သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး လစ်ဗျား အတိုက်အခံမြို့ ရောက်ရှိ


ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး လစ်ဗျား အတိုက်အခံမြို့ ရောက်ရှိ
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး လစ်ဗျား အတိုက်အခံမြို့ ရောက်ရှိ

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဟိဂ် (William Hague) ဟာ လစ်ဗျားက အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဘန်ဂါဇီ (Benghazi) မြို့ကို ရောက်နေပါတယ်။ လစ်ဗျားပြည်သူတွေကို ထောက်ခံ အားပေးနေတယ် ဆိုတာကို ပြသဖို့အတွက် ဒီကို ရောက်လာတာလို့ ဆိုပါတယ်။

ဘန်ဂါဇီမြို့မှာ လစ်ဗျား အတိုက်အခံတွေ ဖွဲ့စည်းထားတဲ့ အသွင်ကူးပြောင်းရေး ကောင်စီနဲ့လည်း သူ တွေ့ဆုံသွားဖို့ ရှိပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး လစ်ဗျားကို ရောက်လာတာဟာ နိုင်ငံခြား တိုင်းပြည်တွေထဲက အဆင့်မြင့် အရာရှိကြီးတွေထဲက တဦးအဖြစ် လစ်ဗျား အတိုက်အခံတွေနဲ့ လာတွေ့တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) တပ်ဖွဲ့တွေကို နေတိုးတပ်ဖွဲ့တွေက ဒီနေ့ ဗုံးကြဲတိုက်ခိုက်မှု စတင်ပြီး တိုးမြှင့် လုပ်ဆောင်ခဲ့ပါတယ်။ အနိမ့်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ အနေနဲ့ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်တာကို ပထမတကြိမ်အဖြစ် ဒီနေ့ စတင် လုပ်ဆောင်ခဲ့တာပါ။

ဗြိတိန်နဲ့ ပြင်သစ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ကြတာလို့ နေတိုးတပ်ဖွဲ့က ပြောပါတယ်။ ရေဒါစခန်းတခု၊ လက်နက်စစ်ဆေးရေး ဂိတ်တခု အပါအဝင် ပစ်မှတ် အခု ၂၀ လောက်ကို ဖျက်ဆီးခဲ့တယ်လို့ နေတိုးတပ်ဖွဲ့ အရာရှိတွေက ဆိုပါတယ်။

ဗြိတိန်နဲ့ ပြင်သစ် ခေါင်းဆောင်တွေက အခုလို တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ သုံးစွဲဖို့ အခုရက်ပိုင်း အတွင်းမှာပဲ ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုခဲ့တာဖြစ်ပြီး အဲဒီ ရဟတ်ယာဉ်တွေမှာ မစ်ဆိုင်းဒုံးကျည်တွေ တပ်ဆင်ထားပါတယ်။

တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အသုံးပြု တိုက်ခိုက်တာဟာ အောင်မြင်မှု ရှိတယ်လို့ လစ်ဗျားက နေတိုးတပ်ဖွဲ့ တပ်မှူးကြီးက ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကြောင့် အရပ်သူ အရပ်သားတွေ ထိခိုက် သေဆုံးမှုတွေလည်း နည်းပါးနိုင်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG