သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံဆိုင္ရာ ခရီးသြားသတိေပးခ်က္ ၿဗိတိန္ႏိုင္ငံျခားေရးဌာန ထုတ္ျပန္


ယူေကႏိုင္ငံျခားေရးဝန္ႀကီးဌာနကထုတ္ျပန္ထားတဲ့ ျမန္မာႏိုင္ငံေဒသအလိုက္ ခရီးသြားသတိေပးခ်က္ ေျမပံု (ဇန္နဝါရီ ၁၇၊ ၂၀၂၃)

ျမန္မာႏိုင္ငံအတြင္းက လက္နက္ကိုင္ပဋိပကၡနဲ႔ မတည္ၿငိမ္မႈေတြေၾကာင့္ ၿဗိတိန္ႏိုင္ငံသားေတြ ခရီးသြားမယ္ဆိုရင္ အထူးသတိထားဖို႔ အရင္က ထုတ္ျပန္ၿပီးသား သတိေပးခ်က္ကို ယူေကႏိုင္ငံျခားေရး၊ ဓနသဟာရနဲ႔ ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာနက မေန႔က ေနာက္ဆုံးအေျခအေန ထပ္မံေၾကညာပါတယ္။ မြန္၊ ကခ်င္၊ ခ်င္း၊ ကယား၊ ကရင္၊ စစ္ကိုင္းနဲ႔ မေကြးေဒသေတြအျပင္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းကို ျဖစ္ႏိုင္ရင္ ခရီးမသြားၾကဖို႔ သတိေပးထားပါတယ္။ ရွမ္းျပည္နယ္၊ မႏၲေလးတိုင္းနဲ႔ ရခိုင္ျပည္နည္အလယ္ပိုင္းေတြကိုေတာ့ မျဖစ္မေန သြားဖို႔မလိုအပ္ရင္ သတိထားေရွာင္ရွားဖို႔ ေနာက္ဆုံးထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။ ျမန္မာႏိုင္ငံရဲ႕ လုံၿခဳံေရးအေျခအေနဟာ ႀကိဳတင္တြက္ဆလို႔မရဘဲ၊ ႐ုတ္တရက္ေျပာင္းလဲႏိုင္တဲ့အေၾကာင္းနဲ႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ပစ္ခတ္မႈနဲ႔ ေဖါက္ခြဲတိုက္ခိုက္မႈေတြ အပါအဝင္ အၾကမ္းဖက္တိုက္ခိုက္မႈေတြ ေနရာအႏွံ႔ေပၚေပါက္ခဲ့တဲ့အေၾကာင္း ယူေကႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတိေပးထားပါတယ္။
အလားတူ ျမန္မာႏိုင္ငံကို မသြားဖို႔ သတိေပးခ်က္ကို အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကလည္း အေမရိကန္ႏိုင္ငံသားေတြအတြက္ အဆင့္ ၄ သတိေပးခ်က္ သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။ ျမန္မာႏိုင္ငံအတြင္း တိုက္ခိုက္မႈေတြဟာ ႏိုင္ငံျခားသားေတြကို ပစ္မွတ္ထား တိုက္ခိုက္တာမ်ိဳး မဟုတ္ေပမဲ့လည္း အသြားမေတာ္တလွမ္းဆိုသလို ေရာေႏွာထိခိုက္ႏိုင္တာေၾကာင့္ တားျမစ္တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

မြန်မာနိုင်ငံဆိုင်ရာ ခရီးသွားသတိပေးချက် ဗြိတိန်နိုင်ငံခြားရေးဌာန ထုတ်ပြန်

မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေကြောင့် ဗြိတိန်နိုင်ငံသားတွေ ခရီးသွားမယ်ဆိုရင် အထူးသတိထားဖို့ အရင်က ထုတ်ပြန်ပြီးသား သတိပေးချက်ကို ယူကေနိုင်ငံခြားရေး၊ ဓနသဟာရနဲ့ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက မနေ့က နောက်ဆုံးအခြေအနေ ထပ်မံကြေညာပါတယ်။ မွန်၊ ကချင်၊ ချင်း၊ ကယား၊ ကရင်၊ စစ်ကိုင်းနဲ့ မကွေးဒေသတွေအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဖြစ်နိုင်ရင် ခရီးမသွားကြဖို့ သတိပေးထားပါတယ်။ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နည်အလယ်ပိုင်းတွေကိုတော့ မဖြစ်မနေ သွားဖို့မလိုအပ်ရင် သတိထားရှောင်ရှားဖို့ နောက်ဆုံးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေဟာ ကြိုတင်တွက်ဆလို့မရဘဲ၊ ရုတ်တရက်ပြောင်းလဲနိုင်တဲ့အကြောင်းနဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပစ်ခတ်မှုနဲ့ ဖေါက်ခွဲတိုက်ခိုက်မှုတွေ အပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုတွေ နေရာအနှံ့ပေါ်ပေါက်ခဲ့တဲ့အကြောင်း ယူကေနိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
အလားတူ မြန်မာနိုင်ငံကို မသွားဖို့ သတိပေးချက်ကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အမေရိကန်နိုင်ငံသားတွေအတွက် အဆင့် ၄ သတိပေးချက် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံအတွင်း တိုက်ခိုက်မှုတွေဟာ နိုင်ငံခြားသားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မဟုတ်ပေမဲ့လည်း အသွားမတော်တလှမ်းဆိုသလို ရောနှောထိခိုက်နိုင်တာကြောင့် တားမြစ်တာဖြစ်ပါတယ်။

XS
SM
MD
LG