သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူဂန်ဒါ ရွေးကောက်ပွဲ လက်ရှိ သမ္မတ အနိုင်ရ


ဖေဖော်ဝါရီလ ၂၀ရက်က ယူဂန်ဒါ အတိုက်အခံခေါင်းဆောင်၏ နေအိမ်ကို ရဲတပ်ဖွဲ့ဝင်များက စောင့်ကြပ်နေသည်ကို တွေ့ရစဉ်။ (AP Photo/Josphat Kasire)
ဖေဖော်ဝါရီလ ၂၀ရက်က ယူဂန်ဒါ အတိုက်အခံခေါင်းဆောင်၏ နေအိမ်ကို ရဲတပ်ဖွဲ့ဝင်များက စောင့်ကြပ်နေသည်ကို တွေ့ရစဉ်။ (AP Photo/Josphat Kasire)

ယူဂန်ဒါနိုင်ငံမှာ ကျင်းပနေတဲ့ အငြင်းပွားဖွယ်ရာ သမ္မတ ရွေးကောက်ပွဲမှာ နှစ်ပေါင်း ၃၀ကြာ အာဏာရယူထားတဲ့ လက်ရှိ သမ္မတ Yoweri Museveni က ဆန္ဒမဲ အားလုံးရဲ့ ၆၁ ရာခိုင်နှုန်းနီးပါးနဲ့ အနိုင်ရသွားကြောင်း ဒီနေ့ ကြေငြာလိုက်ပါတယ်။

သမ္မတ ရဲ့ အားအကောင်းဆုံး ပြိုင်ဘက် အတိုက်အခံ ခေါင်းဆောင် Kizza Besigye က ဆန္ဒမဲ ၃၅ ရာခိုင်နှုန်းရရှိထားပြီး၊ အခြား ပြိုင်ဘက် တစ်ဦးဖြစ်တဲ့ Amama Mbabazi ကတော့ ၁.၅ ရာခိုင်နှုန်းပဲ ရထားပါတယ်။

ရွေးကောက်ပွဲ ရလဒ်တွေကို ကြေငြာခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ရဲ့ ကြေငြာချက်အရ မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင်အားလုံးရဲ့ ၆၃ ရာခိုင်နှုန်း မဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲရဲ့ နောက်ဆုံး ရလဒ်မကြေငြာခင် နာရီပိုင်းအလိုမှာ ထုတ်ပြန်ခဲ့တဲ့ ဥရောပ သမဂ္ဂရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ရဲ့ ကြေငြာချက်မှာ လက်ရှိ အာဏာရ ပါတီ National Resistance Movement ရဲ့ နိုင်ငံရေးမှာ လွှမ်းမိုးမှုဟာ တရာမျှတမှုကို ထိခိုက်စေပြီး၊ နိုင်ငံအဆင့် အာဏာရှိသူ တွေဟာ ရွေးကောက်ပွဲနေ့နဲ့ နောက်ပိုင်းနေ့တွေမှာ မဲဆန္ဒရှင်တွေကိုရော၊ ကိုယ်စားလှယ်လောင်းတွေကိုပါ ခြိမ်းခြောက်တဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်အောင် ဖန်တီးထားတယ်လို့ ပါရှိပါတယ်။

အမေရိကန် ပြည်ထောင်စု၊ နိုင်ငံတကာ လေ့လာသူတွေနဲ့ ထင်ရှားတဲ့ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ကတော့ ယူဂန်ဒါရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ဝေဖန်လိုက်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အတိုက်အခံ ကိုယ်စားလှယ်လောင်းတွေနဲ့ သူတို့ကို ထောက်ခံသူတွေအပေါ်မှာ မသင့်တော်တဲ့ ဖိအားပေးမှု၊ အချို့ကိစ္စတွေမှာ မသင့်တော်တဲ့ အင်အား အသုံးပြုမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အရေးအဖွဲ့ Human Rights Watch ယူဂန်ဒါနိုင်ငံရဲ့ လွတ်လပ်ပြီး မတရားမျှတတဲ့ ရွေးကောက့်ပွဲတွေ ကျင်းပနိုင်ဖို့ အခြေအနေအပေါ် စိုးရိမ်မိသလို၊ ယူဂန်ဒါ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ စုဝေးခွင့် တွေအတွက်လည်း စိုးရိမ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

XS
SM
MD
LG