သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ NLD ဝန္ႀကီးခ်ဳပ္နဲ႔ စည္ပင္ဝန္ႀကီး ေရြးေကာက္ပြဲပုဒ္မနဲ႔ ထပ္တိုးတရားစြဲခံရ


NLD အစိုးရလက္ထက္က ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပု

[[Zawgyi/Unicode]]

NLD အစိုးရလက္ထက္က ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုနဲ႔ စည္ပင္ဝန္ႀကီး ဦးမင္းေအာင္တို႔ကို ေ႐ြးေကာက္ပြဲနဲ႔ဆိုင္တဲ့ ပုဒ္မတခုနဲ႔ ထပ္တိုးတရားစြဲဆိုလိုက္တယ္ လို႔ သူ႔ေရွ႕ေနကေျပာပါတယ္။ လာမယ့္ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီ ၅ ရက္ေန႔မွာ အဲဒီအမႈေတြကို စတင္ၾကားနာ စစ္ေဆးသြားမွာျဖစ္ပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

NLD အစိုးရလက္ထက္ ျပည္ေထာင္စုအစိုးရနဲ႔ ျပည္နယ္၊ တိုင္းေဒသႀကီး အစိုးရအဖြဲ႔ဝင္ တာဝန္ရွိသူအေတာ္မ်ားမ်ားကို စစ္ေကာင္စီက ေ႐ြးေကာက္ပြဲဆိုင္ရာ ပုဒ္မေတြနဲ႔ ထပ္ၿပီး တရားစြဲေနပါတယ္။ အမႈထပ္တိုးၿပီး တရားစြဲခံရသူေတြထဲမွာ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးညီပုနဲ႔ စည္ပင္ဝန္ႀကီးေဟာင္း ဦးမင္းေအာင္တို႔လည္းပါဝင္ပါတယ္။ ရာထူးတာဝန္ယူထားခ်ိန္မွာ ျပည္နယ္ေ႐ြးေကာက္ပြဲ မဲမသမာမႈေတြျဖစ္ေအာင္ မေလ်ာ္ၾသဇာသံုးခဲ့တယ္ဆိုၿပီး တရားစြဲဆိုတာျဖစ္တယ္လို႔ ဦးညီပုရဲ႕ ေရွ႕ေနတဦးက ေျပာပါတယ္။

“ဟုတ္တယ္။ သူ႔ကို ရာဇသတ္ႀကီးပုဒ္မ ၁၃၀(က)နဲ႔ စစ္မယ္ဆိုၿပီး မေန႔က က်ေနာ္တို႔ကိုေျပာတယ္။ မေန႔က အဂတိအမႈနဲ႔ က်ေနာ္တို႔နဲ႔ တရား႐ုံးမွာေတြ႔တယ္။ တရား႐ုံးဆိုတာက ေထာင္တြင္းတရား႐ုံးမွာေတြ႔တယ္။ ေတြ႔ေတာ့ အဂတိအမႈအျပင္ သူတို႔ကို ဒါနဲ႔ပါစြဲထားတယ္ဆိုၿပီးေတာ့ ႐ုံးခ်ိန္းေပးတယ္လို႔ က်ေနာ္တို႔ကိုေျပာတယ္။ ဦးညီပုနဲ႔ ဦးမင္းေအာင္နဲ႔ ႏွစ္ေယာက္။ အဲဒီအမႈကို ဇန္နဝါရီ ၅ ရက္ေန႔ကို ခ်ိန္း လိုက္တယ္ေျပာတယ္။ ဇန္နဝါရီ ၅ ရက္ေန႔မွာ ေရွ႕ေနကိုယ္စားလွယ္လႊဲစာ တင္မယ္ေျပာထားတယ္။”

ရခိုင္ျပည္နယ္၊ ေ႐ြးေကာက္ပြဲေကာ္မ႐ွင္အတြင္းေရးမွဴး ဦးသူရိန္ထြဋ္က တရားလိုလုပ္ၿပီး သူတို႔ႏွစ္ဦးကို တရားစဲြတာျဖစ္ပါတယ္။ လက္ရွိမွာ ဦးညီပုဟာ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လုပ္ေဆာင္မႈ ပုဒ္မ ၅၀၅-ခ အမႈနဲ႔ ေအာက္တိုဘာ ၈ ရက္ေန႔က ေထာင္ ႏွစ္ႏွစ္ ခ်မွတ္ခံထားရသလို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၅ နဲ႔လည္း အမႈ ၃ မႈနဲ႔ တရားစြဲခံထားရပါတယ္။

ဦးညီပု စဲြဆိုခံထားရတဲ့ အဂတိအမႈေတြကို လာမယ့္ ႏွစ္ဆန္းပိုင္းမွာ အၿပီးသတ္ အမိန႔္ခ်ႏိုင္ဖြယ္ ရွိေနတယ္လုိ႔ ေရွ႕ေနက ေျပာပါတယ္။

“အဲဒီအဂတိနဲ႔က်ေတာ့ အဂတိတိုက္ဖ်က္ေရး ဥပေဒ ၅၅ နဲ႔၃ မႈ ရင္ဆိုင္ေနရတယ္။ ၃ မႈရင္ဆိုင္တာမွာ က်ေနာ္တို႔ကေတာ့ တရားလိုဘက္ကိုစစ္ၿပီးၿပီ။ စြပ္စြဲခံထားရတဲ့ ဝန္ႀကီးေတြစစ္ၿပီးၿပီ။ ဝန္ႀကီးေတြရဲ႕ သက္ေသေတြကိုစစ္တဲ့ အဆင့္ေရာက္ေနပါတယ္။ အဂတိကေတာ့ေနာက္တခ်ိန္းဆိုရင္ ခံျပသက္ေသ ေတြ စစ္တာကုန္ႏိုင္တယ္ခင္ဗ်။ ေနာက္တခ်ိန္းဆိုရင္ ကုန္ႏိုင္ေနၿပီ။ ေနာက္တခ်ိန္းမွာၿပီးရင္ေနာက္တ ေခါက္ဆိုရင္ ၂ ဘက္ေလွ်ာက္လဲခ်က္ေပးမယ္။ ၿပီးရင္အမိန႔္ခ်မယ္ဆိုေတာ့ ေနာက္႐ုံးခ်ိန္း ၃ ခ်ိန္းေလာက္ ၾကာႏိုင္ေသးတယ္။ အဂတိကေတာ့ ဇန္နဝါရီထဲဝင္မယ့္ သေဘာေတာ့ျဖစ္တာေပါ့။”

စည္ပင္သာယာေရး ဝန္ႀကီးေဟာင္းျဖစ္တဲ့ ဦးမင္းေအာင္ကေတာ့ အာဏာသိမ္းမႈ ဆန႔္က်င္ဆႏၵျပပြဲ ဦးေဆာင္မႈနဲ႔ ၿငိမ္းစုစီပုဒ္မ ၁၉၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ တို႔နဲ႔ ေတာင္ကုတ္ၿမိဳ႕နယ္ တရား႐ုံးမွာ တရားစြဲခံထားရၿပီး အဲ့ဒီအမႈ ႏွစ္္ခုအတြက္ ေထာင္ဒဏ္ ၂ ႏွစ္နဲ႔ ၂ လစီ ခ်မွတ္ခံထားရပါတယ္။

တျခားတိုင္းနဲ႔ျပည္နယ္ေတြက NLD ဝန္ႀကီးခ်ဳပ္တခ်ဳိ႕ကိုလည္း ေ႐ြးေကာက္ပြဲေကာ္မရွင္က တရားစြဲထားတာရွိပါတယ္။ မေကြးတိုင္းက ေဒါက္တာေအာင္မိုးညိဳကို ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒခ်ဳိးေဖာက္မႈ အမႈတခု၊ မႏၲေလးတိုင္းက ေဒါက္ တာေဇာ္ျမင့္ေမာင္ကို အမႈႏွစ္ခုနဲ႔ ထပ္တုိးတရားစြဲထားပါတယ္။

