သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ လႊတ္ေတာ္သက္တမ္းအသစ္ ဒီကေန႔ က်မ္းသစၥာက်ိန္ဆိုမည္


ေအာက္လႊတ္ေတာ္ရီပတ္ဘလီကင္အမတ္မ်ားရဲ႕ေခါင္းေဆာင္ Kevin McCarthy

[[Zawgyi/Unicode]]

၂၀၂၂ ႏိုဝင္ဘာလအတြင္းက်င္းပခဲ့တဲ့ အေမရိကန္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့ၾကတဲ့ လႊတ္ေတာ္အမတ္ေတြ ဒီကေန႔ ဇန္နဝါရီလ ၃ ရက္ေန႔မွာ က်မ္းသစၥာက်ိန္ဆိုၿပီး လႊတ္ေတာ္အသစ္ကို ေခၚယူမွာ ျဖစ္ပါတယ္။ ဒီ လႊတ္ေတာ္သစ္မွာ မ်က္ႏွာသစ္အမတ္ေတြကို ေတြ႕ရမွာျဖစ္သလို ေအာက္လႊတ္ေတာ္ဥကၠ႒ တင္ေျမႇာက္ဖို႔ လႊတ္ေတာ္မွာ အမတ္ေနရာ အနည္းငယ္ အသာစီးရထားတဲ့ ရီပတ္ဘလီကန္ပါတီက အုပ္စုအသီးသီးၾကားမွာ ညႇိႏႈိင္းေဆြးေႏြးေနၾကပါတယ္။

ၿပီးခဲ့တဲ့လႊတ္ေတာ္မွာ အတိုက္အခံျဖစ္စဥ္တုန္းက ရီပတ္ဘလီကန္ အမတ္မ်ားရဲ႕ေခါင္းေဆာင္ Kevin McCarthy က ဥကၠ႒ေနရာအတြက္ တစ္ေျပးေနေပမဲ့ သေဘာထားတင္းမာတဲ့ ကြန္ဆာေဗးတစ္အမတ္ေတြက သူ႔ ေခါင္းေဆာင္မႈကို စိန္ေခၚေနၾကပါတယ္။ ေအာက္လႊတ္ေတာ္မွာ အမတ္ ၄၃၅ ေယာက္ ရွိတဲ့အနက္ ရီပတ္ဘလီကန္ က ၂၂၂ ေယာက္၊ ဒီမိုကရက္က ၂၁၃ ေယာက္ ရရွိထားၾကပါတယ္။

လႊတ္ေတာ္ဥကၠ႒ျဖစ္လာဖို႔ McCarthy အေနနဲ႔ အမတ္ ၂၁၈ ေယာက္ရဲ႕ ေထာက္ခံမႈရရွိဖို႔ လိုအပ္ပါတယ္။ ရီပတ္ဘလီကန္ အမတ္ ၅ ေယာက္က သူ႔ကို မေထာက္ခံဘူးလို႔ ေျပာထားၾကတဲ့အတြက္ မစၥတာ McCarthy ဥကၠ႒ျဖစ္ေရးအတြက္ မေရမရာ ျဖစ္ေနတာပါ။

ၿပီးခဲ့တဲ့လႊတ္ေတာ္သက္တမ္းမွာ အမတ္ေတြရဲ႕ပ်မ္းမွ် အသက္အ႐ြယ္က ၅၈ ႏွစ္ ရွိပါတယ္။ ဒီလႊတ္ေတာ္မွာေတာ့ ဖေလာ္ရီဒါျပည္နယ္က ဒီမိုကရက္အမတ္ Maxwell Frost ဟာ အသက္ ၂၅ ႏွစ္ပဲ ရွိေသးတာမို႔ လူငယ္မ်ိဳးဆက္ေတြရဲ႕အသံကို ကိုယ္စားျပဳႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

အသစ္ေ႐ြးေကာက္တင္ေျမွာက္ခံထားရတဲ့ ေအာက္လႊတ္ေတာ္အမတ္ Monica De La Cruz ဟာ Texas ျပည္နယ္က ရီပတ္ဘလီကန္ရဲ႕ ပထမဆုံး အမ်ိဳးသမီးအမတ္ ျဖစ္တဲ့အျပင္ ေတာင္အေမရိကမ်ိဳးႏြယ္ျဖစ္တဲ့အတြက္ စိတ္ဝင္စားစရာ မ်က္ႏွာသစ္တေယာက္ ျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

====================

[[Unicode]]

အမေရိကန် လွှတ်တော်သက်တမ်းအသစ် ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုမည်

၂၀၂၂ နိုဝင်ဘာလအတွင်းကျင်းပခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ လွှတ်တော်အမတ်တွေ ဒီကနေ့ ဇန်နဝါရီလ ၃ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီး လွှတ်တော်အသစ်ကို ခေါ်ယူမှာ ဖြစ်ပါတယ်။ ဒီ လွှတ်တော်သစ်မှာ မျက်နှာသစ်အမတ်တွေကို တွေ့ရမှာဖြစ်သလို အောက်လွှတ်တော်ဥက္ကဋ္ဌ တင်မြှောက်ဖို့ လွှတ်တော်မှာ အမတ်နေရာ အနည်းငယ် အသာစီးရထားတဲ့ ရီပတ်ဘလီကန်ပါတီက အုပ်စုအသီးသီးကြားမှာ ညှိနှိုင်းဆွေးနွေးနေကြပါတယ်။

ပြီးခဲ့တဲ့လွှတ်တော်မှာ အတိုက်အခံဖြစ်စဉ်တုန်းက ရီပတ်ဘလီကန် အမတ်များရဲ့ခေါင်းဆောင် Kevin McCarthy က ဥက္ကဋ္ဌနေရာအတွက် တစ်ပြေးနေပေမဲ့ သဘောထားတင်းမာတဲ့ ကွန်ဆာဗေးတစ်အမတ်တွေက သူ့ ခေါင်းဆောင်မှုကို စိန်ခေါ်နေကြပါတယ်။ အောက်လွှတ်တော်မှာ အမတ် ၄၃၅ ယောက် ရှိတဲ့အနက် ရီပတ်ဘလီကန် က ၂၂၂ ယောက်၊ ဒီမိုကရက်က ၂၁၃ ယောက် ရရှိထားကြပါတယ်။

လွှတ်တော်ဥက္ကဋ္ဌဖြစ်လာဖို့ McCarthy အနေနဲ့ အမတ် ၂၁၈ ယောက်ရဲ့ ထောက်ခံမှုရရှိဖို့ လိုအပ်ပါတယ်။ ရီပတ်ဘလီကန် အမတ် ၅ ယောက်က သူ့ကို မထောက်ခံဘူးလို့ ပြောထားကြတဲ့အတွက် မစ္စတာ McCarthy ဥက္ကဋ္ဌဖြစ်ရေးအတွက် မရေမရာ ဖြစ်နေတာပါ။

ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာ အမတ်တွေရဲ့ပျမ်းမျှ အသက်အရွယ်က ၅၈ နှစ် ရှိပါတယ်။ ဒီလွှတ်တော်မှာတော့ ဖလော်ရီဒါပြည်နယ်က ဒီမိုကရက်အမတ် Maxwell Frost ဟာ အသက် ၂၅ နှစ်ပဲ ရှိသေးတာမို့ လူငယ်မျိုးဆက်တွေရဲ့အသံကို ကိုယ်စားပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

အသစ်ရွေးကောက်တင်မြှောက်ခံထားရတဲ့ အောက်လွှတ်တော်အမတ် Monica De La Cruz ဟာ Texas ပြည်နယ်က ရီပတ်ဘလီကန်ရဲ့ ပထမဆုံး အမျိုးသမီးအမတ် ဖြစ်တဲ့အပြင် တောင်အမေရိကမျိုးနွယ်ဖြစ်တဲ့အတွက် စိတ်ဝင်စားစရာ မျက်နှာသစ်တယောက် ဖြစ်နေပါတယ်။

XS
SM
MD
LG