သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာထူးကဆင်းဖို့ ဖိအားပေးခြိမ်းခြောက်ခံခဲ့ရဟု သမ္မတဦးဝင်းမြင့်ထွက်ဆို


ထိန်းသိမ်းခံ အမှုရင်ဆိုင်နေရတဲ့ သမ္မတဦးဝင်းမြင့် (ဇန်နဝါရီ၊ ၁၁၊ ၂၀၂၁)
ထိန်းသိမ်းခံ အမှုရင်ဆိုင်နေရတဲ့ သမ္မတဦးဝင်းမြင့် (ဇန်နဝါရီ၊ ၁၁၊ ၂၀၂၁)

{Zawgyi/Unicode}

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့က သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြချက်နဲ့ ရာထူးကဆင်းပေးဖို့ စစ်အရာရှိ ၂ ယောက်က လာပြောခဲ့တယ်လို့ သမ္မတဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။ ရာထူးက ဆင်းမပေးရင် အန္တရာယ်ရှိနိုင်တယ်လို့လည်း ခြိမ်းခြောက်ခဲ့ကြောင်း ဦးဝင်းမြင့်က သူ့အမှုကြားနာပွဲမှာ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ယောက်အပေါ် အမှုတတွဲတည်း စွဲချက်တင်ထားတဲ့အမှုအတွက်ကို သက်သေအနေနဲ့ သမ္မတက ကိုယ်တိုင် ထွက်ဆိုခဲ့တာပါ။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို နန်းလောဝ်က တင်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၇ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက် ၂ စောင်နဲ့ပတ်သက်လို့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်တယ်ဆိုပြီး သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲနေတာဖြစ်ပေမယ့် သူတို့ဖမ်းဆီးခံနေရပြီး ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မရချိန်မှာ NLD ပါတီက ထုတ်ပြန်စာကို အကြောင်းပြ တရားစွဲတာဟာ အဓိပ္ပါယ်မရှိဘူးလို့ သမ္မတဦးဝင်းမြင့်က ဒီနေ့ ထွက်ဆိုချက်တွေမှာ ပြောသွားခဲ့ပါတယ်။


သမ္မဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ယောက်ကို အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုတတွဲတည်း စွဲချက်တင်ထားတဲ့အမှုကို ဒီနေ့ နေပြည်တော် သီးသန့်တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ ကြားနာစစ်ဆေးမှုအတွင်း သမ္မတဦးဝင်းမြင့်က တရားပြိုင်သက်သေအနေနဲ့ ပထမဆုံးအကြိမ် ထွက်ဆိုခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သူရာထူးကနေဆင်းဖို့ စစ်တပ်အရာရှိ ၂ ယောက်က လာရောက် ဖိအားပေးခဲ့ပြီးနောက် သူဖမ်းဆီးခံခဲ့ရတဲ့အကြောင်း တရားရုံးမှာ လျှောက်ထား ထွက်ဆိုခဲ့တယ်လို့ NLD ရဲ့ ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗီအိုအေကို ပြောပါတယ်။

“ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၁ ရက်နေ့ သူဖမ်းဆီးခံရတာ စပြောတယ်။ အဲဒီနေ့မနက်က ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ် ချုပ်ကြီး အဆင့်ရှိသူ ၂ ယောက်က လာပြီးစကားပြောတာတဲ့။ သူနဲ့ပြောတာ သမ္မတရာထူးကနေ နုတ် ထွက်ပေးဖို့၊ ကျန်းမာရေးကိုအကြောင်းပြပြီး နုတ်ထွက်ပေးဖို့ပြောတယ်။ အဲဒီတော့ သမ္မတကြီးက သူက ကျန်းမာရေးကောင်းမွန်တဲ့အတွက် နုတ်ထွက်မပေးနိုင်ကြောင်း ပြန်ပြောခဲ့ပါတယ်။ အဲဒီလို ပြန်ပြောတဲ့အခါမှာ ပြန်စဉ်းစားဖို့နဲ့ ပုဂ္ဂိုလ်ရေး ထိခိုက်မှုအန္တရာယ် ရှိနိုင်တယ်လို့ဆိုပြီး သူ့ကို ပြောတယ်တဲ့။ အဲဒီအချိန်ကတည်းက သူအဖမ်းခံရတယ်။ ဘယ်သူနဲ့မှလည်းမတွေ့ရဘူး။ ဘယ်သူနဲ့မှ အဆက်အသွယ်လည်း မရဘူး။ အဖမ်းခံရပြီးနောက်ပိုင်း CEC ကထုတ်တဲ့ စာတွေက သူအဖမ်းခံပြီးနောက်မှ ထုတ်တာတွေ သူဘာမှမသိဘူး။ သူနဲ့မဆိုင်ဘူး။ သိကိုမသိဘူးဆိုတာပြောတာပါ။”

