သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ထရပ္စ္ စီးပြားေရးကိုင္တြယ္ပုံ ဘိုင္ဒန္ေဝဖန္


British Prime Minister Liz Truss and U.S. President Joe Biden hold a bilateral meeting during the 77th U.N. General Assembly at U.N. headquarters in New York, Sept. 21, 2022.

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Liz Truss ရဲ႕ မူလစီးပြါးေရး စီမံကိန္းက လြဲမွားေနတယ္လို႔ထင္ေၾကာင္း အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒင္က ေျပာလိုက္ပါတယ္။ ထရပ္စ္ရဲ႕အစီအစဥ္ေၾကာင့္ ၿဗိတိသွ် ေငြေၾကးေပါင္စတာလင္ရဲ႕ တန္ဖိုးက ထိုးက်သြားခဲ့တာပါ။ အေမရိကန္ အေနာက္ဘက္ကမ္းေျခ ေအာ္ရီဂြန္ျပည္နယ္မွာ အုပ္ခ်ဳပ္ေရးမႉးေနရာအတြက္ Tina Kotek ရဲ႕ မဲဆြယ္စည္းပြဲအတြက္သြားရင္း သမၼတဘိုင္ဒင္က မေန႔ စေနေန႔ ေအာက္တိုဘာလ ၁၅ ရက္ေန႔က ေျပာသြားတာျဖစ္ၿပီး အခုလိုယူဆသူကလည္း သူတေယာက္တည္း မဟုတ္ဘူးလို႔ ဆိုပါတယ္။

ဒါေပမဲ့ အိမ္ျဖဴေတာ္ကေတာ့ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ႀကဳံေတြ႔ေနရတဲ့ ျပႆနာေတြအေပၚ ေဝဖန္ေျပာၾကားတာ မရွိပါဘူး။ အေမရိကန္ေဒၚလာအားေကာင္းလာတာနဲ႔ ပတ္သက္ၿပီး သမၼတဘိုင္ဒင္ကို ေမးတဲ့အခါမွာေတာ့ သူေဒၚလာရဲ႕ အားေကာင္းမေကာင္းနဲ႔ ပတ္သတ္လို႔ ပူပန္တာမဟုတ္ဘဲ၊ က်န္တဲ့ ကမာၻ႔ေဒသေတြအတြက္ ပူပန္တာပါလို႔ ေျပာသြားပါတယ္။

ၿဗိတိန္မွာ တခ်ဳိ ႔အခြန္ေတြတက္ဖို႔ရွိၿပီး၊ အစိုးရအသုံးစားရိတ္နဲ႔ ပတ္သက္ၿပီး တင္းက်ပ္တဲ့ ဆုံးျဖတ္ခ်က္ခ်ဖို႔ လိုအပ္ေနတယ္လို႔ ၿဗိတိန္ဘ႑ာေရး ဝန္ႀကီးအသစ္ Jeremy Hunt က စေနေန႔ အေစာပိုင္းတုန္းက ေျပာပါတယ္။ ယခင္ ဘ႑ာေရးဝန္ႀကီးကို ေသာၾကာေန႔တုန္းက ၿဗိတိန္ဝန္ႀကီးခ်ဳပ္က ဖယ္ရွားခဲ့တာ ျဖစ္ပါတယ္။

အီရန္ႏိုင္ငံမွာ လမ္းေတြေပၚထြက္ ဆႏၵျပေနၾကသူေတြရဲ႕ သတၱိကို အံ့ၾသမိေၾကာင္းလည္း အ‌ေမရိကန္ သမၼတဘိုင္ဒင္က ေျပာပါတယ္။

==== Unicode =====

ဗြိတိန်ဝန်ကြီးချုပ် Liz Truss ရဲ့ မူလစီးပွါးရေး စီမံကိန်းက လွဲမှားနေတယ်လို့ထင်ကြောင်း အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ပြောလိုက်ပါတယ်။ ထရပ်စ်ရဲ့အစီအစဉ်ကြောင့် ဗြိတိသျှ ငွေကြေးပေါင်စတာလင်ရဲ့ တန်ဖိုးက ထိုးကျသွားခဲ့တာပါ။ အမေရိကန် အနောက်ဘက်ကမ်းခြေ အော်ရီဂွန်ပြည်နယ်မှာ အုပ်ချုပ်ရေးမှူးနေရာအတွက် Tina Kotek ရဲ့ မဲဆွယ်စည်းပွဲအတွက်သွားရင်း သမ္မတဘိုင်ဒင်က မနေ့ စနေနေ့ အောက်တိုဘာလ ၁၅ ရက်နေ့က ပြောသွားတာဖြစ်ပြီး အခုလိုယူဆသူကလည်း သူတယောက်တည်း မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော်ကတော့ ဗြိတိန်ဝန်ကြီးချုပ် ကြုံတွေ့နေရတဲ့ ပြဿနာတွေအပေါ် ဝေဖန်ပြောကြားတာ မရှိပါဘူး။ အမေရိကန်ဒေါ်လာအားကောင်းလာတာနဲ့ ပတ်သက်ပြီး သမ္မတဘိုင်ဒင်ကို မေးတဲ့အခါမှာတော့ သူဒေါ်လာရဲ့ အားကောင်းမကောင်းနဲ့ ပတ်သတ်လို့ ပူပန်တာမဟုတ်ဘဲ၊ ကျန်တဲ့ ကမ္ဘာ့ဒေသတွေအတွက် ပူပန်တာပါလို့ ပြောသွားပါတယ်။

ဗြိတိန်မှာ တချို့အခွန်တွေတက်ဖို့ရှိပြီး၊ အစိုးရအသုံးစားရိတ်နဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ ဆုံးဖြတ်ချက်ချဖို့ လိုအပ်နေတယ်လို့ ဗြိတိန်ဘဏ္ဍာရေး ဝန်ကြီးအသစ် Jeremy Hunt က စနေနေ့ အစောပိုင်းတုန်းက ပြောပါတယ်။ ယခင် ဘဏ္ဍာရေးဝန်ကြီးကို သောကြာနေ့တုန်းက ဗြိတိန်ဝန်ကြီးချုပ်က ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

အီရန်နိုင်ငံမှာ လမ်းတွေပေါ်ထွက် ဆန္ဒပြနေကြသူတွေရဲ့ သတ္တိကို အံ့သြမိကြောင်းလည်း အ‌မေရိကန် သမ္မတဘိုင်ဒင်က ပြောပါတယ်။

XS
SM
MD
LG