သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တတိယမြောက် Charles ဘုရင် မွေးနေ့အခမ်းအနား ကျင်းပ


၂၀၂၄ ဇွန်လ ၁၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တတိယမြောက် Charles ဘုရင် မွေးနေ့အခမ်းအနားမှာ ဗြိတိန်တော်ဝင်မိသားစုနှင့်အတူ ဗိုလ်ရှုခံအခမ်းအနားကနေ တော်ဝင်တပ်ဖွဲ့နှင့် လာရောက်ဆုတောင်းပေးကြတဲ့ ပြည်သူများအား နှုတ်ဆက် (Photo by HENRY NICHOLLS / AFP)
၂၀၂၄ ဇွန်လ ၁၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တတိယမြောက် Charles ဘုရင် မွေးနေ့အခမ်းအနားမှာ ဗြိတိန်တော်ဝင်မိသားစုနှင့်အတူ ဗိုလ်ရှုခံအခမ်းအနားကနေ တော်ဝင်တပ်ဖွဲ့နှင့် လာရောက်ဆုတောင်းပေးကြတဲ့ ပြည်သူများအား နှုတ်ဆက် (Photo by HENRY NICHOLLS / AFP)

ဗြိတိန်နိုင်ငံ တတိယမြောက် Charles ဘုရင်ရဲ့ မွေးနေ့ပွဲအထိမ်းအမှတ် ဗိုလ်ရှုခံအခမ်းအနားကို ဒီနေ့ကျင်းပတာမှာ ပြည်သူအများအပြား လာရောက်ဆုတောင်းပေးခဲ့ကြပါတယ်။ Charles ဘုရင်မွေးနေ့က နိုဝင်ဘာ ၁၄ ရက် ဖြစ်ပေမဲ့ ဗြိတိန်တော်ဝင် အစဉ်အလာအတိုင်း ဇွန်လမှာ ခုလိုတရားဝင် မွေးနေ့အခမ်းအနားကို ကျင်းပတာဖြစ်ပါတယ်။

လန်ဒန်မြို့လယ်က Horse Guards Parade စစ်ရေးပြ ရင်ပြင်မှာကျင်းပတဲ့ Charles ဘုရင်ကြီးရဲ့ ၇၆ နှစ်ပြည့် မွေးနေ့ ဗိုလ်ရှုခံအခမ်းအနားမှာ အိမ်ရှေ့စံ ဝေလမင်းသား William အပါအဝင် အကြီးတန်းတော်ဝင်မိသားစုဝင်တွေကလည်း သက်ဆိုင်ရာတပ်ဖွဲ့ဝင် ဝတ်စုံတွေ ဝတ်ဆင်ပြီး ပါဝင်ခဲ့ကြပါတယ်။ အင်္ဂလန်၊ စကော့တလန်၊ ဝေလနယ်နဲ့ မြောက်ပိုင်း အိုင်ယာလန်အပြင် ဓနသဟာယနိုင်ငံတွေရဲ့ ဥသျှောင်ဖြစ်တဲ့ Charles ဘုရင်ကို တော်ဝင်တပ်ဖွဲ့တွေက အလေးပြုခဲ့ကြပါတယ်။

ကင်ဆာရောဂါကုသမှု ခံယူနေတဲ့ အိမ်ရှေ့မင်းသားရဲ့ ကြင်ယာတော် ဝေလမင်းသမီး Catherine ကိုလည်း ရွှင်ရွှင်လန်းလန်းနဲ့ တွေ့ခဲ့ရပါတယ်။ ကင်ဆာရောဂါဖြစ်နေပြီလို့ ကြေညာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မင်းသမီး Catherine ကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဗိုလ်ရှုခံအခမ်းအနားအပြီး တော်ဝင်လေတပ် လေယာဉ်တွေ Buckingham နန်းတော်ပေါ်ကနေ ဖြတ်ပျံသန်း ဂုဏ်ပြုတာကို လသာဆောင်ကနေ Charles ဘုရင်ကြီးနဲ့အတူ တော်ဝင်မိသားစုဝင်တွေ ထွက်ရောက်ကြည့်ရှုခဲ့ပြီး လာရောက်နှုတ်ဆက်ဆုတောင်းပေးကြတဲ့ ပြည်သူတွေကိုလည်း နှုတ်ခဲ့ကြပါတယ်။

Forum

XS
SM
MD
LG