဝးအျပင္ ေနာက္ထပ္ အစည္းအေဝးေတြမွာပါ တက္ခြင့္မေပးႏိုင္တဲ့သေဘာ အာဆီယံကလည္း ေျပာထားပါတယ္။ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ မိတ္ဘက္ေတြ အေနနဲ႔ ျမန္မာကိစၥကို ပိုမိုဝိုင္းကူေပးဖို႔လည္း အာဆီယံက ေၾကညာခ်က္မွာ တိုက္တြန္းထားပါတယ္။

မစၥတာ Guterres ကေတာ့ သူ႔အေနနဲ႔ အင္ဒိုနီးရွားသမၼတနဲ႔ နီးနီးကပ္ကပ္ ပူးေပါင္းေဆာင္႐ြက္ေနၿပီး သူ႔ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer ကိုလည္း အာဆီယံအထူးကိုယ္စားလွယ္နဲ႔ နီးနီးကပ္ကပ္ ပူးေပါင္းေဆာင္႐ြက္ဖို႔ မွာၾကားထားတယ္လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံအတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ အိမ္မက္ဆိုးေတြနဲ႔ ေဒသတြင္း ၿငိမ္းခ်မ္းတည္ၿငိမ္ေရး ၿခိမ္းေျခာက္ေနတာေတြကို ရပ္တန႔္ႏိုင္ဖို႔ တခုတည္းေသာလမ္းက ျမန္မာႏိုင္ငံ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးလမ္းေၾကာင္းေပၚ ခ်က္ခ်င္းျပန္တက္လာဖို႔ပါပဲလို႔လည္း ကုလသမဂၢ အတြင္းေရးမႉခ်ဳပ္ Guterress က ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ ေထာက္ျပေျပာဆိုသြားခဲ့ပါတယ္။

==== Unicode =====

မြန်မာ့အရေးမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဘက်က တာဝန်ပျက်ကွက်ခဲ့တယ်လို့ ကုလသမဂ္ဂအကြီးအကဲက ဒီကနေ့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ကမ္ဘောဒီယားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်စည်းဝေးတွေကို တက်ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ဖနွမ်းပင်မြို့တော်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပချိန် ေျပာဆိုသြားတာပါ။

“မြန်မာနဲ့ပတ်သက်ပြီး အားလုံး တာဝန်ပျက်ကွက်လာခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်း တခုလုံး ပျက်ကွက်လာခဲ့တာပါ၊ ကုလသမဂ္ဂ ဆိုတာလည်း ဒီ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတခုအဖြစ် ပါပါတယ်။ မြန်မာပြည်သူတွေ ခံစားလာနေရတာကို တွေ့နေရတာ ကြီးမားပြင်းထန်လွန်းပါတယ်။” လို့ ကုလအကြီးအကဲက အလေးအနက် ပြောလိုက်တာပါ။

မနေ့က အာဆီယံထိပ်သီးပွဲမှာပဲ မြန်မာဘက်က ပျက်ကွက်ခဲ့တဲ့ ဘုံသဘောတူချက် (၅) ရပ်အပေါ် တိုင်းတာနိုင်တဲ့ တိုးတက်မှုရလာရေး အချိန်ဇယား သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ချိန်မှာ၊ အာဆီယံအနေနဲ့ ရှေ့ဆက်ပိုဖိအားပေး လုပ်နိုင်ဖို့ မျှော်လင့်တဲ့အကြောင်းနဲ့ အလှည့်ကျ ဥက္ကဋ္ဌသစ်ဖြစ်လာမယ့် အင်ဒိုနီးရှားလက်ထက်မှာ ပိုထိရောက်အောင် တွန်းနိုင်ဖို့ ယုံကြည်ထားတဲ့အကြောင်းလည်း မစ္စတာ Guterres က ပြောပါတယ်။

မြန်မာဘက်က တိုးတက်မှုရှိအောင် မဆောင်ရွက်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံကို ထိပ်သီးပွဲတွေနဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးအပြင် နောက်ထပ် အစည်းအဝေးတွေမှာပါ တက်ခွင့်မပေးနိုင်တဲ့သဘော အာဆီယံကလည်း ပြောထားပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မိတ်ဘက်တွေ အနေနဲ့ မြန်မာကိစ္စကို ပိုမိုဝိုင်းကူပေးဖို့လည်း အာဆီယံက ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

မစ္စတာ Guterres ကတော့ သူ့အနေနဲ့ အင်ဒိုနီးရှားသမ္မတနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပြီး သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ကိုလည်း အာဆီယံအထူးကိုယ်စားလှယ်နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ မှာကြားထားတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အိမ်မက်ဆိုးတွေနဲ့ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး ခြိမ်းခြောက်နေတာတွေကို ရပ်တန့်နိုင်ဖို့ တခုတည်းသောလမ်းက မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ် ချက်ချင်းပြန်တက်လာဖို့ပါပဲလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူချုပ် Guterress က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG