သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟတ္တမ ဂန္ဒီရုပ်တု လန်ဒန်မှာဖွင့်လှစ်


လန်ဒန်မြို့၊ ပါလီမန်ရင်ပြင်တွင် ဖွင့်လှစ်လိုက်သည့် မဟတ္တမ ဂန္ဒီ ရုပ်တု။ မတ် ၁၄၊ ၂၀၁၅။
လန်ဒန်မြို့၊ ပါလီမန်ရင်ပြင်တွင် ဖွင့်လှစ်လိုက်သည့် မဟတ္တမ ဂန္ဒီ ရုပ်တု။ မတ် ၁၄၊ ၂၀၁၅။

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်က ဝက်စ်မင်စတာနန်းတော် မျက်နှာချင်းဆိုင်မှာ ထားရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမ ဂန္ဒီရဲ့ ရုပ်တုကို စနေနေ့က အခမ်းအနားနဲ့ ဖွင့်လှစ်လိုက်ပါတယ်။

ပါလီမန်ရင်ပြင်မှာကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနားကို ဂန္ဒီကြီးရဲ့မြေးဖြစ်သူ Shri Gopalkrishna Gandhi အပါအဝင် ရာပေါင်းများစွာ သော အထူးဧည့်သည်တော်တွေ တက်ရောက်ကြပါတယ်။

ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေးရဖို့ တဘဝလုံးပေးပြီး လုပ်ဆောင်ခဲ့တဲ့ သူ့အဖိုးဖြစ်သူရဲ့ရုပ်တုကို ဗြိတိန်နိုင်ငံမှာ အခုလိုထားရှိလိုက်တာဟာ မယုံနိုင်စရာပါပဲလို့ မြေး ဂန္ဒီကပြောပါတယ်။

ဂန္ဒီကြီးရဲ့ ကြေးရုပ်တုကို ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းနဲ့ အိန္ဒိယဘဏ္ဍာရေးဝန်ကြီး Arun Jaitley တို့က ဖွင့်လှစ်ပေးပါ တယ်။ ဘောလီးဝုဒ် ရုပ်ရှင်အကျော်အမော် အမီတာဘ် ဘာချမ်းလည်း အခမ်းအနားကို တက်ရောက်ပါတယ်။

လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ဖို့ တောင်အာဖရိကကနေ အိန္ဒိယနိုင်ငံဆီ ဂန္ဒီကြီးပြန်သွားတဲ့ နှစ် ၁၀၀ ပြည့် နှစ်ပတ်လည်မှာ ရုပ်တုဖွင့်ပွဲ အခမ်းအနားကိုကျင်းပတာပါ။ ဂန္ဒီကြီးဟာ ၁၉၄၈ ခုနှစ်မှာ လုပ်ကြံခံရပြီး ကွယ်လွန်သွားတာဖြစ်ပါတယ်။

XS
SM
MD
LG