သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေး ရုရှားသမ္မတ ခြိမ်းခြောက်မှု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ပယ်ချ

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy

ရုရှားနိုင်ငံအတွင်းပိုင်းအထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်လက်နက်တွေ ယူကရိန်းကို အသုံးပြုခွင့် ပေးမယ်ဆိုရင် မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့နဲ့ပါ စစ်ဖြစ်လိမ့်မယ်လို့ ရုရှားသမ္မတ Vladimir Putin ရဲ့ ခြိမ်းခြောက်မှုကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy က ပယ်ချလိုက်ပါတယ်။

အနောက်နိုင်ငံတွေက အကူအညီအဖြစ် ပေးနေတဲ့ လက်နက်တွေကို အသုံးပြုရာမှာ ကန့်သတ်ချက်တွေကို လျှော့ပေးသင့်မသင့် အမေရိကန်သမ္မတ Joe Biden နဲ့ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer တို့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးရာက ရုရှားနဲ့ အနောက်နိုင်ငံကြား ဒီသီတင်းပတ်ထဲ တင်းမာမှုတွေလည်း အရှိန်မြင့်လာနေတာပါ။

တင့်ကားတွေ ပေးမယ်ဆိုတုန်းကလည်း ရုရှားသမ္မတ ခြိမ်းခြောက်ခဲ့ဖူးသလို၊ မစ်ဇိုင်းဒုံးတွေ ပေးတုန်းကလည်း ခြိမ်းခြောက်ခဲ့ဘူးသလို၊ နျူကလီးယားလက်နက်နဲ့လည်း ခြိမ်းခြောက်ခဲ့ဘူးတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ဗြိတိသျှသတင်းဌာနကို ပြောခဲ့ပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ ဗြိတိန်နိုင်ငံလုပ် Storm Shadow နဲ့ အမေရိကန်လုပ် ATACMS မစ်ဇိုင်းဒုံးတွေကို ရုရှားနိုင်ငံ အတွင်းပိုင်းထဲက ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အသုံးပြုခွင့်ပေးဖို့ လနဲ့ချီ ခွင့်ပြုချက်တောင်းခံထားတာပါ။ ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်နဲ့ ဗြိတိန်ခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုမှာတော့ ဆုံးဖြတ်ချက်ကို ဆိုင်းထားခဲ့ကြပါတယ်။

This item is part of

Forum

XS
SM
MD
LG