သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်သစ် ခန့်အပ်


ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးသန့်ကျော်က သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို သြဂုတ်လ ၈ ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ ပေးအပ်ခဲ့တယ်လို့ ကုလသမဂ္ဂက သတင်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ခဲ့သူ ဦးသန်းဆွေကို အမေရိကန် နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ပြောင်းလဲခန့်အပ်လိုက်ပြီးတဲ့နောက် အခု ကိုယ်စားလှယ် အသစ် ပြန်ပြီးခန့်ထားတာပါ။ သူဟာ ၂၀၁၀ ပြည့်နှစ်ကနေ စပြီး အခုချိန်ထိ ဘယ်လ်ဂျီယံ နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နယ်သာလန်၊ ဥရောပသမဂ္ဂနဲ့ ဥရောပကော်မရှင်တို့ဆိုင်ရာ သံအမတ်အဖြစ်လည်း ပူးတွဲ တာဝန်ယူခဲ့ရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ အမေရိကန်ပြည်ထောင်စုဆိုင်ရာ ဌာနခွဲမှာ ညွှန်ကြားရေးမှူး၊ ဥရောပဆိုင်ရာ ဌာနခွဲမှာ ညွှန်ကြားရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးသန့်ကျော်ဟာ ၁၉၈၀ ပြည့်နှစ်ကတည်းက မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှာ စတင် တာဝန် ထမ်းဆောင်ခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံရုံးမှာ တတိယအတွင်းဝန်အဖြစ် ၁၉၈၃ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်အထိ တာဝန်ထမ်း ဆောင်ခဲ့ဖူးပါတယ်။
XS
SM
MD
LG