သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကေအစိုးရသစ် စတင်ဖွဲ့


နောက်ထပ်သက်တမ်း ၅ နှစ် ဆက်လက်တာဝန်ထမ်းဆောင်ဖို့ အစိုးရသစ်စတင်ဖွဲ့စည်းနေတဲ့ လက်ရှိ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်
နောက်ထပ်သက်တမ်း ၅ နှစ် ဆက်လက်တာဝန်ထမ်းဆောင်ဖို့ အစိုးရသစ်စတင်ဖွဲ့စည်းနေတဲ့ လက်ရှိ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်

ယူကေရွေးကောက်ပွဲမှာ Conservative ပါတီအနိုင်ရခဲ့ပြီးနောက် ဝန်ကြီးချုပ် David Cameron က Conservative ပါတီဝင်တွေနဲ့ အစိုးရကို စတင် ဖွဲ့စည်းနေပါတယ်။

အခုအချိန်အထိ အတည်ပြုခန့်အပ်ခဲ့သူတွေစာရင်းအရ လက်ရှိဘဏ္ဍာရေးဝန်ကြီး George Osborne က ဘဏ္ဍာရေးဝန်ကြီး တာဝန်ကိုပဲ ဆက်လက်

ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီးအဖြစ် သတ်မှတ်ခံရသူ လက်ရှိ ဘဏ္ဍာရေးဝန်ကြီး မစ္စတာ George Osborne
ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီးအဖြစ် သတ်မှတ်ခံရသူ လက်ရှိ ဘဏ္ဍာရေးဝန်ကြီး မစ္စတာ George Osborne

တာဝန်ယူမှာဖြစ်သလို ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီးအဖြစ်လည်း သတ်မှတ်ခံရပါ တယ်။

အစိုးရအဖွဲ့ထဲက တခြားထိပ်တန်း ၄ နေရာတွေဖြစ်တဲ့ ပြည်ထဲရေး၊ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးနေရာတွေမှာလည်း လက်ရှိတာဝန်ထမ်းနေကြတဲ့ Theresa May ၊ Philip Hammond နဲ့ Michael Fallon တို့ကိုပဲ အသီးသီး ဆက်လက် ခန့်ထားလိုက်ပါတယ်။ နောက်ထပ် ဝန်ကြီးတွေ ဆက်လက် ခန့်သွားမယ်လို့လည်း ဝန်ကြီးချုပ်ရုံး Website မှာ ဖော်ပြထားပါတယ်။

ရာထူးကနေ နုတ်ထွက်သွားသူတွေစာရင်းထဲမှာတော့ အရင် ညွန့်ပေါင်းအစိုးရမှာ ဒုတိယဝန်ကြီးချုပ် တာဝန်ယူခဲ့သူ Liberal Democratic
ပါတီခေါင်းဆောင်ဟောင်း Nick Clegg၊ တခါ အတွင်းဝန်ချုပ်တာဝန်ကိုယူခဲ့သူ နိုင်ငံခြားရေး ဝန်ကြီးဟောင်း William Hague တို့ကို တေ့ွရပါတယ်။

ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် David Cameron ရဲ့ Conservative ပါတီက လွှတ်တော်မှာ မမျှော်လင့်ဘဲ အမတ်နေရာ အများစုနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အမတ်နေရာ ၆၅၀ မှာ Conservative ပါတီက အမတ်နေရာ ၃၃၁ နေရာ အနိုင်ရရှိခဲ့တာပါ၊ အဓိက အတိုက်အခံ ပါတီကြီးဖြစ်တဲ့ လေဘာပါတီကတော့ အရင်ရှိထားတဲ့ အမတ်နေရာထဲကနေ ၂၆ နေရာ ရှုံးနိမ့်သွားပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရရှိသွားတဲ့အတွက် အခွန်လျှော့ချရေး၊ EU ဥရောပသမဂ္ဂထဲကနေ UK ထွက်မထွက် ဆန္ဒခံယူပွဲကျင်းပရေး စတဲ့ ရွေးကောက်ပွဲ
ကတိတွေအတိုင်း အကောင်အထည်ဖော်သွားမယ်လို့ Conservative ပါတီက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG