သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒူဘိုင်းမှာ ပိတ်မိနေတဲ့ မြန်မာအမျိုးသမီး ၈ ဦးကို ကယ်တင်ဖို့ မြန်မာသံရုံး စီစဉ်နေ


ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့။ 
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့။ 

[[Zawgyi/Unicode]]

အာရတ်စော်ဘွားများ ပြည်ထောင်စု UAE နိုင်ငံ ဒူဘိုင်းမြို့မှာ လူပွဲစားတွေက အခန်းတခုတည်း ပိတ်ထားတဲ့အတွက် ထွက်ပြေးပြီး ဒုက္ခရောက်နေတဲ့ အကြောင်း အကူအညီတောင်းခံခဲ့တဲ့ မြန်မာအမျိုးသမီး ဂ ဦးကို မြန်မာနိုင်ငံကိုပြန်ပို့ပေးဖို့ လုပ်နေကြောင်း UAE နိုင်ငံ Riyadh မြို့ မြန်မာသံရုံးက က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

“ညီမတို့ကို အဆက်အသွယ်မလုပ်တဲ့အပြင် ညီမတို့ over stay ၃၅ ရက်လည်း ကျော်ခဲ့ရော၊ ညီမတို့ကို အီရတ်ကို ပို့မယ်ဆိုပြီး ပြောပါတယ်။ ညီမတို့တွေ အကုန်လုံး ဒုက္ခရောက်နေကြတာပါ။”

“ညီမတို့ အကုန်လုံး ဒုက္ခရောက်နေကြတာပါ။

“ကျမတို့ စရောက်ကတည်းက ပတ်စ်ပို့တွေသိမ်းပြီးတော့ အခန်းထဲမှာထည့်ထားပါတယ်။ ကျမတို့ကို နှစ်လတိတိ အပြင်ကို လုံးဝပေးမထွက်ဘူးရှင့်။ ကျမတို့လုံးဝမနေနိုင်တော့ဘူး။ ကျမတို့ကို အီရတ်ကိုရောင်းစားဖို့ လွှတ်တယ်ရှင့်။ အီရတ်နိုင်ငံဆိုတာ အရမ်းစစ်ဖြစ်တယ်။ မုဒိန်းမှုတွေအရမ်းဖြစ်နေတဲ့နေရာရှင့်။ ကျမတို့က မသွားရဲဘူး။ မသွားရဲလို့ အခန်းတခါးကိုဖွင့်ပြီးတော့ ထွက်ပြေးခဲ့တယ်ရှင့်။ အခု ကျမတို့မှာ နေစရာနေရာမရှိဘူး။ ကျမတို့ ဖုံးနှစ်လုံးကို ပေါင်ထားပြီးတော့ ကျမတို့တွေ အခန်းလေးငှားပြီး နေကြရပါတယ်ရှင်။”

အမျိုးသမီး ၈ ဦးကို လူပွဲစားတွေကတဆင့် အာရတ်စော်ဘွားများ ပြည်ထောင်စုမှာ အိမ်အကူ အလုပ်လုပ်ဖို့ အဆိုပြီး ရောက်လာခဲ့တဲ့အကြောင်းနဲ့ တောင်းတဲ့ငွေမပေးရင် ထပ်မံရောင်စားမယ်လို့ ခြိမ်းခြောက်ထားကြောင်း Khaing Lay ဆိုတဲ့ Facebook Account ကတဆင့် အသိပေးထုတ်လွှင့်ချက် တချို့ပါ။ သူတို့ကို ယူအေအီးနိုင်ငံ ရာဇဝတ်မှု စုံစမ်းဌာန CID စစ်ဆေးနေပြီး ယူအေအီးနိုင်ငံ ဥပဒေနဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို ချိုးဖေါက်မှု မရှိဘူးဆိုရင် ပြန်လွှတ်ပေးမယ့်အကြောင်း မြန်မာသံရုံး ကြေညာချက်မှာ ဖေါ်ပြပါတယ်။ ပြန်လည်လွတ်မြောက်လာသူတွေကို မြန်မာနိုင်ငံ ပြန်ပို့နိုင်အောင် ဒူဘိုင်းမှာရှိတဲ့ မြန်မာလူမှုအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း မြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

====================

[[Unicode]]




“ညီမတို့ အကုနျလုံး ဒုက်ခရောကျနကွေတာပါ။



XS
SM
MD
LG