သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နဲ့ EU အနာဂတ်သဘောတူညီမှုရဖို့ နီးစပ်လာ


EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံထွက်သွားပြီးနောက်ပိုင်း အနာဂါတ်ဆက်ဆံရေးနဲ့ပါတ်သက်တဲ့ ကြေညာစာတမ်းမူကြမ်းကို EU နဲ့ ဗြိတိန်အစိုးရကြား သဘောတူနိုင်ခဲ့ပြီးနောက် ကောင်းမွန်တဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ ဗြိတိန်ဝန်ကြီးချုပ် Theresa May ကပြောကြားလိုက်ပါတယ်။

EU ထဲက ဗြိတိန်ထွက်သွားပြီးရင် ၂ ဖက်ကြား ကုန်သွယ်ရေး၊ လုံခြုံရေးအပါအဝင် ကိစ္စတွေမှာ ဘယ်လိုသတ်မှတ်ကျင့်သုံးမလဲဆိုတဲ့ စာမျက်နှာ ၂၆ မျက်နှာပါတဲ့ ကြေညာစာတမ်းကို ဥရောပကောင်စီက မူအားဖြင့်သဘောတူလိုက်တာဖြစ်ပါတယ်။ EU ရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဆုံးအဖြတ်တွေကို ဥရောပကောင်စီက ချမှတ်ပေးရတာဖြစ်ပြီး ဗြိတိန်နှုတ်ထွက်ရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို ကြီးကြပ်နေတာပါ။

EU နိုင်ငံခေါင်းဆောင်တွေဖက်က အတည်ပြုနိုင်ဖို့ ကြေညာစာတမ်းမူကြမ်းကို နိုင်ငံရေးအဆင့် မူအားဖြင့်သဘောတူလိုက်ပြီဖြစ်လို့ ခေါင်းဆောင်တွေ အတည်ပြုဖို့ပဲကျန်တယ်လို့ ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk ကTwitter လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ EU ထဲကနှုတ်ထွက်ပြီးနောက် လိုက်နာရမယ့်အချက်တွေပါတဲ့ သဘောတူမှု မူကြမ်းကတော့ ၂ ဖက်ကြား သဘောတူထားပြီးဖြစ်ပါတယ်။ ဒီအချက်တွေအပေါ် ဗြိတိန်နိုင်ငံထဲမှာ အကြီးအကျယ် ဆန့်ကျင်ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ဗြိတိန်ပြည်သူတွေအတွက် ကောင်းမွန်တဲ့အနာဂါအတွက်ကောင်းမွန်တဲ့ သဘောတူမှုရဖို့ လက်တကမ်းပဲလိုတော့တယ်လို့ ဝန်ကြီးချုပ် May က ဒီကနေ့ ပြောကြားခဲ့ပါတယ်။ 2019 မတ်လ ၂၉ ရက်နေ့မှာ ဗြိတိန်တရားဝင်နှုတ်ထွက်သွားပြီးရင် ၂ ဖက်လိုက်နာမယ့် သတ်မှတ်ချက်တွေပါတဲ့ သဘောတူညီချက်မူကြမ်းကိုရော ဒီကနေ့ရခဲ့တဲ့ ကြေညာချက်စာတမ်းမူကြမ်းကိုပါ တနင်္ဂနွေနေ့ကျရင် EU ခေါင်းဆောင်တွေ Belgium နိုင်ငံ Brussels မြို့တော်မှာတွေ့ဆုံပြီး အတည်ပြုကြမယ်လို့ မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG