သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခ်ီေဖြခရိုင္က အဆိပ္သင့္ ေတာင္တန္းမ်ား


ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ဓါတ္ဆီ၊ ေရနံဆီ၊ ေက်ာက္မီးေသြး စတာေတြကိုသံုးၿပီး၊ စြမ္းအင္ထုတ္လုပ္တာဟာ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ၿပီး၊ အပူဓါတ္လြန္ကဲေစတာမို႔ ရာသီဥတုကို ေျပာင္းလဲေစတယ္လို႔ ယူဆၾကပါတယ္။ ေရနဲ႔ေလက လွ်ပ္စစ္ဓါတ္အား ထုတ္ယူတာဟာ အသန္႔ရွင္းဆံုးနဲ႔ အေကာင္းဆံုးလို႔ ဆိုပါတယ္။ ေလအား လွ်ပ္စစ္ထုတ္ယူတဲ့ ေလရဟတ္၊ လွ်ပ္စစ္ေမာ္ေတာ္ကား၊ မိုဘိုင္းလ္ဖုန္္းနဲ႔ ကြန္ျပဴတာမွာ သံုးဖို႔အတြက္ ေျမရွားသတၱဳဟာ မရိွရင္ မျဖစ္တဲ့ပစၥည္း ျဖစ္ေနပါတယ္။ ဒါေပမဲ့ ျပႆနာက ေျမရွားသတၱဳ ထုတ္ယူရာမွာလည္း သဘာဝပတ္ဝန္းက်င္ကို အႀကီးအက်ယ္ ပ်က္စီးေနတာပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ ျမန္မာျပည္အေရွ ႔ေျမာက္ပိုင္းက ကခ်င္အထူးေဒသ (၁) ဟာ တရုတ္ရဲ ႔ ေျမရွားစက္ရံု ျဖစ္လာပါတယ္။ လြန္ခဲ့တဲ့ မတ္လက ၿဂိဳဟ္တုကေန စံုစမ္းဖုိ႔ Global Witness အဖြဲ႔က စီစဥ္ပါတယ္။ အဲဒီအခါမွာ စကၤာပူႏုိင္ငံေလာက္ က်ယ္ဝန္းတဲ့ေျမေနရာမွာ ေျမရွားသတၱဳထုတ္ယူတဲ့ လုပ္ကြက္ေပါင္း (၃၀၀) နီးပါး ေတြ႔ရတဲ့အျပင္ ေျမရွားသတၱဳစစ္ယူတဲ့ အစိမ္းေရာင္ ေရကန္ေပါင္း (၂၇၀၀) ေက်ာ္ကိုလည္း ေတြ႔ရတယ္လို႔ ဆိုပါတယ္။ နယ္ျခားေစာင့္တပ္ရဲ ႔ ခြင့္ျပဳခ်က္နဲ႔ လုပ္ေနၾကတာ ျဖစ္ပါတယ္။

ကခ်င္ျပည္နယ္ အေရွ ႔ေျမာက္ပိုင္း ခ်ီေဖြခရိုင္မွာ တရုတ္ကုမၸဏီေတြ ေျမရွားသတၱဳထုတ္ယူေနတာ ႏွစ္အေတာ္ၾကာေနပါၿပီ။ ေျမရွားသတၱဳ ထုတ္ယူမႈဟာ သဘာဝပတ္ဝန္းက်င္နဲ႔ လူ႔အဖြဲ႔အစည္းကို အႏၱရာယ္ေပးေနေၾကာင္း အရပ္ဘက္အဖြဲ႔အစည္းေတြက (၂၀၁၆) မွာ စစ္တမ္းေကက္ယူဖူးပါတယ္။ NLD အစိုးရလက္ထက္မွာလည္း ေျမရွားသတၱဳ စစ္ေဆးေရးအဖြဲ႔က (၂၀၁၉) မွာ အစီရင္ခံစာတေစာင္ ထုတ္တယ္လို႔ Global Witness အဖြဲ႔က ဆုိပါတယ္။ လြန္ခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကစၿပီး ေကာင္ကင္ၿဂိဳဟ္တုကေရာ ကြင္းဆင္းေလ့လာေရးေရာ Global Witness အဖြဲ႔က (၆) လေလာက္ စံုစမ္းစစ္ေဆးတဲ့အခါမွာ တရုတ္ျပည္ရဲ ႔ ေျမရွားသတၱဳလုပ္ငန္းမွာ ခ်ီေဖြခရိုင္ဟာ အဓိကပါဝင္ေနတာ ေတြ႔ရတယ္လို႔ ဆိုပါတယ္။ ၂၀၁၉ ခုႏွစ္က တရုတ္လူမ်ဳိး (၁၆,၀၀၀) ေလာက္ ကခ်င္အထူးေဒသ (၁) မွာ အလုပ္လုပ္ေနေၾကာင္း သိရပါတယ္။

တရုတ္အေကာက္ခြန္ဌာနစာရင္းအရ ၂၀၁၇ ေမလကေန ၂၀၂၁ ၾသဂုတ္လအထိ (၄) ႏွစ္အတြင္း ေျမရွားသတၱဳ တန္ခ်ိန္ တစ္သိန္းေလးေသာင္းေက်ာ္ ျမန္မာျပည္က တင္သြင္းေၾကာင္း သိရပါတယ္။ ေဒၚလာသန္း (၁၁၀၀) ေလာက္ တန္းဖိုးရိွပါတယ္။ တကမာၻလံုးမွာ ၂၀၂၀ က ေျမရွားသတၱဳတန္ခ်ိန္္ (ႏွစ္သိန္းေလးေသာင္း) ထုတ္လုပ္ပါတယ္။ တရုတ္ျပည္က (၁၄၀,၀၀၀) အေမရိကန္က (၃၈,၀၀၀)၊ ျမန္မာက (၃၀,၀၀၀) ထြက္ေၾကာင္း ခန္႔မွန္းၾကပါတယ္။ ခ်ီေဖြ၊ ပန္ဝါ၊ ေဆာ့ေလာ္နဲ႔ ဝိုင္းေမာ္ၿမိဳ ႔နယ္ အစိတ္အပိုင္းေတြပါဝင္တဲ့ ကခ်င္အထူးေဒသ (၁) မွာ ေျမရွားသတၱဳ အႀကီးအက်ယ္ ထုတ္လုပ္ေနတာ ျဖစ္ပါတယ္။ ေျမရွားတူးေဖာ္ရာမွာ Oxalic Acid, Ammonium Bicarbonate စတဲ့ ဓါတုပစၥည္း ငါးမ်ဳိးေလာက္ သံုးပါတယ္။ အဆိပ္သင့္တာမို႔ ေဒသထြက္ ခ်ဥ္ေစာ္ကားသီးနဲ႔ သစ္ၾကားသီးကို ဝယ္ယူသူ နည္းပါးလာတယ္လို႔ သိရပါတယ္။

ကခ်င္အထူးေဒသ (၁) မွာ ေလာ္ေဝၚ၊ လာခ်ိတ္၊ ဇိုင္ဝါး၊ လီဆူနဲ႔ ရဝမ္စတဲ့ မ်ဳိးႏြယ္ေတြ အေျခခ်ၿပီး လာခ်ိတ္မ်ဳိးႏြယ္ ဇခုန္တိန္႔ယိန္းမိသားစုက ၾသဇာေညာင္းပါတယ္။ KIA ကခ်င္လြတ္ေျမာက္ေရးတပ္က (၁၉၆၈) မွာ ခြဲထြက္ၿပီး၊ ဗကပ (ဗမာျပည္ကြန္ျမဴနစ္ပါတီ) ပူးေပါင္းကာ ပန္ဝါနဲ႔ ကန္ပိုက္တီမွာ ေျခကုပ္စခန္း ဖြင့္ပါတယ္။ ဗကပ (၁၀၁) စစ္ေဒသအျဖစ္ သတ္မွတ္ၿပီး စစ္အစိုးရကို ဆန္႔က်င္ပါတယ္။ ၁၉၈၉ မွာ ဗကပ ၿပိဳကြဲတဲ့အခါ ဒီမိုကေရစီသစ္ တပ္မေတာ္ (ကခ်င္) NDA-K ကို ဖြဲ႔စည္းၿပီး ကခ်င္အထူးေဒသ (၁) ကို ခ်ဳပ္ကိုင္ပါတယ္။ ၂၀၀၉ မွာ စစ္အစိုးရရဲ ႔ နယ္ျခားေစာင့္တပ္အစီအစဥ္ကို လက္ခံၿပီး၊ နယ္ျခားေစာင့္တပ္ရင္း (၃) ရင္း ဖြဲ႔စည္းလိုက္ပါတယ္။ ၂၀၁၉ မွာ ဒီမိုကေရစီပါတီသစ္ (ကခ်င္) ကို တည္ေထာင္ၿပီး၊ အာဏာရအစိုးရနဲ႔ ပူးေပါင္းလုပ္ကိုင္မယ္လို ေၾကညာပါတယ္။ ေျမရွားသတၱဳ ထုတ္လုပ္မႈဟာ အႏၱရာယ္ရိွေပမယ့္ စစ္ေကာင္စီ လက္ေအာက္ခံ နယ္ျခားေစာင့္တပ္ ႀကီးစိုးတာမုိ႔ ကန္႔ကြက္သူ နည္းပါတယ္။

ေျမရွားသတၱဳ (၁၇) မ်ဳိး ရိွတဲ့အနက္ ကခ်င္အထူးေဒသ (၁) မွာ ရွားပါးတဲ့ Dysprosium နဲ႔ Terbium သတၱဳေတြထြက္တာမို႔ တရုတ္ကုမၸဏီေတြအဖုိ႔ အလြန္အသံုးဝင္ေနပါတယ္။ ထုတ္လုပ္တဲ့အခါ စြန္႔ပစ္ရတဲ့ပစၥည္းဟာ အဆိပ္အေတာက္ရိွတာမို႔ အႏၱရာယ္ႀကီးပါတယ္။ ပန္ဝါေဒသက ေသာက္သံုးေရကို စစ္ေဆးၾကည့္တဲ့အခါမွာ အဆိပ္သင့္ေနတာ ေတြ႔တယ္လုိ႔ အရပ္ဘက္အဖြဲ႔တဖြဲ႔က ဆိုပါတယ္။ အခုအခ်ိန္မွာ မသိသာေပမယ့္ ေရရွည္မွာ ေဒသတခုလံုး က်န္းမာေရး ထိခိုက္လာႏိုင္ပါတယ္။ ေျမရွားရွာေဖြေရးမွာ အႏၱရာယ္ရိွတဲ့ ဓါတုပစၥည္း ကိုင္သူဟာ လုပ္ခပိုရတယ္လို႔ KachinWaves မွာ ေဖာ္ျပပါတယ္။

ကခ်င္အထူးေဒသ (၁) ကို နယ္ျခားေစာင့္တပ္နဲ႔ စစ္ေကာင္စီတပ္က ခ်ဳပ္ကိုင္ထားတဲ့အတြက္ အျပင္လူေတြ ဝင္ေရာက္ေလ့လာဖို႔ အခက္အခဲ ရိွပါတယ္။ ခ်ဳပ္ကိုင္တဲ့ လက္နက္ကိုင္တပ္ဖြဲ႔ေတြနဲ႔ တရုတ္ကုမၸဏီေတြ အက်ဳိးအျမတ္ခံစားရၿပီး ေဒသခံျပည္သူေတြ ဖိႏိွပ္ခံေနရပါတယ္။ ေျမရွားလုပ္ငန္း ကန္႔ကြက္သူကို နယ္ျခားေစာင့္တပ္က ဖမ္းဆီးထိန္းသိမ္းေၾကာင္း ဧၿပီလ (၁၂) ရက္ေန႔ထုတ္၊ KachinWaves မွာ ေဖာ္ျပပါတယ္။ တရုတ္ကုမၸဏီေတြ ေျမရွားသတၱဳထုတ္ယူလို႔ အဆိပ္သင့္တဲ့ေဒသထြက္ သီးႏံွေတြကို တရုတ္ဘက္က မဝယ္ေတာ့တဲ့အတြက္ ေဒသခံေတြ စားဝတ္ေနေရး ခက္ခဲလာေၾကာင္း သိရပါတယ္။

==== Unicode =====

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ဓါတ်ဆီ၊ ရေနံဆီ၊ ကျောက်မီးသွေး စတာတွေကိုသုံးပြီး၊ စွမ်းအင်ထုတ်လုပ်တာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပြီး၊ အပူဓါတ်လွန်ကဲစေတာမို့ ရာသီဥတုကို ပြောင်းလဲစေတယ်လို့ ယူဆကြပါတယ်။ ရေနဲ့လေက လျှပ်စစ်ဓါတ်အား ထုတ်ယူတာဟာ အသန့်ရှင်းဆုံးနဲ့ အကောင်းဆုံးလို့ ဆိုပါတယ်။ လေအား လျှပ်စစ်ထုတ်ယူတဲ့ လေရဟတ်၊ လျှပ်စစ်မော်တော်ကား၊ မိုဘိုင်းလ်ဖုန်းနဲ့ ကွန်ပြူတာမှာ သုံးဖို့အတွက် မြေရှားသတ္တုဟာ မရှိရင် မဖြစ်တဲ့ပစ္စည်း ဖြစ်နေပါတယ်။ ဒါပေမဲ့ ပြဿနာက မြေရှားသတ္တု ထုတ်ယူရာမှာလည်း သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ပျက်စီးနေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာပြည်အရှေ့မြောက်ပိုင်းက ကချင်အထူးဒေသ (၁) ဟာ တရုတ်ရဲ့ မြေရှားစက်ရုံ ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ မတ်လက ဂြိုဟ်တုကနေ စုံစမ်းဖို့ Global Witness အဖွဲ့က စီစဉ်ပါတယ်။ အဲဒီအခါမှာ စင်္ကာပူနိုင်ငံလောက် ကျယ်ဝန်းတဲ့မြေနေရာမှာ မြေရှားသတ္တုထုတ်ယူတဲ့ လုပ်ကွက်ပေါင်း (၃၀၀) နီးပါး တွေ့ရတဲ့အပြင် မြေရှားသတ္တုစစ်ယူတဲ့ အစိမ်းရောင် ရေကန်ပေါင်း (၂၇၀၀) ကျော်ကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ နယ်ခြားစောင့်တပ်ရဲ့ ခွင့်ပြုချက်နဲ့ လုပ်နေကြတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း ချီဖွေခရိုင်မှာ တရုတ်ကုမ္ပဏီတွေ မြေရှားသတ္တုထုတ်ယူနေတာ နှစ်အတော်ကြာနေပါပြီ။ မြေရှားသတ္တု ထုတ်ယူမှုဟာ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကို အန္တရာယ်ပေးနေကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေက (၂၀၁၆) မှာ စစ်တမ်းကေက်ယူဖူးပါတယ်။ NLD အစိုးရလက်ထက်မှာလည်း မြေရှားသတ္တု စစ်ဆေးရေးအဖွဲ့က (၂၀၁၉) မှာ အစီရင်ခံစာတစောင် ထုတ်တယ်လို့ Global Witness အဖွဲ့က ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး ကောင်ကင်ဂြိုဟ်တုကရော ကွင်းဆင်းလေ့လာရေးရော Global Witness အဖွဲ့က (၆) လလောက် စုံစမ်းစစ်ဆေးတဲ့အခါမှာ တရုတ်ပြည်ရဲ့ မြေရှားသတ္တုလုပ်ငန်းမှာ ချီဖွေခရိုင်ဟာ အဓိကပါဝင်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်က တရုတ်လူမျိုး (၁၆,၀၀၀) လောက် ကချင်အထူးဒေသ (၁) မှာ အလုပ်လုပ်နေကြောင်း သိရပါတယ်။

တရုတ်အကောက်ခွန်ဌာနစာရင်းအရ ၂၀၁၇ မေလကနေ ၂၀၂၁ သြဂုတ်လအထိ (၄) နှစ်အတွင်း မြေရှားသတ္တု တန်ချိန် တစ်သိန်းလေးသောင်းကျော် မြန်မာပြည်က တင်သွင်းကြောင်း သိရပါတယ်။ ဒေါ်လာသန်း (၁၁၀၀) လောက် တန်းဖိုးရှိပါတယ်။ တကမ္ဘာလုံးမှာ ၂၀၂၀ က မြေရှားသတ္တုတန်ချိန် (နှစ်သိန်းလေးသောင်း) ထုတ်လုပ်ပါတယ်။ တရုတ်ပြည်က (၁၄၀,၀၀၀) အမေရိကန်က (၃၈,၀၀၀)၊ မြန်မာက (၃၀,၀၀၀) ထွက်ကြောင်း ခန့်မှန်းကြပါတယ်။ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်နဲ့ ဝိုင်းမော်မြို့နယ် အစိတ်အပိုင်းတွေပါဝင်တဲ့ ကချင်အထူးဒေသ (၁) မှာ မြေရှားသတ္တု အကြီးအကျယ် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ မြေရှားတူးဖော်ရာမှာ Oxalic Acid, Ammonium Bicarbonate စတဲ့ ဓါတုပစ္စည်း ငါးမျိုးလောက် သုံးပါတယ်။ အဆိပ်သင့်တာမို့ ဒေသထွက် ချဉ်စော်ကားသီးနဲ့ သစ်ကြားသီးကို ဝယ်ယူသူ နည်းပါးလာတယ်လို့ သိရပါတယ်။

ကချင်အထူးဒေသ (၁) မှာ လော်ဝေါ်၊ လာချိတ်၊ ဇိုင်ဝါး၊ လီဆူနဲ့ ရဝမ်စတဲ့ မျိုးနွယ်တွေ အခြေချပြီး လာချိတ်မျိုးနွယ် ဇခုန်တိန့်ယိန်းမိသားစုက သြဇာညောင်းပါတယ်။ KIA ကချင်လွတ်မြောက်ရေးတပ်က (၁၉၆၈) မှာ ခွဲထွက်ပြီး၊ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ပူးပေါင်းကာ ပန်ဝါနဲ့ ကန်ပိုက်တီမှာ ခြေကုပ်စခန်း ဖွင့်ပါတယ်။ ဗကပ (၁၀၁) စစ်ဒေသအဖြစ် သတ်မှတ်ပြီး စစ်အစိုးရကို ဆန့်ကျင်ပါတယ်။ ၁၉၈၉ မှာ ဗကပ ပြိုကွဲတဲ့အခါ ဒီမိုကရေစီသစ် တပ်မတော် (ကချင်) NDA-K ကို ဖွဲ့စည်းပြီး ကချင်အထူးဒေသ (၁) ကို ချုပ်ကိုင်ပါတယ်။ ၂၀၀၉ မှာ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်အစီအစဉ်ကို လက်ခံပြီး၊ နယ်ခြားစောင့်တပ်ရင်း (၃) ရင်း ဖွဲ့စည်းလိုက်ပါတယ်။ ၂၀၁၉ မှာ ဒီမိုကရေစီပါတီသစ် (ကချင်) ကို တည်ထောင်ပြီး၊ အာဏာရအစိုးရနဲ့ ပူးပေါင်းလုပ်ကိုင်မယ်လို ကြေညာပါတယ်။ မြေရှားသတ္တု ထုတ်လုပ်မှုဟာ အန္တရာယ်ရှိပေမယ့် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် ကြီးစိုးတာမို့ ကန့်ကွက်သူ နည်းပါတယ်။

မြေရှားသတ္တု (၁၇) မျိုး ရှိတဲ့အနက် ကချင်အထူးဒေသ (၁) မှာ ရှားပါးတဲ့ Dysprosium နဲ့ Terbium သတ္တုတွေထွက်တာမို့ တရုတ်ကုမ္ပဏီတွေအဖို့ အလွန်အသုံးဝင်နေပါတယ်။ ထုတ်လုပ်တဲ့အခါ စွန့်ပစ်ရတဲ့ပစ္စည်းဟာ အဆိပ်အတောက်ရှိတာမို့ အန္တရာယ်ကြီးပါတယ်။ ပန်ဝါဒေသက သောက်သုံးရေကို စစ်ဆေးကြည့်တဲ့အခါမှာ အဆိပ်သင့်နေတာ တွေ့တယ်လို့ အရပ်ဘက်အဖွဲ့တဖွဲ့က ဆိုပါတယ်။ အခုအချိန်မှာ မသိသာပေမယ့် ရေရှည်မှာ ဒေသတခုလုံး ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ မြေရှားရှာဖွေရေးမှာ အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်း ကိုင်သူဟာ လုပ်ခပိုရတယ်လို့ KachinWaves မှာ ဖော်ပြပါတယ်။

ကချင်အထူးဒေသ (၁) ကို နယ်ခြားစောင့်တပ်နဲ့ စစ်ကောင်စီတပ်က ချုပ်ကိုင်ထားတဲ့အတွက် အပြင်လူတွေ ဝင်ရောက်လေ့လာဖို့ အခက်အခဲ ရှိပါတယ်။ ချုပ်ကိုင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တရုတ်ကုမ္ပဏီတွေ အကျိုးအမြတ်ခံစားရပြီး ဒေသခံပြည်သူတွေ ဖိနှိပ်ခံနေရပါတယ်။ မြေရှားလုပ်ငန်း ကန့်ကွက်သူကို နယ်ခြားစောင့်တပ်က ဖမ်းဆီးထိန်းသိမ်းကြောင်း ဧပြီလ (၁၂) ရက်နေ့ထုတ်၊ KachinWaves မှာ ဖော်ပြပါတယ်။ တရုတ်ကုမ္ပဏီတွေ မြေရှားသတ္တုထုတ်ယူလို့ အဆိပ်သင့်တဲ့ဒေသထွက် သီးနံှတွေကို တရုတ်ဘက်က မဝယ်တော့တဲ့အတွက် ဒေသခံတွေ စားဝတ်နေရေး ခက်ခဲလာကြောင်း သိရပါတယ်။

XS
SM
MD
LG