သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UEC ဥက္ကဋ္ဌဟောင်း ဦးလှသိန်း ပြန်လွတ်


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ (ဟောင်း) ဦးလှသိန်း။ (ယခင်မှတ်တမ်းဓာတ်ပုံ) 
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ (ဟောင်း) ဦးလှသိန်း။ (ယခင်မှတ်တမ်းဓာတ်ပုံ) 

[[Zawgyi/Unicode]]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနဲ့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်တို့ ရမည်းသင်းထောင်ကနေ ဒီနေ့ ပြန်လွတ်လာပါတယ်။ သူတို့ ၂ ယောက်အပြင် ရွေးကောက်ပွဲအဖွဲ့ဝင် ဦးသန်းဋ္ဌေးကို ရွေးကောက်ပွဲမသမာမှု၊ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့ အမှုတွဲ တရားစွဲခဲ့ပြီး ၃ ယောက်လုံးကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် ဇူလိုင်လကပဲ ပြစ်ဒဏ်ချထားတာပါ။

ရမည်းသင်းအကျဉ်းထောင်မှာအကျဉ်းကျနေတဲ့ ဦးလှသိန်းနဲ့ ဦးမြင့်နိုင်တို့ ၂ ယောက် ဒီနေ့
ပြန်လွတ်လာတာကို သူတို့နဲ့နီးစပ်သူ တဦးက ခုလိုပြောပြပါတယ်။

“ဟုတ်တယ်။ တနာရီခွဲ ၂ နာရီလောက်က လွှတ်ပေးလိုက်တယ်ပြောတယ်။ ရက်ကတော့မစေ့သေးဘူး။ ဘာလို့ဆို ၃ နှစ်ချတာဆိုတော့လေ။ ရက်ကမစေ့သေးဘူး။ ငါတို့ကြားတာအမျိုးမျိုးပဲ။ ဘာကြောင့်လွှတ်ပေးလဲဆိုတာ အတိအကျမသိဘူး။ လွှတ်ပေးတယ်ဆိုတာပဲ သိတာ။ ဦးသန်းဌေးမပါဘူး။ ဦးသန်းဌေးက ပြီးခဲ့တဲ့ရက်က မန္တလေးထောင်ဘက် ပြောင်းတယ်။ ဒီမှာက ဦးလှသိန်းနဲ့ ဦးမြင့်နိုင်ပဲ ရမည်းသင်းထောင်မှာကျန်နေခဲ့တာ။ စောင့်ကြည့်ရမှာပေါ့။”

သူတို့ကို ဘာကြောင့်လွှတ်ပေးလိုက်လဲဆိုတာတော့ အတိအကျ မသိရပါဘူး။ ချုပ်ရက်လျှော့ပြီး ၁ နှစ်ကျော် ထောင်ဒဏ်ကျခံရဖို့ ကျန်နေသေးတယ်လို့ တရားရေးသတင်းရပ်ကွက် က ပြောပါတယ်။ သူတို့နဲ့ အမှုတွဲတတွဲထဲမှာ ပုဒ်မတူနဲ့ ၃ နှစ် ထောင်ချခံထားရတဲ့ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးကတော့ မလွတ်မြောက်သေးကြောင်း သူတို့နဲ့နီးစပ်သူတဦးက ပြောပါတယ်။ သူတို့ ၃ယောက်ကို NLD ပါတီ အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲစာရင်းပြုစုတာ၊ ကြိုတင်မဲပေးတာ စတဲ့ ကိစ္စရပ်တွေမှာ တရားမဲ့ ပြုကျင့်မှုတွေမှာ ကျုးလွန်ခဲ့တယ် ဆိုပြီး စစ်ကောင်စီက အသစ်ဖွဲ့စည်းခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ၂၀၂၁ ခုနှစ် နိုဝင် ဘာ မှာ ကြေညာခဲ့ပါတယ်။

အမှုအမိန့်ချပြီးနောက် သူတို့ ၃ ယောက်ကို ရမည်းသင်းထောင်ကို ပို့ဆောင်ခဲ့ပါတယ်။ မကြာသေးခင်ကမှ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေး တယောက်တည်းကို အိုးဘိုထောင်ကို ပြောင်းလိုက်တဲ့အကြောင်း သူတို့ရှေ့နေတွေက အတည်ပြုထားပါတယ်။

UEC ဥက္ကဋ္ဌဟောင်း ဦးလှသိန်း ပြန်လွတ်.mp3
please wait

No media source currently available

0:00 0:01:56 0:00
တိုက်ရိုက် လင့်ခ်

==============

[[Unicode]]







XS
SM
MD
LG