သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအတွက် မစိုးရိမ်ဖို့ ကော်မရှင်ဥက္ကဋ္ဌပြော


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး နေပြည်တော် မဲရုံကိုစစ်ဆေးနေစဉ်။ (နိုဝင်ဘာ ၇၊ ၂၀၁၅)
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး နေပြည်တော် မဲရုံကိုစစ်ဆေးနေစဉ်။ (နိုဝင်ဘာ ၇၊ ၂၀၁၅)

မြန်မာနိုင်ငံမှာ မနက်ဖြန်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ မဲရုံတွေမှာ စတင် ပြင်ဆင်နေကြသလို လုံခြုံရေးအတွက် အာဏာပိုင်တွေ စောင့်ကြပ်နေကြသလို နိုင်ငံရေးပါတီတွေကလည်း စောင့်ကြည့်အကဲခတ်ဖို့ ပြင်ဆင်နေကြပါပြီ။

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်နေကြတဲ့အပေါ် မစိုးရိမ်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နေပြည်တော်မှာ ရွေးကောက်ပွဲပြင်ဆင်မှုတွေ သွားရောက်ကြည့်ရှုစဉ် အခုလို ပြောကြားသွားပါတယ်။

“တကယ့်တကယ်တော့ သိပ်စိုးရိမ်စရာလည်း မရှိပါဘူး။ အားလုံး ကျနော်တို့ ပြင်ဆင်ထားပြီးသားမို့လေ-နော။ အဲလို ဘာမှ စိုးရိမ်စရာမရှိပါဘူး။”

မဲရုံအများစုမှာ မဲပုံးတွေကို စတင်ပြင်ဆင်နေသလို စနေ့နေ့ မနက်ကတည်းက စတင်ပြင်ဆင် ကြိုတင်မဲပေးတွေကိုလည်း တနိုင်ငံလုံးမှာ ဆက်ပေးနေကြပါတယ်။ ပထမဆုံးအကြိမ် အရပ်သား အစိုးရလက်ထက်မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် လူထုကြား စိတ်ဝင်စားမှုများတဲ့အတွက် မဲပေးသူများမယ်လို့လည်း ရန်ကုန်မြို့က မဲရုံတာဝန်ရှိသူတွေက ခန့်မှန်းနေကြပါတယ်။

အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ ရွေးကောက်ပွဲရလဒ်တွေကို ရန်ကုန်မြို့က ဌာနချုပ်ရုံးမှာ LCD တီဗွီကြီးတလုံးနဲ့ ထုတ်ပြန်ကြေညာနိုင်ဖို့ စီစဉ်ထားတယ်လို့လည်း ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ သန်း ၅၀ ကျော်အနက် မဲပေးခွင့်ရှိသူ သန်း ၃၀ ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အစောပိုင်းက ကြေညာထားပေမဲ့ နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့စာရင်းမှာတော့ အရေအတွက် အတိအကျကို ဖော်ပြတာမျိုး မရှိပါဘူး။

မဲပေးခွင့်ရှိပေမဲ့လည်း မဲစာရင်းမှာ မပါတာ၊ လူအပိုတွေ ပါနေတာလို စာရင်းအမှားအယွင်းတွေရှိနေသလို ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၆ ထောင် ကျော်ထဲက တချို့ရဲ့ အမည်စာရင်းတွေဟာဆိုရင်လည်း မဲလက်မှတ်မှာ မပါတာ၊ ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ဖျက်ထားသူတွေ မဲလက်မှတ်ပေါ်မှာ ပါနေတာတွေလို အမှားအယွင်းတွေ ရှိနေတယ်လို့လည်း ဝေဖန်မှုတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG