သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာစီလိုနာအသင်း မန်ယူကို ဂိုးပြတ်အနိုင်ရ

ဘာစီလိုနာအသင်း ဥရောပ ချန်ပီယံလိဂ် ဖလားကြီးနှင့် အောင်ပွဲခံနေစဉ်။ မေ ၂၈၊ ၂၀၁၁။
ဘာစီလိုနာအသင်း ဥရောပ ချန်ပီယံလိဂ် ဖလားကြီးနှင့် အောင်ပွဲခံနေစဉ်။ မေ ၂၈၊ ၂၀၁၁။

ကမ္ဘာတဝန်းက ဘောလုံးဝါသနာရှင်တွေ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြတဲ့ ဥရောပ ချန်ပီယံ ဖလားလုပွဲမှာ ဘာစီလိုနာ (Barcelona) အသင်းက Champion’s League ဖလားကြီးကို ရရှိသွားပါတယ်။

လန်ဒန်မြို့က ဝင်ဘလေ (Wembley) ကွင်းမှာ ထိပ်တန်းကလပ်အသင်းတွေဖြစ်ကြတဲ့ စပိန်က ဘာစီလိုနာ အသင်းနဲ့ ဗြိတိန်က မန်ချက်စတာ ယူနိုက်တက် (Manchester United) အသင်းတို့ စနေနေ့ညပိုင်းက UEFA Champion’s League ဖလားကို လုခဲ့ကြတာ ဖြစ်ပါတယ်။

ပွဲစပြီး ၂၇ မိနစ်မှာပဲ ဘာစီလိုနာဘက်က ပက်ဒရို (Pedro) က ပထမဂိုး စသွင်းခဲ့ပါတယ်။ ဘာစီလိုနာဘက်က ဂိုးရပြီးလို့ သိပ်မကြာလိုက်ပါဘူး ၃၄ မိနစ် အရောက်မှာတော့ မန်ယူဘက်က ဝိန်းရွန်နီ (Wayne Rooney) က ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ နာမည်ကြီး လီယွန်နယ် မက်ဆီ (Lionel Messi) က ဒုတိယဂိုးကို ၅၄ မိနစ်မှာ ထပ်သွင်းခဲ့ပါတယ်။ တတိယဂိုးကိုတော့ ၆၉ မိနစ်မှာ ဒေးဗစ် ဗီလာ (David Villa) က သွင်းခဲ့ပြီး ဘာစီလိုနာက ၃ ဂိုး၊ မန်ယူက ၁ ဂိုးနဲ့ ဘာစီလိုနာက Champion’s League ဖလား ရသွားခဲ့တာပါ။

တပွဲလုံးမှာ ဘာစီလိုနာ အသင်းဘက်က ဘောလုံးပိုင်ဆိုင်မှု ပိုများသလို ဂိုးသွင်းဖို့ အခွင့်အလမ်းလည်း ပိုများခဲ့ပါတယ်။

ဗြိတိန်နိုင်ငံမှာ ၂၀၁၂ အိုလံပစ်ပွဲ မတိုင်ခင် အကြီးကျယ်ဆုံး အားကစားပွဲတခုအဖြစ် ပြောကြတဲ့ ဒီဘောလုံးပွဲကို ရုပ်မြင်သံကြားကနေလည်း တိုက်ရိုက် ထုတ်လွှင်ြ့ပသခဲ့တာမှာ ကမ္ဘာတဝန်းက ပရိသတ် သန်းပေါင်းများစွာ ကြည့်ရှုခဲ့ကြပါတယ်။

This item is part of
XS
SM
MD
LG