သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပဋိပက ္ခနိုင်ငံတကာ ကူညီဖြေရှင်းဖို့ ဗြိတိန်နဲ့ ကနေဒါ တိုက်တွန်း


پرزیدنت ترامپ عصر پنجشنبه روز شکرگزاری را در زمین گلف خود در شهر استرلینگ گذراند.
پرزیدنت ترامپ عصر پنجشنبه روز شکرگزاری را در زمین گلف خود در شهر استرلینگ گذراند.

ရိုဟင်ဂျာပြဿနာဖြေရှင်းရေးကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပိုပြီးထောက်ပံ့ ပူးပေါင်းဆောင်ရွက်ဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson နဲ့ Canada နိုင်ငံခြားရေး ဝန်ကြီး Chrystia Freeland တို့က တိုက်တွန်းလိုက်ကြပါတယ်။ ဗြိတိန်နိုင်ငံလန်ဒန်မြို့မှာ ကျင်းပတဲ့ ဒနဿဟာရနိုင်ငံ့ခေါင်းဆောင်များ စည်းဝေးပွဲမှာ ရိုဟင်ဂျာပြဿနာကို ဗြိတိန်နဲ့ Canada ကဦးဆောင်ပြီး အလွတ် သဘောဆွေးနွေး ခဲ့ကြတာမှာ Australia, New Zealand နဲ့ Bangladesh နိုင်ငံခြားရေးဝန်ကြီးတွေလည်း ပါဝင်ခဲ့ကြပါတယ်။

Bangladesh နိုင်ငံမှာလိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီတွေကို ဒနဿဟာရနိုင်ငံတွေက ညီညီညွတ်ညွတ်တုံ့ပြန်ဖို့ အရေးကြီးတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ကပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အလေးအနက်ထားတယ်ဆိုတာ မြန်မာအာဏာပိုင်တွေဘက်က ပြသဖို့လိုအပ်ကြောင်းနဲ့ ရက်စက်တဲ့ ကျူးလွန်မှုတွေဖြစ်ခဲ့တယ်ဆိုတဲ့အပေါ် သီးခြားလွတ်လပ်ပြီး အများလက်ခံနိုင်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်ဖို့ အရေးကြီးတယ်လို့လည်း ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဝန်ကြီး Boris Johnson ကပြောကြားထားပါတယ်။

Canada နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံနဲ့ Bangladesh နိုင်ငံထဲမှာရှိနေတဲ့ ရိုဟင်ဂျာတွေအတွက် အရေးပေါ် အကူအညီတွေလိုအပ်နေတယ်ဆိုတာကို ဒနဿဟာရနိုင်ငံက မိတ်ဆွေတွေနဲ့အတူ နိုင်ငံတကာအသိုင်းအဝိုင်းကို ထပ်ပြီးအသိပေးလို့ကြောင်း ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်မှုကျူးလွန်ခဲ့သူတွေကို အရေးယူနိုင်ဖို့ အတူကြိုးစားဖို့လိုကြောင်းနဲ့ မြန်မာနိုင်ငံမှာ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် မတူကွဲပြားမှုတွေကို လက်ခံနိုင်အောင်။ အားလုံးပါဝင်နိုင်အောင်။ တရားမျှတမှုနဲ့ သာတူညီမျှ တွေကို မြှင့်တင်ရေးကို တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း Canada နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ကလည်းတိုက်တွန်းပါတယ်။

လန်ဒန်မြို့မှာ ရောက်နေတဲ့ ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် Sheikh Hasina ကလည်း ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လက်ခံအောင် နိုင်ငံတကာအနေနဲ့ ပိုပြီးဖိအားပေးဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG