သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ ရှင်ဂျန်း အဓိကရုဏ်း ၁၆ ဦးသေ


တရုတ်နိုင်ငံအနောက်ပိုင်း၊ ဝီဂါလူနည်းစုတိုင်းရင်းသားတွေ နေထိုင်ရာ ရှင်ဂျဲန်းပြည်နယ် အဓိကရုဏ်းအတွင်း လူပေါင်း ၁၆ ယောက်သေဆုံးခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

ဒေသတွင်းမှာရှိတဲ့ ရဲတပ်ဖွဲ့ကို လူတွေအများအပြားက တနင်္ဂနွေနေ့မှာ တိုက်ခိုက်ခဲ့ကြတယ်၊ အဲဒီလို တိုက်ခိုက်သူတွေဟာ ဓားတွေ၊ ဖောက်ခွဲ လက်နက်ပစ္စည်းတွေကို ကိုင်ပြီးတော့ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်၊ ရဲတပ်ဖွဲ့ဝင်တွေက ရာဇဝတ်မှုကျူးလွန်သူတွေကို ဖမ်းဆီးဖို့ ကြိုးပမ်းနေချိန်မှာ အခုလို တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဒေသအာဏာပိုင်အစိုးရက ကြေညာချက် ထုတ်ပြန် ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ရသလို တခြား ၁၄ ယောက်ဟာ ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့ရတာပါ။ သံသယရှိသူနှစ်ယောက်ကို ဖမ်းဆီးထားတယ်လို့လည်း ဆိုပါတယ်။ ရှင်ဂျန်းဒေသဟာ အဓိကရုဏ်းဖြစ်မှုတွေ မကြာခဏဖြစ်ပွားခဲ့ပြီး တရုတ်အစိုးရကတော့ အဲဒီဖြစ်ရပ်တွေကို ဝီဂါမွတ်ဆလင်ခွဲထွက်ရေး သမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲလေ့ရှိပါတယ်။
XS
SM
MD
LG