သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝီဂါလူမျိုး တရာကျော် တရုတ်ဆီ ထိုင်းပြန်ပို့


ការសម្ដែងរបាំអប្សរា ក្នុងកម្មវិធីចូលឆ្នាំខ្មែរ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)
ការសម្ដែងរបាំអប្សរា ក្នុងកម្មវិធីចូលឆ្នាំខ្មែរ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។ (ភី សុភាដា/VOA)

ထိုင်းနိုင်ငံမှာ လာရောက်ခိုလှုံနေတဲ့ ဝီဂါ တိုင်းရင်းသား တွေကို တရုတ်နိုင်ငံ ပြန်ပို့ရင် ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ လူ့အခွင့်ရေးအဖွဲ့ တွေက သတိပေးထားတဲ့ ကြားကပဲ ထိုင်းအစိုးရက ဝီဂါ တိုင်းရင်းသား တရာလောက်ကို တရုတ်နိုင်ငံပြန်ပို့လိုက်ပါပြီ။

တရုတ်နိုင်ငံ Xinjiang ဒေသမှာ တရားဝင်ခွဲခြားဆက်ဆံမှုတွေ ခံနေရတယ်လို့ အချိန်အတော်ကြာကတည်းကပဲ တူရကီ ဘာသာစကားပြော ဝီဂါ လူနည်းစုအဖွဲ့က ဝေဖန်ခဲ့ကြသလို တသုတ်ပြီးတသုတ် ပြည်ပကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ အများအပြား ဟာ ထိုင်းအပါအဝင် အရှေ့တောင် အာရှ နိုင်ငံတွေကို ဖြတ်ပြီးထွက်ပြေးကြရာမှာ တချို့ဟာ တရားမဝင်ရွှေ့ပြောင်းလာသူတွေအဖြစ် ထိုင်းနိုင်ငံမှာ အဖမ်းခံခဲ့ကြရတာပါ။

ထိုင်းအစိုးရ ပြောခွင့်ရ ဗိုလ်ချုပ် ဗီရာချွန် စူခွန်သာ ပါတီပတ် (Verachon Sukhonthapatipak ) က ဒီဝီဂါ တွေကို မေးမြန်းဖို့ ဖမ်းဆီးထားတာ တနှစ်ကျော်ပြီဖြစ်ပြီး သူတို့ဟာ တရုတ်နိုင်ငံ သားတွေ ဖြစ်ကြောင်း သေချာ တဲ့နောက်မှာ အခုလို တရုတ်ကို ပြန်ပို့တာလို့ လို့ ဒီကနေ့ ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒီအထဲက ၁၇၀ က တူကကီနိုင်ငံ သားတွေ ဖြစ်ကြောင်းတွေ့ရတာမို့ တူရကီကို ပြန်ပို့တယ်လို့ လည်း ပြောပါတယ်။

ဒီရွေ့ပြောင်းသူတွေကို ထိခိုက်နာကျင်အောင် မလုပ်ဖူးလို့ တရုတ်အစိုးရဆီက အာမခံချက်ရခဲ့တယ်လို့လည်း ထိုင်းအစိုးရ ပြောခွင့်ရသူက ပြောပါတယ်။ ဒါပေမယ့် လူ့အခွင့်ရေးအဖွဲ့ အများအပြားကတော့ ကျေနပ်မှု မရှိပါဘူး။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ကလည်း တူရကီနွယ်ဖွါး တရာလောက်ကို ဒီကနေ့ ထိုင်းအစိုးရက ပြန်ပို့တာအတွက် စိုးရိမ်ကြောင်း ပြောပါတယ်။ တရုတ်အစိုးရကတော့ ဝီဂါတွေကို တရုတ်နိုင်ငံကို ပြန်ပို့ဖို့ ထိုင်းအစိုးရကို ပြင်းထန်တဲ့ ဖိအားတွေ ပေးနေခဲ့တာ ဖြစ်ပြီး တချို့ကို တူရကီကို ပို့ခဲ့တာအတွက် မကျေနပ်ကြောင်း ဒီသီတင်းပါတ်ထဲမှာပဲ ပြောပါတယ်။

XS
SM
MD
LG