သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္- ဖိလစ္ပိုင္ မဟာမိတ္ ခိုင္မာေၾကာင္း ျပသတဲ့ စစ္ေရးေလ့က်င့္မႈ 


American troops stand by Stryker armoured fighting vehicles after participating in live fire drills as part of the annual U.S.-Philippines joint military exercises at Crow Valley in Capas, Tarlac province, Philippines in this April 10, 2019 file photo.

ဖိလစ္ပိုင္နဲ႔ အေမရိကန္ျပည္ေထာင္စုတို႔ဟာ ၂၀၁၅ ကစလို႔ အႀကီးမားဆံုး ပူးတြဲ စစ္ေရးေလ့က်င့္မႈကို တနလၤာေန႔မွာ စတင္ခဲ့ၾကပါတယ္။ ဒါဟာ တ႐ုတ္န႔ဲ ေႏြးေထြးတဲ့ ဆက္ဆံမႈ ျပသလိုတဲ့ စစ္ေရးလုပ္ကြက္ေတြကို သမၼတ Rodrigo Duterte ျပန္႐ုတ္သိမ္းခဲ့ၿပီးတဲ့ေနာက္ အေမရိကန္နဲ႔ လံုျခံဳေရး ဆက္ဆံမႈေတြ တိုးတက္ေအာင္ လုပ္လာေၾကာင္း အေလးထား ျပသလိုက္တာ လည္းျဖစ္ပါတယ္။

"Balikatan" လို႔ေခၚတဲ့ ႏွစ္စဥ္ျပဳလုပ္ေနက် ရင္ေဘာင္တန္း စစ္ေရးေလ့က်င့္မႈ အတြင္း ဒီႏွစ္မွာေတာ့ တပ္ဖြဲ႔ဝင္ ၉၀၀၀ ခန္႔နဲ႔ ကုန္း- ေရ သြားယာဥ္ေတြ သံုး ပစ္ခတ္မႈေတြလည္း ပါဝင္ပါတယ္။

၂၀၁၆ မွာ သမၼတတာဝန္ ထမ္းေဆာင္စဥ္ ကတည္းက မစၥတာ Duterte ဟာ တ႐ုတ္ဆီက ေခ်းေငြနဲ႔ ရင္းႏွီးႁမွဳပ္ႏွံမႈ ကတိေတြေၾကာင့္ မဟာမိတ္ စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ အေမရိကန္ျပည္ေထာင္စုနဲ႔ ခပ္ခြါခြါေနလာခဲ့တာပါ။

ဒါေပမယ့္လည္း ဖိလစ္ပိုင္မွာ အေမရိကန္တပ္ေတြ ထားရွိေရး သေဘာတူညီမႈကို ဖ်က္သိမ္းေတာ့မယ္ ဆိုတဲ့ ၿခိမ္းေျခာက္မႈေတြကို မႏွစ္တုန္းက ျပန္လည္႐ုတ္သိမ္းခဲ့ပါတယ္။ အခု ပူးတြဲ စစ္ေရးေလ့က်င့္မႈဟာ ဖိလစ္ပိုင္- အေမရိကန္ ၂ ႏိုင္ငံ မဟာမိတ္ဖြဲ႔စည္းမႈသည္ ဘယ္တုန္းကနဲ႔မွ မတူေအာင္ ခိုင္မာေနတယ္ ဆိုတာ ကမာၻသိ ျပသလိုက္တာ ျဖစ္တယ္လို႔ ဖိလစ္ပိုင္ ကာကြယ္ေရးဝန္ႀကီး Delfin Lorenzan က ေၾကညာခဲ့ပါတယ္။

---------------------------

အမေရိကန်- ဖိလစ်ပိုင် မဟာမိတ် ခိုင်မာကြောင်း ပြသတဲ့ စစ်ရေးလေ့ကျင့်မှု

ဖိလစ်ပိုင်နဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ၂၀၁၅ ကစလို့ အကြီးမားဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့မှာ စတင်ခဲ့ကြပါတယ်။ ဒါဟာ တရုတ်နဲ့ နွေးထွေးတဲ့ ဆက်ဆံမှု ပြသလိုတဲ့ စစ်ရေးလုပ်ကွက်တွေကို သမ္မတ Rodrigo Duterte ပြန်ရုတ်သိမ်းခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ လုံခြုံရေး ဆက်ဆံမှုတွေ တိုးတက်အောင် လုပ်လာကြောင်း အလေးထား ပြသလိုက်တာ လည်းဖြစ်ပါတယ်။

"Balikatan" လို့ခေါ်တဲ့ နှစ်စဉ်ပြုလုပ်နေကျ ရင်ဘောင်တန်း စစ်ရေးလေ့ကျင့်မှု အတွင်း ဒီနှစ်မှာတော့ တပ်ဖွဲ့ဝင် ၉၀၀၀ ခန့်နဲ့ ကုန်း- ရေ သွားယာဉ်တွေ သုံး ပစ်ခတ်မှုတွေလည်း ပါဝင်ပါတယ်။

၂၀၁၆ မှာ သမ္မတတာဝန် ထမ်းဆောင်စဉ် ကတည်းက မစ္စတာ Duterte ဟာ တရုတ်ဆီက ချေးငွေနဲ့ ရင်းနှီးမြှုပ်နှံမှု ကတိတွေကြောင့် မဟာမိတ် စာချုပ်ချုပ်ဆိုထားတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ခပ်ခွါခွါနေလာခဲ့တာပါ။

ဒါပေမယ့်လည်း ဖိလစ်ပိုင်မှာ အမေရိကန်တပ်တွေ ထားရှိရေး သဘောတူညီမှုကို ဖျက်သိမ်းတော့မယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို မနှစ်တုန်းက ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။ အခု ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ ဖိလစ်ပိုင်- အမေရိကန် ၂ နိုင်ငံ မဟာမိတ်ဖွဲ့စည်းမှုသည် ဘယ်တုန်းကနဲ့မှ မတူအောင် ခိုင်မာနေတယ် ဆိုတာ ကမ္ဘာသိ ပြသလိုက်တာ ဖြစ်တယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး Delfin Lorenzan က ကြေညာခဲ့ပါတယ်။

XS
SM
MD
LG