သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယီမင္ ဟူသီသူပုန္ပစ္ခတ္တဲ့ ဒုံးက်ည္ေတြ UAE ဖ်က္ခ်ခဲ့ရ


Israel သမၼတ Isaac Herzog (အလယ္) နဲ႔ဇနီးတို႔ UAE ကို ပထမဆံုးအလည္အပတ္ေရာက္ရွိလာစဥ္။ (ဇန္နဝါရီ ၃၀၊ ၂၀၂၂)

[[Zawgyi/Unicode]]

အီရန္ႏုိင္ငံက ေက်ာေထာက္ေနာက္ခံေပးထားတဲ ့ယီမင္ဟူသီသူပုန္ေတြဘက္က ပစ္လႊတ္လိုက္တဲ့ မစ္ဇုိင္းဒုံးက်ည္ကို ၾကားျဖတ္ပစ္ခ်ႏုိင္ခဲ့တယ္လို႔ အာရပ္ေစာ္ ဘြားမ်ားျပည္ေထာင္စု UAE က ဒီကေန႔ေျပာပါတယ္။

အစၥေရးလ္သမၼတ Isaac Herzog UAE ကို ပထမဆုံးအလည္အပတ္ ေရာက္ေနခ်ိန္မွာ ယီမင္သူပုန္ေတြဘက္က ခုလိုပစ္ခတ္တာပါ။ ဒါဟာ အေမရိကန္မဟာမိ္တ္ျဖစ္တဲ့ UAE ႏုိင္ငံထဲ ၂ ပတ္အတြင္း ၃ ႀကိမ္ေျမာက္ပစ္ခတ္တုိက္ခိုက္တဲ့ ျဖစ္ရပ္ပါ။

ယီမင္ဟူသီသူပုန္တပ္ဖြဲ႔ ေျပာခြင့္ရသူကလည္း ဒူဘိုင္းၿမိဳ႕ကုိ အေဝးထိန္းဒ႐ုန္းယာဥ္နဲ႔တုိက္ခိုက္ခဲ့သလို အဘူဒါဘီၿမိဳ႕ကိုေတာ့ Zulfiqar မစ္ဇုိင္းဒုံးေတြနဲ႔ ပစ္ခဲ့တယ္ လို႔ အတည္ျပဳေျပာဆိုပါတယ္။ UAE မွာရွိတဲ့ အေရးႀကီးတဲ့ ဌာနခ်ဳပ္ေတြနဲ႔ စစ္ဘက္ အေဆာက္အအုံေတြကေန ေဝးရာမွာေနၾကဖို႔ အရပ္သားေတြနဲ႔ လုပ္ငန္းရွင္ေတြကိုလည္း ေျပာခြင့္ရသူက ထပ္ၿပီးသတိေပးခဲ့ပါတယ္။

UAE ကေတာ့ သူ႔ႏုိင္ငံဟာ စီးပြါးေရးလုပ္ဖို႔နဲ႔ ကမၻာလွည့္ခရီးသည္ေတြအတြက္ လုံၿခဳံလွတဲ့ နိဗၺာန္ဘုံပါဆိုၿပီး ဂုဏ္ယူေျပာၾကားထားပါတယ္။

ဒီတုိက္ခုိက္မႈအေပၚအေမရိကန္ျပည္ေထာင္စုက ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုအပါအဝင္ ေဆာ္ဒီဦးေဆာင္တဲ့ ညႊန္႔ေပါင္းတပ္ဖြဲ႔နဲ႔ဟူသီသူပုန္တို႔ၾကား ယီမင္ႏုိင္ငံထဲကစစ္ပြဲေတြအရွိန္ျမင့္လာခ်ိန္ ဇန္န၀ါရီ ၁၇ ရက္ေန႔က ဟူသီသူပုန္တို႔ရဲ ႔ တုိက္ခိုက္မႈမွာေတာ့ လူေသဆုံးမႈရွိခဲ့ပါတယ္။

ဟူသီသူပုန္ေတြဘက္ကပစ္လႊတ္လိုက္တဲ့ မစ္ဇုိင္းဒုံးကို ညသန္းေခါင္ေက်ာ္ေလာက္မွာ ၾကားျဖတ္ပစ္ခ်ႏုိင္ခဲ့ၿပီး ပ်က္စီးအပိုင္းအစေတြက လူမေနတဲ့ေဒသေတြထဲ က်သြားတယ္လို႔ UAE ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။ အဲဒီဒုံးက်ည္က Abu Dhabi နဲ႔ Dubai ဘယ္ၿမိဳ ႔ကိုပစ္မွတ္ထားတာလဲဆိုတာကိုေတာ့ မေျပာပါဘူး။

တိုက္႐ိုက္ လင့္ခ္

=========

[[Zawgyi/Unicode]]

ယီမင် ဟူသီသူပုန်ပစ်ခတ်တဲ့ ဒုံးကျည်တွေUAE ဖျက်ချခဲ့ရ

အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ယီမင်ဟူသီသူပုန်တွေဘက်က ပစ်လွှတ်လိုက်တဲ့ မစ်ဇိုင်းဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အာရပ်စော် ဘွားများပြည်ထောင်စု UAE က ဒီကနေ့ပြောပါတယ်။

အစ္စရေးလ်သမ္မတ Isaac Herzog UAE ကို ပထမဆုံးအလည်အပတ် ရောက်နေချိန်မှာ ယီမင်သူပုန်တွေဘက်က ခုလိုပစ်ခတ်တာပါ။ ဒါဟာ အမေရိကန်မဟာမိတ်ဖြစ်တဲ့ UAE နိုင်ငံထဲ ၂ ပတ်အတွင်း ၃ ကြိမ်မြောက်ပစ်ခတ်တိုက်ခိုက်တဲ့ ဖြစ်ရပ်ပါ။

ယီမင်ဟူသီသူပုန်တပ်ဖွဲ့ ပြောခွင့်ရသူကလည်း ဒူဘိုင်းမြို့ကို အဝေးထိန်းဒရုန်းယာဉ်နဲ့တိုက်ခိုက်ခဲ့သလို အဘူဒါဘီမြို့ကိုတော့ Zulfiqar မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခဲ့တယ် လို့ အတည်ပြုပြောဆိုပါတယ်။ UAE မှာရှိတဲ့ အရေးကြီးတဲ့ ဌာနချုပ်တွေနဲ့ စစ်ဘက် အဆောက်အအုံတွေကနေ ဝေးရာမှာနေကြဖို့ အရပ်သားတွေနဲ့ လုပ်ငန်းရှင်တွေကိုလည်း ပြောခွင့်ရသူက ထပ်ပြီးသတိပေးခဲ့ပါတယ်။

UAE ကတော့ သူ့နိုင်ငံဟာ စီးပွါးရေးလုပ်ဖို့နဲ့ ကမ္ဘာလှည့်ခရီးသည်တွေအတွက် လုံခြုံလှတဲ့ နိဗ္ဗာန်ဘုံပါဆိုပြီး ဂုဏ်ယူပြောကြားထားပါတယ်။

ဒီတိုက်ခိုက်မှုအပေါ်အမေရိကန်ပြည်ထောင်စုက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အာရပ်စော်ဘွားများပြည်ထောင်စုအပါအဝင် ဆော်ဒီဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့နဲ့ဟူသီသူပုန်တို့ကြား ယီမင်နိုင်ငံထဲကစစ်ပွဲတွေအရှိန်မြင့်လာချိန် ဇန်နဝါရီ ၁၇ ရက်နေ့က ဟူသီသူပုန်တို့ရဲ့ တိုက်ခိုက်မှုမှာတော့ လူသေဆုံးမှုရှိခဲ့ပါတယ်။

ဟူသီသူပုန်တွေဘက်ကပစ်လွှတ်လိုက်တဲ့ မစ်ဇိုင်းဒုံးကို ညသန်းခေါင်ကျော်လောက်မှာ ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး ပျက်စီးအပိုင်းအစတွေက လူမနေတဲ့ဒေသတွေထဲ ကျသွားတယ်လို့ UAE ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီဒုံးကျည်က Abu Dhabi နဲ့ Dubai ဘယ်မြို့ကိုပစ်မှတ်ထားတာလဲဆိုတာကိုတော့ မပြောပါဘူး။

#UAEattacked #YemanHauthiMovement #VOABurmese

#ယီမင် #ဟူသီသူပုန် #ဒုံးကျည် #ဗွီအိုအေ

=========

XS
SM
MD
LG