သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား အတိုက်အခံကို ဗြိတိန် အသိအမှတ်ပြု


လစ်ဗျား အတိုက်အခံကို ဗြိတိန် အသိအမှတ်ပြု

လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ရဲ့ အစိုးရထဲက သံတမန်တွေ အားလုံးကို ဗြိတိန်က တရားဝင် လုံးဝ လက်မခံတော့ဘဲ လစ်ဗျား အတိုက်အခံတွေ ဖွဲ့စည်းထားတဲ့ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီကိုပဲ လစ်ဗျားနိုင်ငံရဲ့ တရားဝင်မှုရှိတဲ့ အစိုးရအဖြစ် အသိအမှတ် ပြုလိုက်ပြီလို့ ဒီကနေ့ပဲ ပြောလိုက်ပါတယ်။

အတိုက်အခံတွေရဲ့ တရားဝင်မှုက လစ်ဗျားနိုင်ငံတ၀န်းမှာ ပိုပြီး တိုးမြင့်လာနေတယ်၊ အောင်မြင်မှုတွေလည်း ပိုရလာနေတယ်ဆိုတဲ့ အချက်တွေပေါ်မှာ အခြေခံပြီး အခုလို လုပ်ဆောင်ရတာလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိခ် (William Hague) က ပြောပါတယ်။

လစ်ဗျား အတိုက်အခံကောင်စီနဲ့ ဗြိတိန်က ဆက်ဆံသွားတော့မယ်လို့ ဆိုပါတယ်။ အတိုက်အခံတို့ရဲ့ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီဟာ ပိုပွင့်လင်းပြီး လစ်ဗျားနိုင်ငံရဲ့ ဒီမိုကရေစီရေးကို ပိုပြီး ရှေ့ရှု လုပ်ဆောင်နေတယ်လို့လည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒီလိုလုပ်ဆောင်မှုတွေက လစ်ဗျားပြည်သူတွေကို ရက်ရက်စက်စက် လုပ်နေတဲ့ မစ္စတာ ဂဒါဖီရဲ့ တရားဝင်မှုကို ကျဆင်းစေခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ပြင်သစ် အပါအ၀င် နိုင်ငံ ၃၀ ကျော်က အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီကို လစ်ဗျားနိုင်ငံရဲ့ ကြားဖြတ်အစိုးရအဖြစ် သတ်မှတ်ထားကြတာပါ။ နိုင်ငံစုံ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ရေးအရ ကြိုးပမ်းမှုတွေကလည်း ထောင်နဲ့ချီတဲ့ လစ်ဗျားပြည်သူတွေရဲ့ ဘ၀တွေကို ကယ်တင်နိုင်ခဲ့တယ်လို့လည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

XS
SM
MD
LG