သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် ကာကွယ်ရေး အသုံးစရိတ် လျှော့


ဗြိတိန် ကာကွယ်ရေး အသုံးစရိတ် လျှော့

ဗြိတိန်နိုင်ငံမှာ အလုပ်အကိုင် ထောင်ပေါင်းများစွာ လျှော့ချပြီး လက်နက်အစီအစဉ်တွေ ဖျက်သိမ်းလိုက်ခြင်းအားဖြင့် ဗြိတိသျှ အစိုးရက သူ့ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ဖြတ်တောက်လိုက်ပါတယ်။

နောက်ဆုံးပေါ် ခြိမ်းခြောက်မှု အန္တရာယ်တွေ ဖြစ်တဲ့ အင်တာနက် တိုက်ခိုက်မှု၊ အကြမ်းဖက်မှုနဲ့ မြောက်ပိုင်း အိုင်ယာလန်က ပုန်ကန် တော်လှန်မှုတွေကို ရင်ဆိုင်ဖို့ ဗြိတိသျှ စစ်တပ်ကို ပြန်လည် ပြုပြင် ပြောင်းလဲမှုတွေ မဖြစ်မနေ လုပ်ဖို့လိုတယ်လို့ ၀န်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) က အင်္ဂါနေ့က ပြောလိုက်ပါတယ်။

စစ်အသုံးစရိတ် လျှော့ချရေး ကိစ္စမှာ နောက်ထပ် ၈% အထိ အသုံးစရိတ်ကို ဖြတ်တောက်ဖို့ ဗြိတိန်နိုင်ငံမှာ အဆိုပြုထားတာတွေ ရှိနေပါတယ်။

အဲဒီအထဲမှာ ဗြိတိသျှ အစိုးရရဲ့ လေကြောင်း ပို့ဆောင်ရေးနဲ့ ဟယ်ရီယာ တိုက်ခိုက်ရေး ဂျက်လေယာဉ် အုပ်စုတွေကို အသုံးစရိတ် စိစစ်ဖို့ပါ ပါဝင်နေပါတယ်။

စစ်သားပေါင်း ၁၂,၀၀၀ လောက်ရှိတဲ့ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်တွေကိုလည်း လျှော့ချဖို့ စီစဉ်နေပါတယ်။

သူ့အနေနဲ့ စစ်တပ်ကို အနာဂတ် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့၊ ပိုပြီး လက်နက်ကောင်းတဲ့ ရွှေ့လွယ် ပြောင်းလွယ်ရှိပြီး ပြုပြင် ပြောင်းလဲလွယ်တဲ့ တပ်မတော်ဖြစ်အောင် ထူထောင်မယ်လို့ မစ္စတာ ကမ်မရွန်းက ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG