သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသုံးစရိတ်လျော့ပြီး ကျစ်လစ်တဲ့ စစ်ဗျူဟာ အမေရိကန် ချမှတ်မည်


အသုံးစရိတ်လျော့ပြီး ကျစ်လစ်တဲ့ စစ်ဗျူဟာ အမေရိကန် ချမှတ်မည်
အသုံးစရိတ်လျော့ပြီး ကျစ်လစ်တဲ့ စစ်ဗျူဟာ အမေရိကန် ချမှတ်မည်

တချိန်ထဲမှာ စစ်ပွဲနှစ်ပွဲကို တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိတဲ့ တပ်ဖွဲ့တခုကို ထိန်းသိမ်းထားဖို့ဆိုတဲ့ အမေရိကန် စစ်ဌာနချုပ် (Pentagon) ရဲ့ မဟာဗျူဟာကို အဆုံးသတ်မယ့် အစီအစဉ်တခုကို အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပန်နက်တား (Leon Panetta) က ကြေညာတော့မယ်လို့ ခန့်မှန်း ထားကြပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ ကိုင်စွဲလာခဲ့တဲ့မူဝါဒကို အဆုံးသတ်တော့မယ့် အစီအစဉ်ဟာ မကြာခင် ကြုံလာတော့မယ့် ဘဏ္ဍာငွေ ဖြတ်တောက်ခံရတော့မယ့် အခြေအနေကို ရင်ဆိုင်နိုင်အောင် နည်းလမ်းရှာဖို့ ပန်နက်တားက ညွှန်ကြားထားတဲ့ မဟာဗျူဟာ ပြန်လည်သုံးသပ်ခြင်း အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

ဒီကိစ္စကို ဒီကနေ့ ကြာသပတေးနေ့မှာ ပန်နက်တားက ဝါရှင်တန် မြို့တော်မှာ ကြေညာမယ်လို့ ခန့်မှန်း ထားကြပါတယ်။

ပန်တဂွန်စစ်ဌာနချုပ်အနေနဲ့ စစ်ပွဲတပွဲကို အနိုင်တိုက်နိုင်သလို တချိန်ထဲမှာပဲ ကမ္ဘာ့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ရန်လိုတဲ့ အပြုအမူ တွေကို တားဆီးပိတ်ဆို့နိုင်တဲ့ ဒါမှမဟုတ် ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းရည် ရှိနေမယ့် မဟာဗျူဟာတရပ်ကို ဖန်တည်းမှာဖြစ်တယ်လို့ အမေရိကန် သတင်း မီဒီယာတွေက အစီရင်ခံကြပါတယ်။

တပ်ဖွဲ့အရေအတွက်ကို လျှော့ချဖို့၊ အရပ်ဘက်ဝန်ထမ်းတွေကို လျှော့ချဖို့နဲ့ လေယာဉ်တင်သင်္ဘော အသစ်တစင်း တည်ဆောက်ဖို့ အပါအဝင် လက်နက်သစ်တွေ ထုတ်လုပ်မယ့် အစီအစဉ် အများအပြားကို ရွှေ့ဆိုင်းပစ်ဖို့ အစီအစဉ်တွေကို ပန်နက်တားက ကြေညာလိမ့်မယ်လို့ သတင်းတွေကပြောပါတယ်။

XS
SM
MD
LG