NLD အစိုးရရဲ႕ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ကိုေတာ့ ဒီဇင္ဘာ ၂၂ ရက္ ဗုဒၶဟူးေန႔ကပဲ ပုဒ္မ ၁၃၀ (က) နဲ႔ ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။ တရားစြဲၿပီး သီတင္းတပတ္အတြင္းမွာပဲ ေထာင္ဒဏ္ခ်ခဲ့တာပါ။ အခုဆိုရင္ ေဒၚနန္းခင္ေထြးျမင့္က်ခံေနရတဲ့ ျပစ္ဒဏ္စုစုေပါင္းက အႏွစ္ ၈၀ ႐ွိၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ရခိုင် NLD ဝန်ကြီးချုပ်နဲ့ စည်ပင်ဝန်ကြီး ရွေးကောက်ပွဲပုဒ်မနဲ့ ထပ်တိုးတရားစွဲခံရ

NLD အစိုးရလက်ထက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်တို့ကို ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပုဒ်မတခုနဲ့ ထပ်တိုးတရားစွဲဆိုလိုက်တယ် လို့ သူ့ရှေ့နေကပြောပါတယ်။ လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့မှာ အဲဒီအမှုတွေကို စတင်ကြားနာ စစ်ဆေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

NLD အစိုးရလက်ထက် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တာဝန်ရှိသူအတော်များများကို စစ်ကောင်စီက ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မတွေနဲ့ ထပ်ပြီး တရားစွဲနေပါတယ်။ အမှုထပ်တိုးပြီး တရားစွဲခံရသူတွေထဲမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနဲ့ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့လည်းပါဝင်ပါတယ်။ ရာထူးတာဝန်ယူထားချိန်မှာ ပြည်နယ်ရွေးကောက်ပွဲ မဲမသမာမှုတွေဖြစ်အောင် မလျော်သြဇာသုံးခဲ့တယ်ဆိုပြီး တရားစွဲဆိုတာဖြစ်တယ်လို့ ဦးညီပုရဲ့ ရှေ့နေတဦးက ပြောပါတယ်။

“ဟုတ်တယ်။ သူ့ကို ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)နဲ့ စစ်မယ်ဆိုပြီး မနေ့က ကျနော်တို့ကိုပြောတယ်။ မနေ့က အဂတိအမှုနဲ့ ကျနော်တို့နဲ့ တရားရုံးမှာတွေ့တယ်။ တရားရုံးဆိုတာက ထောင်တွင်းတရားရုံးမှာတွေ့တယ်။ တွေ့တော့ အဂတိအမှုအပြင် သူတို့ကို ဒါနဲ့ပါစွဲထားတယ်ဆိုပြီးတော့ ရုံးချိန်းပေးတယ်လို့ ကျနော်တို့ကိုပြောတယ်။ ဦးညီပုနဲ့ ဦးမင်းအောင်နဲ့ နှစ်ယောက်။ အဲဒီအမှုကို ဇန်နဝါရီ ၅ ရက်နေ့ကို ချိန်း လိုက်တယ်ပြောတယ်။ ဇန်နဝါရီ ၅ ရက်နေ့မှာ ရှေ့နေကိုယ်စားလှယ်လွှဲစာ တင်မယ်ပြောထားတယ်။”

ရခိုင်ပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ပြီး သူတို့နှစ်ဦးကို တရားစွဲတာဖြစ်ပါတယ်။ လက်ရှိမှာ ဦးညီပုဟာ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်ဆောင်မှု ပုဒ်မ ၅၀၅-ခ အမှုနဲ့ အောက်တိုဘာ ၈ ရက်နေ့က ထောင် နှစ်နှစ် ချမှတ်ခံထားရသလို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့လည်း အမှု ၃ မှုနဲ့ တရားစွဲခံထားရပါတယ်။

ဦးညီပု စွဲဆိုခံထားရတဲ့ အဂတိအမှုတွေကို လာမယ့် နှစ်ဆန်းပိုင်းမှာ အပြီးသတ် အမိန့်ချနိုင်ဖွယ် ရှိနေတယ်လို့ ရှေ့နေက ပြောပါတယ်။

“အဲဒီအဂတိနဲ့ကျတော့ အဂတိတိုက်ဖျက်ရေး ဥပဒေ ၅၅ နဲ့၃ မှု ရင်ဆိုင်နေရတယ်။ ၃ မှုရင်ဆိုင်တာမှာ ကျနော်တို့ကတော့ တရားလိုဘက်ကိုစစ်ပြီးပြီ။ စွပ်စွဲခံထားရတဲ့ ဝန်ကြီးတွေစစ်ပြီးပြီ။ ဝန်ကြီးတွေရဲ့ သက်သေတွေကိုစစ်တဲ့ အဆင့်ရောက်နေပါတယ်။ အဂတိကတော့နောက်တချိန်းဆိုရင် ခံပြသက်သေ တွေ စစ်တာကုန်နိုင်တယ်ခင်ဗျ။ နောက်တချိန်းဆိုရင် ကုန်နိုင်နေပြီ။ နောက်တချိန်းမှာပြီးရင်နောက်တ ခေါက်ဆိုရင် ၂ ဘက်လျှောက်လဲချက်ပေးမယ်။ ပြီးရင်အမိန့်ချမယ်ဆိုတော့ နောက်ရုံးချိန်း ၃ ချိန်းလောက် ကြာနိုင်သေးတယ်။ အဂတိကတော့ ဇန်နဝါရီထဲဝင်မယ့် သဘောတော့ဖြစ်တာပေါ့။”

စည်ပင်သာယာရေး ဝန်ကြီးဟောင်းဖြစ်တဲ့ ဦးမင်းအောင်ကတော့ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ ဦးဆောင်မှုနဲ့ ငြိမ်းစုစီပုဒ်မ ၁၉၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့နဲ့ တောင်ကုတ်မြို့နယ် တရားရုံးမှာ တရားစွဲခံထားရပြီး အဲ့ဒီအမှု နှစ်ခုအတွက် ထောင်ဒဏ် ၂ နှစ်နဲ့ ၂ လစီ ချမှတ်ခံထားရပါတယ်။

တခြားတိုင်းနဲ့ပြည်နယ်တွေက NLD ဝန်ကြီးချုပ်တချို့ကိုလည်း ရွေးကောက်ပွဲကော်မရှင်က တရားစွဲထားတာရှိပါတယ်။ မကွေးတိုင်းက ဒေါက်တာအောင်မိုးညိုကို ရွေးကောက်ပွဲဆိုင်ရာဥပဒေချိုးဖောက်မှု အမှုတခု၊ မန္တလေးတိုင်းက ဒေါက် တာဇော်မြင့်မောင်ကို အမှုနှစ်ခုနဲ့ ထပ်တိုးတရားစွဲထားပါတယ်။

NLD အစိုးရရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကိုတော့ ဒီဇင်ဘာ ၂၂ ရက် ဗုဒ္ဓဟူးနေ့ကပဲ ပုဒ်မ ၁၃၀ (က) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။ တရားစွဲပြီး သီတင်းတပတ်အတွင်းမှာပဲ ထောင်ဒဏ်ချခဲ့တာပါ။ အခုဆိုရင် ဒေါ်နန်းခင်ထွေးမြင့်ကျခံနေရတဲ့ ပြစ်ဒဏ်စုစုပေါင်းက အနှစ် ၈၀ ရှိပြီဖြစ်ပါတယ်။

#NLD #Rakhine #MyanmarMilitaryCoup #voaburmese #ရခိုင် #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း #ဦးညီပု #ဦးမင်းအောင် #အဂတိမှု #မလျော်သြဇာသုံးမှု

===========

XS
SM
MD
LG