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၇ ရက် နဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွေမှာ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက် ၂ ခုနဲ့ပတ်သက်လို့ ဒါဟာ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်တယ်ဆိုပြီး တရားစွဲခံထားရတာဖြစ်ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း၊ စစ်အာဏာသိမ်းမှု လက်မခံကြောင်းတွေကို ရေးသားဖော်ပြထားပါတယ်။

သူတို့ဖမ်းဆီးခံနေရပြီး ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မရချိန်မှာ NLD ပါတီက ထုတ်ပြန်တဲ့စာကို အကြောင်းပြ တရားစွဲတာဟာ အဓိပ္ပါယ်မရှိဘူးလို့ သမ္မတ ဦးဝင်းမြင့်က ဒီနေ့ ထွက်ဆိုချက်တွေမှာ ပြောကြားသွားခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အဲဒါတွေနားထောင်ပြီးတဲ့အခါကျတော့ ဒီမေးခွန်းတွေ၊ အဓိက စစ်မေးတာတွေကို အများပြည်သူသိခွင့်ရှိလားလို့ မေးတယ်။ ရုံးအနေနဲ့ပိတ်ထားတာမရှိဘူး။ ရုံးကလည်း public၊ လူတွေသာ မဝင်ရတာ Open court လုပ်ထားတာ သိခွင့်ရှိပါတယ်လို့ ပြောတော့ အဲဒါဆို ဒါကို အများပြည်သူ သိအောင် တခုခုတော့လုပ်ရဖို့ လိုမယ်လို့ သူပြောတာပါ။”(ဦးခင်မောင်ဇော်၊ ရှေ့နေ)


တရားလိုရှေ့နေတွေဘက်က မေးမြန်းမှုတွေမှာ CRPH၊ NUG နဲ့ PDF တို့အကြောင်း သိရှိသလားဆိုတဲ့ မေးခွန်းတွေကို မေးခဲ့တယ်လို့ ရှေ့နေကြီးဦးခင်မောင်ဇော်က ပြောပါတယ်။ ဒီနေ့ ကြားနာပွဲအတွင်း စစ်မေးချက်တွေကို ပြည်သူကိုချပြပေးနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့သလို ရှေ့နေတွေကိုလည်း မျှဝေပေးဖို့ ညွှန်ကြားခဲ့တယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အဲဒါတွေနားထောင်ပြီးတဲ့အခါကျတော့ ဒီမေးခွန်းတွေ၊ နာက်တခါ အဓိက စစ်မေးတာတွေကို အများပြည်သူသိခွင့်ရှိလားလို့ မေးတယ်။ ရုံးအနေနဲ့ပိတ်ထားတာမရှိဘူး။ ရုံးကလည်း public၊ လူတွေသာ မဝင်ရတာ Open court လုပ်ထားတာ သိခွင့်ရှိပါတယ်လို့ ပြောတော့ အဲဒါဆို ဒါကို အများပြည်သူ သိအောင် တခုခုတော့လုပ်ရဖို့ လိုမယ်လို့ သူပြောတာပါ။”

ဒီနေ့ ကြားနာတဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ခ အမှုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ် ပထမဆုံး စွဲချက်တင်ထားတဲ့ အမှုဖြစ်ပါတယ်။ သီတင်းကျွတ်ရုံးပိတ်ရက်အပြီး လာမယ့် တပတ်ကျော် အောက်တို ဘာ ၂၆ ရက်နေ့မှသာ ပြန်လည်စစ်ဆေးတဲ့အခါကျရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေထွက်ဆိုမှာဖြစ်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။ နေပြည်တော် သီးသန့်တရားရုံးမှာ ဒီနေ့ အဲဒီအမှုအပြင် ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းအပေါ် ပုဒ်မ ၂၅ နဲ့ တရားစွဲထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအမှုကိုလည်း စစ်ဆေးပါတယ်။ အဲဒီအမှုအတွက် လာမယ့်ရုံးချိန်းမှာတော့ စွဲချက် တင်သင့်မသင့် တရားသူကြီးက ဆုံးဖြတ်နိုင်တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

အပတ်စဉ် နေ့တိုင်းနီးပါး အမှုတွေလိုက်ပါစစ်ဆေးနေရတဲ့ ရှေ့နေတွေအနေနဲ့ အမှုအတွက် ပြင်ဆင်နိုင်ချိန် မလုံလောက်ဘူးလို့ ပြောပြကြပါတယ်။

တိုက်ရိုက် လင့်ခ်


=========

{Unicode}
















#MyanmarMilitaryCoup #MyanmarPresident #MyanmarPolitics #VOABurmese

XS
SM
MD
LG