သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း ငတ်မွတ်ခေါင်းပါးမှု အန္တရာယ် WFP အကြီးအကဲ သတိပေး


FILE - World Food Program chief David Beasley meets with villagers in the village of Wagalla in northern Kenya, Aug. 19, 2022.
ကမ္ဘာပေါ်က ငတ်မွတ်ခေါင်းပါးသူတွေအတွက် စားနှပ်ရိက္ခာအကူအညီ ဒေါ်လာဘီလျံနဲ့ချီ အကူအညီလိုအပ်နေပြီး၊ အဲဒီ အကူအညီတွေ မရဘူးဆိုရင်၊ လာမယ့် ၁ နှစ် ကနေ ၁ နှစ်ခွဲအတွင်းမှာ ရွှေ့ပြောင်းအခြေချနေထိုင်မှုတွေ၊ မတည်ငြိမ်တဲ့နိုင်ငံတွေနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေ အကြီးအကျယ် ကြုံရနိုင်တယ်လို့ ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့ WFP အကြီးအကဲ David Beasley သောကြာနေ့က သတိပေးလိုက်ပါတယ်။

လတ်တလော စားနပ်ရိက္ခာ ပြတ်လပ်မှု အကျပ်အတည်းတွေ ကြုံနေရတဲ့ကြောင်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ သူဌေးကြီးတွေ အနေနဲ့ သူတို့ရထားတဲ့ အကျိုးအမြတ် ပိုင်ဆိုင်မှု ဒေါ်လာထရီလီယံ ၄၀၀ လောက် ရှိနေချိန်မှာ၊ ဒေါ်လာဘီလျံ အနည်းငယ် ပြန်လည် လှူဒါန်းပေးဖို့ အကူအညီတောင်းတာဟာ အများကြီး တောင်းဆိုရာ မရောက်ပါဘူးလို့ WFP အကြီးအကဲ David Beasley က မနေ့က အေပီသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောသွားတာပါ။

ဘီလျံနာ သူူဌေးကြီးတွေဟာ ကိုဗစ်ကပ်ရောဂါကာလမှာ ဘယ်တုန်းကမှနဲ့ မတူတဲ့ စီးပွားရေး အမြတ်အစွန်းတွေ ရခဲ့ကြတာကို ထောက်ပြပြီး ခုချိန်မှာ အများကို လှူဒါန်းဖို့ သူက တိုက်တွန်းပါတယ်။

WFP အနေနဲ့ ဒီနှစ် စားနှပ်ရိက္ခာအကူအညီ ပေးဖို့အတွက် လိုအပ်တဲ့ ဒေါ်လာ ၂၃ ဘီလျံ မရမှာကို သူ့အနေနဲ့ အထူးစိုးရိမ်နေပြီး၊ တရုတ်နိုင်ငံအပါအဝင် ပင်လယ်ကွေ့ဒေသနိုင်ငံတွေနဲ့ အချမ်းသာဆုံး ဘီလျံနာသူဌေးကြီးတွေက အခုလိုအရေးကြီးတဲ့ အချိန်မှာ ကူညီဖို့ တိုက်တွန်းနေတာပါ။ လက်ရှိ လိုအပ်နေတဲ့ အကူအညီ ပမာဏရဲ့ ၄၀ % လောက် ဝိုင်းဝန်းလှူဒါန်းကြရင်တောင် အံ့သြဝမ်းသာရမယ့် အကြောင်းလည်း သူကပြောပါတယ်။

WFP ဟာ မနှစ်တုန်းကလည်း အလာတူး ပြဿနာကြုံခဲ့ရပြီး ၊ ကံကောင်းစွာနဲ့ အမေရိကန်နဲ့ ဂျာမနီနိုင်ငံတွေက အကူအညီတွေ တိုးပေးခဲ့ကြပါတယ်။ အမေရိကန်က ၃.၅ ဘီလျံကနေ ၇.၄ ဘီလျံအထိ တိုးပေးခဲ့ပြီး၊ ဂျာမနီက သန်း ၃၅၀ ကနေ ၁.၇ ဘီလျံအထိ တိုးပေးခဲ့ပြီး ဒီနှစ်မှာတော့ အမေရိကန်နဲ့ ဂျာမနီဆီက ထပ်တိုးလာဖို့ မမျှော်လင့်ဘူးလို့ ပြောပါတယ်။ တရုတ်နိုင်ငံကတော့ မနှစ်က ဒေါ်လာ ၁၁ သန်းပဲ ပေးခဲ့တာ ဖြစ်ပါတယ်။

=== Unicode ====






XS
SM
MD
LG