သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီဖမ္းထားတဲ့ NLD အစိုးရဝန္ႀကီး ဦးစိုးဝင္း အူမႀကီးကင္ဆာအတြက္ ခြဲစိတ္မႈခံယူခဲ့ရ


[[Zawgyi/Unicode]]

NLD အစိုးရ စီမံဘ႑ာဝန္ႀကီး ဦးစိုးဝင္း ေနျပည္ေတာ္ ကုတင္ ၁၀၀၀ ေဆး႐ုံမွာ အေရးေပၚ ခြဲစိတ္မႈခံယူခဲ့ရတာေၾကာင့္ ဒီကေန႔ စစ္ေဆးၾကားနာဖို႔ရွိတဲ့ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အက္နဲ႔ စြဲဆိုထားတဲ့အမႈကို မစစ္ေဆးႏိုင္ခဲ့ဘူးလို႔ သိရပါတယ္။ ၿပီးခဲ့တဲ့အပတ္ ႐ုံးခ်ိန္းမတိုင္ခင္ကတည္းက ေဆး႐ုံတက္ခဲ့ရတာျဖစ္ၿပီး အူမႀကီးကင္ဆာအတြက္ ခြဲစိတ္မႈခံယူခဲ့ရတယ္လို႔ သူနဲ႔ နီးစပ္သူတဦးက ဗြီအိုေအကို အတည္ျပဳ ေျပာဆိုပါတယ္။

"အန္ကယ္ဦးစိုးဝင္းက ေဆး႐ုံမွာ ၂၁ ရက္ေန႔က ေအာ္ပေရးရွင္းလုပ္ရတယ္။ အူမႀကီးကင္ဆာလို႔ ေျပာတာကို။ ၂၁ ရက္က ခြဲတာဆိုေတာ့ မစစ္ျဖစ္ဘူးေပါ့။ ဟုတ္တယ္ ဟုတ္တယ္ ျပန္ခ်ိန္းတယ္။ ၃၀ရက္ေန႔ ျပန္ခ်ိန္းတယ္။"

အသက္ ၈၀ ေက်ာ္ၿပီျဖစ္တဲ့ ဦးစိုးဝင္းရဲ႕ က်န္းမာေရးအေျခအေန အေသးစိတ္ကိုေတာ့ ထပ္မသိရေသးပါဘူး။ အေရးေပၚ ICU ထဲမွာဘဲ ကုသမႈခံယူေနရတယ္လို႔သာ သိထားရပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူ႔ရဲ႕ စီးပြားေရးအႀကံေပး ၾသစေၾတးလ်ႏိုင္ငံသား Sean Turnell အပါအဝင္ စီမံဘ႑ာဝန္ႀကီး ဦးစိုးဝင္း၊ စီမံဘ႑ာဝန္ႀကီးေဟာင္း ဦးေက်ာ္ဝင္းနဲ႔ စီမံဘ႑ာ စက္မႈ ဒုဝန္ႀကီးဦးဆက္ေအာင္တို႔ ငါးဦးကို စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အက္နဲ႔ စြဲဆိုထားတဲ့အမႈအတြက္ အပတ္စဥ္ ၾကာသပေတးေန႔တိုင္း စစ္ေဆးၾကားနာမႈေတြ လုပ္ေနတာျဖစ္ပါတယ္။

ဦးစိုးဝင္းဟာ NLD ပါတီရဲ႕ စီးပြားေရးေကာ္မတီဝင္တဦးျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ေမလကစလို႔ NLD အစိုးရရဲ႕ စီမံဘ႑ာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့သူ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

စစ်ကောင်စီဖမ်းထားတဲ့ NLD အစိုးရဝန်ကြီး ဦးစိုးဝင်း အူမကြီးကင်ဆာအတွက် ခွဲစိတ်မှုခံယူခဲ့ရ

NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ အရေးပေါ် ခွဲစိတ်မှုခံယူခဲ့ရတာကြောင့် ဒီကနေ့ စစ်ဆေးကြားနာဖို့ရှိတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်နဲ့ စွဲဆိုထားတဲ့အမှုကို မစစ်ဆေးနိုင်ခဲ့ဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ် ရုံးချိန်းမတိုင်ခင်ကတည်းက ဆေးရုံတက်ခဲ့ရတာဖြစ်ပြီး အူမကြီးကင်ဆာအတွက် ခွဲစိတ်မှုခံယူခဲ့ရတယ်လို့ သူနဲ့ နီးစပ်သူတဦးက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

"အန်ကယ်ဦးစိုးဝင်းက ဆေးရုံမှာ ၂၁ ရက်နေ့က အော်ပရေးရှင်းလုပ်ရတယ်။ အူမကြီးကင်ဆာလို့ ပြောတာကို။ ၂၁ ရက်က ခွဲတာဆိုတော့ မစစ်ဖြစ်ဘူးပေါ့။ ဟုတ်တယ် ဟုတ်တယ် ပြန်ချိန်းတယ်။ ၃၀ရက်နေ့ ပြန်ချိန်းတယ်။"

အသက် ၈၀ ကျော်ပြီဖြစ်တဲ့ ဦးစိုးဝင်းရဲ့ ကျန်းမာရေးအခြေအနေ အသေးစိတ်ကိုတော့ ထပ်မသိရသေးပါဘူး။ အရေးပေါ် ICU ထဲမှာဘဲ ကုသမှုခံယူနေရတယ်လို့သာ သိထားရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell အပါအဝင် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနဲ့ စီမံဘဏ္ဍာ စက်မှု ဒုဝန်ကြီးဦးဆက်အောင်တို့ ငါးဦးကို စစ်အုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်လျှို့ဝှက်ချက်အက်နဲ့ စွဲဆိုထားတဲ့အမှုအတွက် အပတ်စဉ် ကြာသပတေးနေ့တိုင်း စစ်ဆေးကြားနာမှုတွေ လုပ်နေတာဖြစ်ပါတယ်။

ဦးစိုးဝင်းဟာ NLD ပါတီရဲ့ စီးပွားရေးကော်မတီဝင်တဦးဖြစ်ပြီး ၂၀၁၈ ခုနှစ် မေလကစလို့ NLD အစိုးရရဲ့ စီမံဘဏ္ဍာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

#WhatIsHappeningInMyanmar #NLD #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

==============

XS
SM
MD
LG