သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေပ်ာ္တမ္းဒ႐ုန္းယာဥ္ပ်ံသန္းမႈ UAE ပိတ္ပင္


စမ္းသပ္ပ်ံသန္းျပေနတဲ့ ဒ႐ုန္းယာဥ္တစီး။ (ႏုိဝင္ဘာ ၁၃၊ ၂၀၁၉)

(Zawgyi / Unicode)

အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု UAE မွာ အေပ်ာ္တမ္းဒ႐ုန္းယာဥ္ပ်ံသန္းခြင့္ေတြကို ကန္႔သတ္ ပိတ္ပင္လိုက္ပါတယ္။

UAE ႏုိင္ငံထဲက အဓိကေလဆိပ္ႀကီးတခုနဲ႔ ေရနံစက္႐ုံေတြကို ၿပီးခဲ့တဲ့တပတ္က တုိက္ခိုက္ခဲ့တာ သူတို႔လက္ခ်က္ပါဆိုၿပီး ယီမင္ ဟူသီသူပုန္ေတြက ေျပာဆိုလုိက္ၿပီးတဲ့ေနာက္ ဒီေၾကညာခ်က္ ထြက္လာတာပါ။

စေနေန႔ကစၿပီး ကန္႔သတ္ခ်က္ကို မလိုက္နာဘဲ ဒ႐ုန္းယာဥ္ေတြ ပ်ံသန္းတာေတြ႔ရင္ တရားဥပေဒအရ တာဝန္ခံမႈ ရွိေစမွာျဖစ္ၿပီး စီးပြားေရးလုပ္ငန္းအရ ႐ုိက္ကူးေရးမွာသုံး ဒ႐ုန္းယာဥ္ေတြကိုေတာ့ အသုံးျပဳခြင့္ ေပးေကာင္းေပးမယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ၿပီးခဲ့တဲ့တပတ္က ျဖစ္ေတာင့္ျဖစ္ခဲ ဒ႐ုန္းယာဥ္နဲ႔ မစ္ဇုိင္းဒုံး တုိက္ခိုက္မႈေၾကာင့္ ၿမိဳ ႔ေတာ္ Abu Dhabi ထဲက ေရနံတင္ယာဥ္ အေတာ္မ်ားမ်ား ေပါက္ကြဲပ်က္စီးခဲ့ရသလို လူ ၃ ဦးထက္မနည္း ေသဆုံးခဲ့ရပါတယ္။

ယီမင္ၿမိဳ႔ေတာ္ကို ထိန္းခ်ဳပ္ထားတဲ့ ဟူသီသူပုန္ေတြက UAE အပါအဝင္ ေဆာ္ဒီအာေရဗ်ႏုိင္ငံက ဦးေဆာင္တဲ့ မဟာမိတ္တပ္ေတြကို ႏွစ္နဲ႔ခ်ီ တုိက္ခိုက္ေနတာပါ။ UAE က သူ႔တပ္ဖြဲ႔ အေတာ္မ်ားမ်ားကို ယီမင္ကေန ျပန္႐ုပ္သိမ္းထားေပမယ့္ ေဒသခံ လက္နက္ကုိင္တပ္ဖြဲ႔ေတြကိုေတာ့ အဓိက ေထာက္ပံ့ေပးေနတာလည္း ျဖစ္ပါတယ္။

အေပ်ာ္တမ္းဒ႐ုန္းယာဥ္ပ်ံသန္းမႈ UAE ပိတ္ပင္
please wait

No media source currently available

0:00 0:01:01 0:00
တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

အပျော်တမ်းဒရုန်းယာဉ်ပျံသန်းမှု UAE ပိတ်ပင်

အာရပ်စော်ဘွားများပြည်ထောင်စု UAE မှာ အပျော်တမ်းဒရုန်းယာဉ်ပျံသန်းခွင့်တွေကို ကန့်သတ် ပိတ်ပင်လိုက်ပါတယ်။

UAE နိုင်ငံထဲက အဓိကလေဆိပ်ကြီးတခုနဲ့ ရေနံစက်ရုံတွေကို ပြီးခဲ့တဲ့တပတ်က တိုက်ခိုက်ခဲ့တာ သူတို့လက်ချက်ပါဆိုပြီး ယီမင် ဟူသီသူပုန်တွေက ပြောဆိုလိုက်ပြီးတဲ့နောက် ဒီကြေညာချက် ထွက်လာတာပါ။

စနေနေ့ကစပြီး ကန့်သတ်ချက်ကို မလိုက်နာဘဲ ဒရုန်းယာဉ်တွေ ပျံသန်းတာတွေ့ရင် တရားဥပဒေအရ တာဝန်ခံမှု ရှိစေမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းအရ ရိုက်ကူးရေးမှာသုံး ဒရုန်းယာဉ်တွေကိုတော့ အသုံးပြုခွင့် ပေးကောင်းပေးမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့တပတ်က ဖြစ်တောင့်ဖြစ်ခဲ ဒရုန်းယာဉ်နဲ့ မစ်ဇိုင်းဒုံး တိုက်ခိုက်မှုကြောင့် မြို့တော် Abu Dhabi ထဲက ရေနံတင်ယာဉ် အတော်များများ ပေါက်ကွဲပျက်စီးခဲ့ရသလို လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

ယီမင်မြို့တော်ကို ထိန်းချုပ်ထားတဲ့ ဟူသီသူပုန်တွေက UAE အပါအဝင် ဆော်ဒီအာရေဗျနိုင်ငံက ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကို နှစ်နဲ့ချီ တိုက်ခိုက်နေတာပါ။ UAE က သူ့တပ်ဖွဲ့ အတော်များများကို ယီမင်ကနေ ပြန်ရုပ်သိမ်းထားပေမယ့် ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့တွေကိုတော့ အဓိက ထောက်ပံ့ပေးနေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG