သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီး မြန်မာနိုင်ငံရောက်


ဗြိတိန်ဝန်ကြီး မြန်မာနိုင်ငံရောက်
ဗြိတိန်ဝန်ကြီး မြန်မာနိုင်ငံရောက်

ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Andrew Mitchell ဟာ မြန်မာနိုင်ငံမှာ ရောက်နေပါ တယ်။ သုံးရက်ကြာခရီးစဉ်ကို ဒီကနေ့ စတင်တာမှာ ရန်ကုန်မြို့ကနေ နေပြည်တော်ကို ခရီးဆက်သွားဖို့ ရှိပါတယ်။ ရန်ကုန်မြို့၊ ဗြိတိန်သံရုံးက ဗွီအိုအေကို သူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး အတည်ပြုပြောဆိုပေမဲ့ တခြား အသေးစိတ် အချက်အလက်တွေကိုတော့ မပြောပါဘူး။

ဝန်ကြီး Mitchell ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုဝင်ဘာလ ၁၇ ရက်၊ ကြာသပတေးနေ့မှာ တွေ့ဆုံမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထောက်တဦးဖြစ်တဲ့ ဦးခွန်သာမြင့်က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

ဝန်ကြီး Andrew Mitchell ဟာ လွန်ခဲ့တဲ့လေးနှစ်ခွဲတုန်းကလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပါတယ်။

ဗြိတိန်နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာနဟာ နိုင်ငံခြားတိုင်းပြည်တွေကို ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကူအညီ အထောက်အပံ့တွေပေးနေတဲ့ အဓိကဌာနတခုဖြစ်ပါတယ်။

XS
SM
MD
LG