သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပဖလား လူမျိုးရေး ခွဲခြားမှု


ပိုလန်နဲ့ ယူကရိန်းနိုင်ငံ ၂ ခု ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ဥရောပဖလား ဘောလုံးဗိုလ်လုပွဲ ဒီကနေ့ ပွဲစဉ်တွေကတော့ အုပ်စု B က နယ်သာလန် နဲ့ ဒိန်းမတ် တို့ ၂ သင်းက တပွဲ၊ ဂျာမနီနဲ့ပေါ်တူဂီက တပွဲ ကန်ကြဖို့ရှိပါတယ်။

နယ်သာလန် နဲ့ ဒိန်းမတ် ပွဲကို ယူကရိန်းနိုင်ငံ ဟာကဗ်မြို့က Metalist ဘောလုံးကွင်းမှာ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ စမှာဖြစ်ပြီး၊ ဂျာမနီနဲ့ ပေါ်တူဂီပွဲကိုတော့ ယူကရိန်းမှာပဲ လဗြူးမြို့က လဗြူးကွင်းမှာ ဒေသအချိန် ည ၈ နာရီ ၄၅ မိနစ်မှာ စ ကန်ကြမှာဖြစ်ပါတယ်။

မနေ့ကစခဲ့တဲ့ ဥရောပဖလား ဘောလုံးဗိုလ်လုပွဲ ပွဲဦးထွက် ပိုလန်နဲ့ ဂရိပွဲမှာ ၁ ဂိုးစီ သရေကျပါတယ်။ ရုရှား နဲ့ ချက် နိုင်ငံပွဲမှာတော့ ရုရှား က ၄ ဂိုး၊ ချက်သမ္မတနိုင်ငံက ၁ ဂိုးနဲ့ ရုရှား အသင်း နိုင်သွားပါတယ်။

ခြေစစ်ပွဲအောင်ထားကြတဲ့ ဥရောပ ၁၆ သင်း ဗိုလ်လုကြမယ့် ပွဲတွေ မစတင်ခင်ကတည်းက အိမ်ရှင်အဖြစ် လက်ခံကျင်းကြတဲ့ အိမ်ရှင်နိုင်ငံတွေက ပွဲကြည့် ပရိသတ်ဟာ လူမျိုးရေးနဲ့ အသားအရောင် ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းကလည်း ပိုလန်နိုင်ငံ ခရာကောင်းမြို့ကကွင်းမှာ နယ်သာလန် အသင်း လေ့ကျင့်နေစဉ်မှာ လာကြည့်သူတွေက မျောက်တွေအော်သလို အသံတွေပေး လှောင်ပြောင်တာ ခံခဲ့ရပါတယ်။ ဒီလို ဘောလုံးသမားတွေ၊ လာရောက်ပွဲကြည့်သူတွေအပေါ် အသားအရောင် ခွဲခြားဆက်ဆံမှုကို တင်းတင်းကျပ်ကျပ် အရေးယူဖို့ ဥရောပ ဘောလုံးအဖဲ့ွချုပ်ကို ဝိုင်းပြီး ပြောနေကြပါတယ်။

XS
SM
MD
LG