သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်းနဲ့ဦးသိန်းစိန် ဘရူနိုင်းမှာတွေ့


ကုလသဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ မြန်မာသမ္မတဦးသိန်းစိန်တို့ အာဆဃယံအစည်းအဝေးတွင် တွေ့ဆုံကြစဉ်။ (အောက်တိုဘာ ၁၀၊ ၂၀၁၃)
ကုလသဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ မြန်မာသမ္မတဦးသိန်းစိန်တို့ အာဆဃယံအစည်းအဝေးတွင် တွေ့ဆုံကြစဉ်။ (အောက်တိုဘာ ၁၀၊ ၂၀၁၃)
မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဘရူနိုင်းနိုင်ငံက အာဆီယံထိပ်သီး အစည်းအဝေးပွဲတွေကို ရောက်ရှိနေကြတဲ့ သမ္မတဦးသိန်းစိန်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ သောကြာနေ့က တွေ့ဆုံဆွေးနွေးကြပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ဆွေးနွေးရာမှာတော့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ၊ လူ့အခွင့်အရေး အခြေအနေတွေနဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) နဲ့ ကုလသမဂ္ဂတို့ရဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တဲ့အကြောင်း ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အတွင်းရေးမှူးချုပ်ကတော့ မြန်မာနိုင်ငံမှာ မကြာသေးခင်တုန်းက တွေ့မြင်လာရတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေနဲ့ ပတ်သက်လို့ ချီးကျူးသွားပါတယ်။ ဒါပေမဲ့လည်း လူမှုအသိုင်းအသိုင်းကြား ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ဖြေရှင်းရေး ဆက်လက်ကြိုးပမ်းသွားဖို့၊ တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းပြီး စစ်မှန်တဲ့ ပြန်လည်သင့်မြတ်ရေး အကောင်အထည် ဖော်ဖို့လည်း အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့တဲ့အကြောင်း ကုလမဂ္ဂရဲ့ကြေညာချက်က ဖော်ပြခဲ့တာပါ။
XS
SM
MD
LG