သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် တရားဥပဒေနဲ့ မူးယစ်ဆိုင်ရာ လက်ထောက် ဝန်ကြီး မြန်မာနိုင်ငံလာမည်


နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေထိန်းသိမ်းရေးဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဘရောင်းဖီးလ်ဒ်။
နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေထိန်းသိမ်းရေးဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဘရောင်းဖီးလ်ဒ်။
နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေထိန်းသိမ်းရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဘရောင်းဖီးလ်ဒ် (William Brownfield) ဟာ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ဖိလစ်ပိုင်၊ မြန်မာ၊ ထိုင်းနဲ့ ဂျပန်နိုင်ငံတွေဆီ သွားရောက်မှာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအတွက် ထောက်ခံအားပေးသွားမယ်ဆိုတဲ့ အမေရိကန်ရဲ့ အာမခံချက်ကို ပြသဖို့ လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီး ဘရောင်းဖီးလ်ဒ် မြန်မာနိုင်ငံဆီ စက်တင်ဘာလ ၄ ရက်ကနေ ၆ ရက်နေ့ အထိ လာရောက်မယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက သတင်းထုတ်ပြန်ပါတယ်။

မြန်မာအစိုးရက ကတိပြုထားတဲ့အတိုင်း တရားဥပဒေစိုးမိုးရေးအတွက် ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ရေး၊ နိုင်ငံတကာ လူ့အခွင့်အရေး သတ်မှတ်ချက်တွေအတိုင်း လေးစားလိုက်နာရေးဟာ အရေးကြီးတယ်ဆိုတာကို သူ့ရဲ့ခရီးစဉ်အတွင်း အလေးထား ပြောကြား ဆွေးနွေးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ နိုင်ငံခြားရေးဌာန၊ ပြည်ထဲရေးဌာနတို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိသလို လူနည်းစု နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ခရီးစဉ်အဆုံးသတ်မဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာ မစ္စတာဘရောင်းဖီးလ်ဒ်ဟာ သတင်း မီဒီယာတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေချိန် တရားဥပဒေစိုးမိုးမှုရှိရေးဟာ အရေးကြီးတယ် လို့ အမေရိကန်အစိုးရက ပြောနေတာနဲ့အတူ နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ တရားဥပဒေ ထိန်းသိမ်းရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံဆီ လာရောက်မှာဖြစ်ပါတယ်။
XS
SM
MD
LG